နေထိုင်ခွင့်ကတ်ပြားကျပျောက်ခဲ့လျှင်

နေထိုင်ခွင့်ကတ်ပြား(ခေါ်)ဇိုင်းလျူးကတ်

ဂျပန်ကိုရောက်လာတဲ့သူငယ်ချင်းတို့ရေ၊ဂျပန်ကိုရောက်ရောက်ချင်းနေထိုင်ခွင့်ကတ်ပြား(ဇိုင်းလျူးကတ်)ရခဲ့ကျတယ်နော်။အဲ့ဒီနေထိုင်ခွင့်ကတ်ပြားကျပျောက်ဖူးတဲ့အတွေ့ကြုံရှိဖူးကြလား?တကယ်လိုများကျပျောက်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ။

စိတ်မပူပါနဲ့နော်၊ဇိုင်းလျူးကတ်ကျပျောက်ခဲ့ရင်ဘာဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်တို့ JLEFsupportကပြောပြပေးပါမယ်။

ဒီအချက်၃ချက်ကိုလုပ်ဆောင်ရုံပါပဲနော်

STEP1:အနီးဆုံးရဲစခန်းကိုသွားပြီးဇိုင်းလျူးကတ်ပျောက်ဆုံးကြောင်းလျှောက်လွှာတင်ပါ

ဇိုင်းလျူးကတ်ပျောက်ကြောင်းချက်ချင်းသတိပြုမိတာနဲ့၊အရင်ဆုံးပိုက်ဆံအိတ်၊လွယ်အိတ်၊အိမ်နဲ့သွားခဲ့တဲ့အနီးတဝိုက်ကိုအရင်ရှာကြည့်ပါ။ရှာကြည့်ပေမဲ့လည်းမတွေ့ရှိခဲ့ပါကအနီးဆုံးရဲ့စခန်းသို့သွားပြီး遺失届や盗難届 ပျောက်ဆုံးကြောင်းကိုလျှောက်ခဲ့ပါ။

STEP2:ပျောက်ဆုံးကြောင်းလျှောက်လွှာမှာဖြည့်ရမည့်အကြောင်းအရာများ

ရဲစခန်းမှာပျောက်ဆုံးကြောင်းစာရွက်ထပ်ရာမှာဖြည့်ရမည့်အချက်အလက်တွေကတော့

①住所 လိပ်စာ

②氏名 နာမည်

③電話番号 ဖုန်းနံပါတ်

④遺失日時 ပျောက်ဆုံးခဲ့တဲ့ရက်နဲ့အချိန်

⑤遺失場所 ပျောက်ဆုံးခဲ့တဲ့နေရာ

⑥お金なくした場合現金などを記入 ပျောက်ဆုံးတဲ့အထဲမှာပိုက်ဆံပါခဲ့ပါက စုစုပေါင်းပိုက်ဆံနှင့်အရွက်ရေကိုပါထည့်ရေးပါ။

⑦物品(※入れ物、外見から書いてください)ပျောက်ဆုံးသွားသည့်အိတ်ရဲ့ပုံစံ၊အသွင်ပြင်စသည်တို့ကိုချရေးပါ။

例えば:財布 紺色 革製
ဥပမာ ပိုက်ဆံအိတ်   နက်ပြာရောင်  သားရေ

※ဒီမှာအထူးသတိပြုရမှာက(ပိုက်ဆံအိတ်ထဲမှာဇိုင်းလျူးကတ်အပြင်) ခရတ်ဒစ်ကတ်ပါပျောက်ဆုံးခဲ့တယ်ဆိုရင်ချက်ချင်းခရတ်ဒစ်ကတ်ကုမ္ပဏီကိုအကြောင်းကြားပြီးကဒ်အသုံးပြုခွင့်ကိုပိတ်ပါ။

ပျောက်တဲ့အထဲမှာဘဏ်ကတ်ပါနေတယ်ဆိုရင် ဘဏ်ကိုအကြောင်းကြားပြီးအသုံးပြုခွင့်ပိတ်ပါ။မိမိကတ်ကိုတခြားသူကလိမ်လည်ပြီးအသုံးပြုတာမျိုးဖြစ်တတ်လို့ပါ။ 

ရဲစခန်းမှာပျောက်ဆုံးကြောင်းစာရွက်လျှောက်ပြီးရင် ရဲစခန်းမှ遺失届受理番号のお知らせメモ(証明書)လို့ခေါ်တဲ့ပျောက်ဆုံးကြောင်းသက်သေခံလက်မှတ်ကိုပေးပါလိမ့်မယ်။

STEP3:လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)သို့သွားပြီးဇိုင်းလျူးကတ်အသစ်ထုတ်ရန် 

ရဲစခန်းမှာအပျောက်လျှောက်ပြီးနောက်တရက်တွင်၊ပက်စပို့နှင့်အတူရဲစခန်းတွင်လက်ခံရရှိခဲ့သောပျောက်ဆုံးကြောင်းသက်သေခံလက်မှတ်ကိုယူပြီးလဝကရုံးသို့သွားပါ။ဇိုင်းလျူးကတ်ကိုနေ့ချင်းထုတ်ပေးသလို၊နောက်ရက်မှလာယူတာမျိုးလည်းရှိတတ်ပါတယ်။

※အထူးသတိပြုပါ

ဇိုင်းလျူးကတ်ပျောက်ဆုံးကြောင်းသေချာပါကပျောက်ဆုံးသည့်ရက်မှစပြီး၁၄ရက်အတွင်းလဝကသို့ ဇိုင်းလျူးကတ်ပြန်ထုတ်ပေးရန်ဖောင်ကိုတင်ဖို့လိုပါသည်။

(ပျောက်ဆုံးခဲ့ပါက အချိန်မဆွဲပဲလျင်မြန်စွာလုပ်ဆောင်ဖို့အကြံပြုပါရစေ။)

အကျဥ်းချုပ်

သူငယ်ချင်းတို့ရေ၊အခုJLEFsupportတင်ပေးတဲ့အကြောင်းအရာကအကျုံးဝင်ပါသလား?ကျွန်တော်တို့နိုင်ငံခြားသားအတွက်ကတော့ဇိုင်းလျူးကတ်သည် ဂျပန်မှာနေထိုင်ဖို့အတွက်အရမ်းကိုအရေးကြီးတဲ့ကတ်ပြားဖြစ်တဲ့အတွက်မပျောက်အောင်သတိထားကြရအောင်နော်။အထူးသဖြင့်လဝကသို့ ၁၄ရက်အတွင်းအချိန်မှီလျှောက်လွှာတင်ရတာဖြစ်တဲ့အတွက်၊အကယ်လို့ကတ်ကျပျောက်ခဲ့သည်ရှိသော်အထက်ပါလုပ်ဆောင်ချက်အတိုင်းမြန်မြန်လုပ်ဆောင်ကြပါနော်။

ကျွန်တော်တို့JLEFsupportသည်နောက်နောင်လည်းဂျပန်မှာရှိနေတဲ့သူငယ်ချင်းများအတွက်အသုံးဝင်သောအကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံးနော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top