CVဖောင်ရေးနည်း

CVဖောင်သည်အလုပ်ရှာဖွေရာမှာအရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။ထို့ကြောင့်CVဖောင်ရေးသားရာမှာ သိထားသင့်သည့်အချက်မျာကိုအကျဥ်းချုံ့ပြီးပြောပြပေးပါမယ်

1.CVဖောင်ရဲ့Format

ပထမဦးဆုံးအနေနဲ့ CVဖောင်ရဲ့Format ရွေးချယ်နည်း」ကိုပြောပြပေးပါမယ်။ဘယ်လို CVဖောင်Formatကိုရွေးချယ်ရမလဲဆိုပြီးတွေဝေတတ်ကြတဲ့သူများပါတယ်။CVဖောင်Formatကအမျိုးမျိုးရှိပါတယ်။‌ကျောင်းကပြုလုပ်ပေးတဲ့CVဖောင်Formatရှိသလို၊ကုမ္ပဏီကသတ်မှတ်ထားတဲ့သီးသန့်CVဖောင်Formatဆိုပြီးလည်းရှိပါတယ်။အကယ်လို့CVဖောင်Formatသတ်မှတ်ထားခြင်းမရှိဘူးဆိုရင် သာမာန်CVဖောင်Formatကိုအသုံးပြုလို့ရပါတယ်။အောက်ကလင့်ခ်မှတဆင့်ဒေါင်းလုတ်ဆွဲပြီးရယူနိုင်ပါတယ်။

履歴書【標準】
履歴書【特定技能】
履歴書【サンプル】

2.CVဖောင်ရေးနည်း

CVဖောင်Formatကိုဆုံးဖြတ်ပြီးသွားပြီဆိုရင်「 CVဖောင်ရေးနည်း」ကိုပြောပြပေးပါမယ်။ကိုယ်ရေးအချက်လက်များကိုဖြည့်ရာမှာပုံမှန်အားဖြင့် ကွန်ပျူတာဖြင့်ဖြည့်ရတာဖြစ်ပြီး၊လက်ရေးနဲ့ဖြည့်တဲ့အခါမျိုးလည်းရှိပါတယ်။အကယ်လို့လက်ရေးနဲ့ဖြည့်မယ်ဆိုရင်သိထားရမဲ့အချက်တွေက‌တော့
❄အချက်လက်များမှားခဲ့တဲ့အခါမှင်ဖျက်ဆေးနဲ့ဖြတ်တာမျိုး၊မျဥ်း၂ကြောင်းခြစ်ပြီးအမှားပြင်တာမျိုးလုံးဝမလုပ်ရပါ။အသစ်ပြန်ရေးပါ။
❄မှင်အနက်ကိုအသုံးပြုပါ (ခဲတံ၊ခဲသားဖောင်တိန်၊ဖျက်လို့ရတဲ့မှင်များကိုအသုံးမပြုပါနဲ့)

3.CVဖောင်ဖြည့်ရာတွင်မှားလွယ်သောအချက်များ

CVဖောင်ဖြည့်ရာတွင်「မှားလွယ်သောအချက်များ」ကိုစုစည်းလိုက်ပါတယ်               

①ဖောင်တင်သည့်ရက်စွဲကိုဖြည့်ပါ
※အင်တာဗျူးဖြေဖို့သွားရာမှာCVဖောင်ကိုယူသွားရမယ်ဆိုရင်အင်တာဗျူးဖြေမဲ့နေ့ကိုရေးပါ
※စာတိုက်ကနေပို့ရမယ်ဆိုရင်စာတိုက်ထဲကိုထည့်တဲ့နေ့ကိုဖြည့်ပေးပါ

②နာမည်ကိုအင်္ဂလိပ်စာလုံး(တရုတ်လူမျိုးများကခန်းဂျီး)၊Katakanaဖြင့်ဖြည့်ပေးပါ
Last Name・First Name ဆိုပြီးအစဥ်လိုက်ဖြည့်ပါ(ကျွန်တော်တို့မြန်မာလူမျိုးနာမည်မှာမျိုးရိုးမရှိလို့နာမည်ကိုအပြည့်စုံဖြည့်ပေးရုံပါ)

ふりがなလို့ရေးထားတဲ့အကွက်မှာနာမည်ကိုHiraganaဖြင့်ဖြည့်ပေးပါ
※フリガナလို့ရေးထားပါက နာမည်ကို Katakanaဖြင့်ဖြည့်ပေးပါ

မွေးသက္ကရာဇ်ဖြည့်ပါ

ကျား/မ (မဖြည့်လည်းရပေမဲ့၊ဖြည့်တာပိုကောင်းပါတယ်)

လိပ်စာ(စာတိုက်သေတ္တာမှစပြီးဖြည့်ပါ)

⑦လိပ်စာကိုふりがな(ひらがな)ဖြင့်ဖြည့်ပါ
※နံပါတ်၊ကိန်းဂဏန်းများဖြည့်ရန်မလိုပါ

⑧ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ်

⑨အီးမေးလ်ဖြည့်ဖို့အကွက်မပါခဲ့ရင် လွတ်နေတဲ့နေရာမှာ
「メールアドレス:        」ဆိုပြီးရေးဖြည့်လို့ရပါတယ်

သက္ကရာဇ်တွေကိုဖြည့်ရာမှာ အင်္ဂလိပ်(သို့)ဂျပန်သက္ကရာဇ် ပုံစံတစ်မျိုးတည်းကိုပဲအသုံးပြုပြီးဖြည့်ပေးပါ
(ဖောင်တင်သည့်ရက်စွဲ၊မွေးသက္ကရာဇ်၊ကျောင်းတက်သည့်နှစ်၊အောင်လက်မှတ်ရရှိသည့်နှစ် စတဲ့သက္ကရာဇ်)

⑪အတန်းပညာအရည်ချင်း-မိမိနိုင်ငံတွင်နောက်ဆုံးတက်ရောက်အောင်မြင်ခဲ့သည့်ပညာအရည်ချင်းနှင့်ခုနှစ်ကိုဖြည့်ပါ

⑫ဖြေဆိုအောင်မြင်ထားသောအရည်ချင်း/အောင်လက်မှတ်များ
(ဖြေဆိုဖို့ရှိသောစာမေးပွဲများကိုလည်းဖြည့်ရေးနိုင်ပါတယ်)

⑬လျှောက်ရတဲ့ရည်ရွယ်ချက်(ဘာကြောင့်ဒီကုမ္ပဏီကိုလျှောက်ရတာလဲဆိုတဲ့အကြောင်းပြချက်များကိုရေးပါ)
×ကုမ္ပဏီကနီးတဲ့အတွက်၊လစာများတဲ့အတွက်ကြောင့်….စတဲ့၊ဒီကုမ္ပဏီမှာမလျှောက်လည်းအဆင်ပြေတဲ့ရည်ရွယ်ချက်မျိုးကိုရေးလို့မရပါ

မိမိကိုယ်ကိုအမွှမ်းတင်ပြောခြင်း၊တတ်နိုင်သမျှအသေးစိတ်ရေးတာပိုကောင်းပါတယ်
(မိမိရဲ့အားသာချက်ကိုအသုံးချပြီး၊ကောင်းမွန်တဲ့ရလဒ်ကိုရရှိခဲ့တဲ့အတွေ့ကြုံတွေကိုရေးတာပိုကောင်းပါတယ်)

⑮ဆန္ဒ/မျှော်မှန်းခြင်း စတာတွေမရှိပါက 「特になし」「貴社の規定に従います」「御社規定に準じます」လို့ရေးပါ

ဓါတ်ပုံ
※ ဆိုဒ်ကCVဖောင်ထဲမှာသတ်မှတ်ထားတဲ့အတိုင်းကပ်ပါ
(သာမာန်ဆိုဒ် အလျား 24~30㎜ အနံ 36~40㎜)
※ ၃လအတွင်းရိုက်ထားခြင်း
※ Suitဝတ်စုံဖြင့်ရိုက်ပါ
※ နောက်ခံ အဖြူ၊ခဲ၊အပြာထားပြီးရိုက်ပါ
※ ဓါတ်ပုံနောက်ကျောမှာနာမည်ရေးပါ

CVဖောင်သည်အလုပ်ရရှိနိုင်ဖို့အတွက်အထောက်ကူပေးသောအရေးကြီးစာရွက်စာတမ်းဖြစ်ပါတယ်။
အချက်အလက်များမှားနေတာမျိုးမဖြစ်အောင်မိမိယုံကြည်ရတဲ့သူကိုစစ်ခိုင်းပါ။    
ကိုယ်တိုင်လည်းအချက်လက်များကိုစစ်ကြည့်ပါ။
ဘာတွေစစ်ရမလဲမသိရင်အောက်ကဖိုင်ကိုဒေါင်းလုတ်ဆွဲပြီးနမူနာကြည့်ပါ။
履歴書【チェックリスト】日本語
履歴書【チェックリスト】ミャンマー語

ကျွန်တော်တို့ JLEF support မှာဆိုရင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတစ်ဦးချင်းဆီဆွေးနွေးမှုများကိုပြုလုပ်ပေးလျက်ရှိပါတယ်။တစ်ယောက်ကိုမိနစ်၃၀ခန့် ဆရာမနှင့်တိုင်ပင်ဆွေးနွေးနိုင်တဲ့အတွက်ကြောင့်ကြိုတင်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။အလုပ်ကိုင်ရှာဖွေရာမှာအခက်ခဲရှိပါကကျွန်တော်တို့ JLEF supportကိုသတိရလိုက်ပါ။စောင့်မျှော်နေပါမယ်။

就職の個別相談を申し込み⇒ဖောင်တင်ရန်လင့်ခ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top