အလုပ်လက်မဲ့ထောက်ပံ့ကြေးPart-1

ဒီနေ့မိတ်ဆက်ပေးမယ့်အကြောင်းအရာကတော့အကြောင်းအမျိုးမျိုးကြောင့်အလုပ်လက်မဲ့ဖြစ်ပြီးနောက်ထပ်အလုပ်သစ်ရှာနေဆဲကာလအတွင်းမှာအစိုးရမှထောက်ပံ့ပေးနေတဲ့「失業給付金」အလုပ်လက်မဲ့ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီးဝေမျှပါရစေ။ 「失業給付金」အလုပ်လက်မဲ့ထောက်ပံ့ကြေးလို့လဲခေါ်သလို「失業保険」အလုပ်လက်မဲ့အာမခံလို့လည်းခေါ်ကြပါတယ်။လူမှုဖူလုံရေးအာမခံနဲ့ကျန်းမာရေးအာမခံတွေနဲ့မတူတဲ့အတွက်မမှားအောင်သတိပြုကြပါနော်။

ဒီစနစ်လေးကနည်းနည်းရှုပ်ထွေးလို့Part-1 နဲ့ Part-2 ဆိုပြီးခွဲပြီးတင်ဆက်ပေးလိုက်ပါတယ်

ကဲဒါဆို Part-1 ကိုစလိုက်ကြရ‌အောင်။

1. 失業給付金 (失業保険)အလုပ်လက်မဲ့ထောက်ပံ့ကြေးဆိုတာ?

အလုပ်အာမခံဆိုတာအစိုးရနှင့်သက်ဆိုင်သောအဖွဲ့အစည်းမှအလုပ်ပြုတ်သူများ/အလုပ်လက်မဲ့ဖြစ်သွားသူများအားထောက်ပံ့ပေးခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်မို့လို့အလုပ်ပြုတ်သွားသည်ဖြစ်စေ၊အလုပ်လက်မဲ့ဖြစ်သွားသည်ဖြစ်စေ၊စားဝတ်နေ‌ရေးအတွက်စိုးရိမ်ပူပန်တာမျိုးမရှိစေပဲအလုပ်အသစ်ကိုဆက်လက်ကြိုးစားရှာဖို့၊တတ်နိုင်သလောက်မြန်မြန်အလုပ်ပြန်ဝင်နိုင်ရန်အတွက်ရည်ရွယ်တဲ့စနစ်ဖြစ်ပါတယ်။

ထောက်ပံ့ကြေးရရှိရန်လိုအပ်ချက်

အလုပ်အာခံဝင်ထားတဲ့သူများအနေဖြင့်အလုပ်ထွက်ပြီးနောက်၊အောက်ပါအချက်နံပါတ် ၁ သို့မဟုတ် နံပါတ်၂ နှင့်ကိုက်ညီမှုရှိပါကအခြေခံထောက်ပံ့မှုများလက်ခံရရှိနိုင်ပါတယ်။

❶ハローワークဟဲလိုဝေါ့ခ်သို့သွားရောက်ပြီး၊အလုပ်ရှာနေ‌ကြောင်းလျှောက်လွှာကိုတင်ခြင်းဖြင့်မိမိမှာအလုပ်ရှာဖို့/အလုပ်လုပ်ဖို့ဆန္ဒရှိကြောင်းဖော်ပြခြင်း၊မိမိမှာအလုပ်ဝင်ဖို့အတွက်လုံလောက်သောအရည်အချင်းရှိသော်လည်းပဲအလုပ်ရှာမတွေ့ခြင်း၊ဟဲလိုဝေါ့ခ်မှကြိုးစားရှာပေးသော်လည်းအလုပ်မတွေ့သောကြောင့်အခက်အခဲဖြစ်နေသောအခြေအနေများမှာ ထောက်ပံ့ကြေးကိုရရှိနိုင်ပါတယ်။

❷အလုပ်ထွက်သောနေ့မှစပြီး၊လွန်ခဲ့သော၂နှစ်အတွင်းတွင်အလုပ်အာမခံကြေးစုစုပေါင်း၁၂လစာနှင့် အထက်ဆောင်ထားသူဖြစ်ရပါမယ်။

ခြွင်းချက်အနေဖြင့်၊ကုမ္ပဏီဒေဝါလီခံခြင်းကြောင့်အလုပ်လက်မဲ့ဖြစ်ခြင်း၊သို့မဟုတ်သက်တမ်းပြည့်သွားသော်လည်းကုမ္ပဏီ၏အခြေအနေများကြောင့်သက်တမ်းမတိုးပေးပဲအလုပ်ပြုတ်ခြင်းစတဲ့အထူးအကြောင်းအရင်းများကြောင့်အလုပ်ပြုတ်သူများအတွက်ကတော့အလုပ်ပြုတ်ပြီးချိန်မှစတွက်ပြီး၊လွန်ခဲ့သော၁နှစ်အတွင်းတွင်အလုပ်အာမခံကြေးစုစုပေါင်း၆လစာနှင့်အထက်ဆောင်ထားခြင်းရှိရပါမယ်။

လုပ်ထုံးလုပ်နည်းများပြုလုပ်ရန်ကာလ
အခြေခံထောက်ပံ့မှုကိုစတင်လက်ခံရရှိမယ့်အချိန်ကာလအနေဖြင့်၊အလုပ်ထွက်ပြီးနောက်တရက်မှစပြီး၁နှစ်အတွင်းမှာလက်ခံရရှိမယ်လို့သတ်မှတ်ထားပါတယ်။

ထောက်ပံ့ကြေးငွေပမာဏနှင့်ရက်အရေတွက်
အခြေခံထောက်ပံ့ကြေးကိုရရှိနိုင်မယ့်ရက်အရေတွက်မှာအသက်အရွယ်၊အလုပ်အာမခံပေးဆောင်ခဲ့သောသက်တမ်းနှင့်အလုပ်ထွက်ခြင်း(သို့)အလုပ်ပြုတ်ရသည့်အကြောင်းအရင်းပေါ်မူတည်ပြီး၊ရက်ပေါင်း ၉၀မှ ရက်ပေါင်း၃၆၀စာရရှိနိုင်ပါတယ်။

အခြေခံထောက်ပံ့ကြေးတရက်စာငွေပမာဏမှာအလုပ်ထွက်သည့်နေ့မှစတွက်ပြီး၊လွန်ခဲ့သော၆လရဲ့စုစုပေါင်းလစာ(ဘောနပ်စ်မပါ)၏တရက်တာပျမ်းမျှငွေကိုတွက်ချက်ပြီး၊ထိုတရက်စာပျမ်းမျှငွေရဲ့50%မှ80%စာထောက်ပံ့ကြေးရရှိနိုင်ပါတယ်။အသက်(60မှ64နှစ်အတွင်းဖြစ်ပါက45%မှ80%)ဖြစ်ပါတယ်။(ငွေပမာဏအကန့်အသတ်ရှိပါတယ်)

အကျဥ်းချုပ်

အထက်ပါအကြောင်းအရာများမှာ၊အလုပ်လက်မဲ့ထောက်ပံ့ခြင်း(အလုပ်အာမခံ)နှင့်ပတ်သက်သောPart-1ဖြစ်ပါတယ်။အလုပ်ထောက်ပံ့ကြေးရဖို့ဆိုရင်အချက်အလက်ကိုက်ညီပြီးမှန်ကန်သောနည်းလမ်းဖြင့်လျှောက်ထားပါက၊စားဝတ်နေရေးအတွက်လိုအပ်သောထောက်ပံ့ကြေးကိုရရှိနိုင်မှာဖြစ်ပါတယ်။စည်းမျဥ်းစည်းကမ်းနဲ့ဥပဒေများကိုတော့လိုက်နာဖို့လိုအပ်ပါတယ်နော်။

စည်းမျဥ်းစည်းကမ်းနဲ့လုပ်ထုံးလုပ်နည်းများကို「အလုပ်လက်မဲ့ထောက်ပံ့ကြေး PART2」မှာမိတ်ဆက်ပေးပါမယ်။JLEFsupportကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့သူငယ်ချင်းများကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top