အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ?

အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ?

အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများပို၍အလုပ်လုပ်လာနိုင်စေရန်အတွက်ပြုလုပ်ထားသော နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင်လုပ်သားရှားပါးမှုပိုမိုဆိုးရွားလာသည့်လုပ်ငန်း၁၄ခုတွင်နိုင်ငံခြားသားများအားအလုပ်လုပ်ကိုင်ရန်ခွင့်ပြုလိုက်သည်။

အထူးကျွမ်းကျင်လုပ်သားဗီဇာတွင် နံပါတ်(၁)နေထိုင်ခွင့်ဗီဇာနှင့် နံပါတ်(၂)နေထိုင်ခွင့်ဗီဇာဆိုပြီး၂မျိုးရှိပါသည်။


အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နယ်ပယ်နှင့်လုပ်ငန်းအကြောင်းအရာ

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နယ်ပယ်လုပ်ငန်းအကြောင်းအရာ
သူနာပြုစောင့်ရှောက်မှုလုပ်ငန်း
(かいご)
ခန္ဓာကိုယ်မသန်စွမ်းသူများအားထောက်ပံပေးရသည့်အလုပ်
ဥပမာ-ရေချိုးခြင်း၊အစာစားခြင်း၊အပေါ့အလေးစွန့်ခြင်းတို့တွင်ကူညီပေးခြင်း၊လိုအပ်သောပစ္စည်းများဖြည့်ခြင်းစသဖြင့်
အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း
(びるくりーにんぐ)
အဆောက်အဦးတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း
အဆောက်အဦးအတွင်းရှိကြမ်းပြင်များ၊နံရံ၊တံခါး၊ပြတင်းပေါက်နှင့်အိမ်သာစသည့်နေရာများကိုသန့်ရှင်းရေးပြုလုပ်ရပါမည်
စက်အစိတ်အပိုင်းနှင့်စက်ကိရိယာလုပ်ငန်း(သတ္တုလုပ်ငန်း)
(そけいざいさんぎょう)
သတ္တုစသည့်ပစ္စည်းများကိုပြုပြင်၍အစိတ်အပိုင်းစသည့်ပစ္စည်းများကိုပြုလုပ်သောအလုပ်ဖြစ်သည်
စက်မှုစက်ရုံလုပ်ငန်း
(さんぎょうきかいせいぞう)
သတ္တုနှင့်ပလပ်စတစ်စသည့်ပစ္စည်းများကိုပြုပြင်ထုတ်လုပ်၍စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့်ထိုအစိတ်အပိုင်းများကိုပြုလုပ်ရသောအလုပ်ဖြစ်သည်
လျှပ်စစ်၊အီလက်ထရောနစ်နှင့်
သတင်းအချက်အလက်လုပ်ငန်း
(でんき・でんしじょうほうかんれんさんぎょう)
လျှပ်စစ်၊အီလက်ထရောနစ်ပစ္စည်းနှင့်ထိုအစိတ်အပိုင်းစသည့်ပစ္စည်းများကိုပြုလုပ်ရသောအလုပ်ဖြစ်သည်
ဆောက်လုပ်ရေးလုပ်ငန်း
(けんせつ)
အိမ်နှင့်အဆောက်အဦးစသည့်အဆောက်အုံများကိုတည်ဆောက်ရသောအလုပ်ဖြစ်သည်
သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း
(ぞうせん・はくようこうぎょう)
သင်္ဘောများကိုတည်ဆောက်ရသည့်အလုပ်ဖြစ်သည်
ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း
(じどうしゃせいび)
မော်တော်ယာဥ်များကိုစစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအလုပ်
လေကြောင်းလုပ်ငန်း
(こうくう)
လေယာဥ်တွင်ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊လေယာဥ်ကိုစစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအလုပ်
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း
(しゅくはく)
ဟိုတယ်တွင်ဧည့်ကြိုခြင်းနှင့်ဝန်ဆောင်မှုပေးသည့်အလုပ်
စိုက်ပျိုးရေးလုပ်ငန်း
(のうぎょう)
ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးရိတ်သိမ်းသည့်အလုပ်
ဝက်၊နွားနှင့်ကြက်စသည့်တိရိစ္ဆာန်များကိုမွေးမြူသည့်အလုပ်
ရေလုပ်ငန်း
(ぎょぎょう)
ငါးဖမ်းခြင်းနှင့်ငါးမွေးမြူခြင်းအလုပ်
စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း
しょくひんせいぞうぎょう
အစားအသောက်များကိုပြုလုပ်သည့်အလုပ်
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း
(がいしょく)
စားသောက်ဆိုင်များတွင်ဧည့်ကြိုခြင်းနှင့်ဟင်းပွဲများကိုသယ်ဆောင်ပေးရသည့်အလုပ်

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နယ်ပယ်နှင့်လုပ်ငန်းအကြောင်းအရာ

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နယ်ပယ်လုပ်ငန်းအကြောင်းအရာ
ဆောက်လုပ်ရေးလုပ်ငန်း
(けんせつ)
အိမ်နှင့်အဆောက်အဦးစသည့်အဆောက်အအုံများကိုတည်‌ဆောက်သည့်အလုပ်၏ခေါင်း‌ဆောင်
သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း
(ぞうせん・はくようこうぎょう)
သင်္ဘောများကိုတည်ဆောက်လုပ်သည့်အလုပ်၏ခေါင်းဆောင်
※နောင်တွင်လုပ်ငန်းအသစ်များကိုထပ်တိုးနိုင်ခြေရှိပါသည်။

အထူးကျွမ်းကျင်လုပ်သားရဲ့အားသာချက်

*အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)၏နေထိုင်ခွင့်သက်တမ်းမှာစုစုပေါင်းနှစ်
*သက်တမ်းကာလကျန်ရှိနေတဲ့တလျှောက်လုံးအလုပ်ပြောင်းခွင့်ရှိ
*ကုမ္ပဏီဘက်မှထောက်ပံ့မှုများ


နေထိုင်ခွင့်ဗီဇာများ၏ကွာခြားပုံ

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နည်းပညာလေ့လာရေးသင်တန်းသားအဆင့်မြင့်လုပ်သားဗီဇာ
(နည်းပညာ၊လူမှုအသိပညာ၊နိုင်ငံတကာစီးပွားရေး)
ပညာအရည်အချင်းမလိုမလိုမလိုတက္ကသိုလ်(သို့)အငယ်တန်းကောလိပ်မှ ဘွဲ့ရပြီးသူ
(သို့)ဂျပန်နိုင်ငံ၏အသက်မွေးဝမ်းကြောင်ကျောင်းမှဘွဲ့ရပြီးသူ
အလုပ်အတွေ့အကြုံမလိုမလိုအလုပ်အတွေ့အကြုံရှိရန်လိုအလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည်
အလုပ်အမျိုးအစား၁၄မျိုး၂မျိုး၈၅မျိုး ၁၅၆နယ်ပယ်မေဂျာနှင့်သက်ဆိုင်သောအလုပ်များ
နေထိုင်ခွင့်သက်တမ်းအမြင့်ဆုံး ၅နှစ်ကန့်သတ်ချက်မရှိ
(သက်တမ်းတိုးပြီးနေနိုင်)
စုစုပေါင်း၃နှစ်
(လုပ်ငန်းပေါ်မူတည်ပြီး၅နှစ်ထိနေနိုင်)
ကန့်သတ်ချက်မရှိ
(သက်တမ်းတိုးပြီးနေနိုင်)
မိသားစုခေါ်ဆောင်ခွင့်မရှိရှိမရှိရှိ
နိုင်ငံခြားသားများအတွက်အထူးထောက်ပံ့မှုရှိ
(စုစုပေါင်း၁၀ချက်)
ကုမ္ပဏီမှထောက်ပံ့ပေး
မရှိရှိ
(စီမံကွပ်ကဲရေးအဖွဲ့မှထောက်ပံ့ပေး)
မရှိ
လစာဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ
(အလုပ်ဝင်ပြီး၃-၄နှစ်ခန့်ရှိသောဂျပန်ဝန်ထမ်း၏လစာခန့်)
ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ
(တူညီသောအရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသောဂျပန်ဝန်ထမ်း၏လစာခန့်)
ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ
(အလုပ်စဝင်ခါစဂျပန်ဝန်ထမ်းသစ်၏လစာခန့်)
ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ
(တူညီသောအရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသောဂျပန်ဝန်ထမ်း၏လစာခန့်)
အလုပ်ပြောင်းခွင့်ရှိရှိမရှိရှိ
လိုအပ်သောအရည်အချင်းကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ်ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ်မလိုအလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည်
ဂျပန်စာအရည်အချင်းဂျပန်စာအရည်ချင်းစစ်စာမေးပွဲN4နှင့်တူညီသောအောင်လက်မှတ်လိုအပ်
(JLPT N4 သို့ JFT Basic A2 Level)
အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည်သူနာပြုစောင့်ရှောက်ရေးနယ်ပယ်တွင်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲN4နှင့်တူညီသောအောင်လက်မှတ်လိုအပ်အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည်

ကုမ္ပဏီမှထောက်ပံ့မှု၁၀ချက်

အထူးကျွမ်းကျင်လုပ်သားများသည်အောက်ပါအထောက်အပံ့များကိုရရှိနိုင်ပါသည်

① ကြိုတင်ပြီးရှင်းပြချက်များကိုနားထောင်နိုင်၊မေးမြန်းနိုင်

ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုပြီးနောက်နေထိုင်ခွင့်ဗီဇာမလျှောက်ထားခင်အတောအတွင်းကုမ္ပဏီအား【စာချုပ်အကြောင်းအရာများနှင့် အလုပ်အကြောင်းအရာများ】ကို ရှင်းပြရန်တောင်းဆိုနိုင်ပါသည်။

② ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်၊မိမိတိုင်းပြည်သို့ပြန်ရန်ထွက်ခွာချိန်များတွင်အကြိုအပို့လုပ်ပေးခြင်း

ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင်ကုမ္ပဏီဘက်မှလေဆိပ်အထိလာကြိုပေးပြီးနောက်ကုမ္ပဏီ သို့မဟုတ်အိမ်အထိလိုက်ပို့ပေးမည်ဖြစ်သည်။

ထို့အပြင်မိမိတိုင်းပြည်သို့ပြန်ရန်ထွက်ခွာချိန်တွင်လည်းကုမ္ပဏီဘက်မှလေဆိပ်၏လုံခြုံ‌ရေးစစ်ဆေးသည့်နေရာအထိကိုလိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။

※သို့သော် ခေတ္တပြန်ရာတွင်အကြိုအပို့ပြုလုပ်ပေးမည်မဟုတ်ပါ

③ မိမိနေထိုင်မည့်အိမ်ကိုပြင်ဆင်ပေးခြင်း၊နေထိုင်မှုတွင်လိုအပ်သောစာချုပ်စာတမ်းများကိုကူညီလုပ်ဆောင်ပေးခြင်း

ကုမ္ပဏီဘက်မှ မိမိနေထိုင်မည့်အိမ်၏အာမခံပေးသူအဖြစ်ပြုလုပ်ပေးခြင်း၊ကုမ္ပဏီအဆောင်သို့မဟုတ်အိမ်ကိုဌားပေးပါသည်။ ထို့အပြင် ဘဏ်အကောင့်ပြုလုပ်ခြင်း၊လက်ကိုင်ဖုန်း၊လျှပ်စစ်မီးနှင့်ဂတ်စ်တို့၏စာချုပ်များကိုလည်းကူညီဆောင်ရွက်ပေးပါသည်။

④ နေထိုင်မှုပတ်ဝန်းကျင်နှင့်အသားကျ‌အောင်ပြုလုပ်ခြင်း

ကုမ္ပဏီဘက်မှဂျပန်နိုင်ငံ၏စည်းကမ်းများ၊အမူအကျင့်၊နေထိုင်ပြောဆိုပုံများကိုသင်ကြားပေးမှာဖြစ်ပါသည်။ထို့အပြင် ဘတ်စ်ကားနှင့်ရထားစီးနည်း၊မြေငလျင်လှုပ်ပါကမည်ကဲ့သို့လုပ်ဆောင်မည်ဆိုသည့်အချက်များကိုပါသင်ကြားပေးမှာဖြစ်ပါသည်။

⑤ မြို့နယ်အုပ်ချုပ်ရေးရုံး၏လုပ်ထုံးလုပ်နည်းများကိုကူညီပေးခြင်း

ကုမ္ပဏီဘက်မှမြို့နယ်အုပ်ချုပ်ရေးရုံးနှင့်အခွန်စသည့်လုပ်ထုံးလုပ်နည်းများကိုလိုက်ပါဆောင်ရွက်ပေးမည်ဖြစ်သည်။လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းများဖြည့်ရာတွင်လည်းကူညီဆောင်ရွက်ပေးပါသည်။

⑥ ဂျပန်စာလေ့လာရန်အခွင့်အလမ်းများညွှန်ပေးခြင်း

ကုမ္ပဏီဘက်မှဂျပန်စာသင်ကြားရန်အတွက်ကျောင်းများကိုညွှန်းပေးမှာဖြစ်ပါသည်။

⑦ အခက်ခဲများနှင့်ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးခြင်း

ဒုက္ခရောက်ခြင်းနှင့်အခက်ခဲများကြုံတွေ့၍တိုင်ပင်ဆွေးနွေးလိုပါကမိခင်ဘာသာဖြင့်တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်ရယူနိုင်ပါသည်။

⑧ ဂျပန်လူမျိုးများနှင့်ဆက်ဆံပြောဆိုခြင်း

ကုမ္ပဏီဘက်မှ အနီးအနားတွင်ကျင်းပသောပွဲတော်များသို့သွားရောက်ရန်လမ်းညွှန်ပေးခြင်းနှင့်ဂျပန်လူမျိုးများနှင့်ပိုမိုစကားပြောနိုင်မည့်အခွင့်အရေးများဖန်တီးခြင်းများလည်းပြုလုပ်ပေးပါသည်။

⑨ အလုပ်ပြောင်းရာတွင်အထောက်အပံ့လုပ်ပေးခြင်း(ကုမ္ပဏီဘက်မှအလုပ်နားရန်ပြောလာသည့်အခါသာလျှင်)

ကုမ္ပဏီဘက်မှအလုပ်နားရန်ပြောလာသဖြင့်နောက်အလုပ်အသစ်ကိုရှာရာတွင်ကုမ္ပဏီဘက်မှအထောက်အပံ့ကိုရရှိနိုင်ပါသည်။

⑩ တွေ့ဆုံဆွေးနွေးခြင်း(၃လတွင် ၁ကြိမ်နှင့်အထက်)

ကုမ္ပဏီမှသတ်မှတ်ထားပေး‌‌သောခေါင်းဆောင်နှင့်သတ်မှတ်ထားသောအချိန်များတွင်တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ရမည်ဖြစ်သည်။မိခင်ဘာသာစကားဖြင့်ဆွေးနွေးမှုများပြုလုပ်မှာဖြစ်သဖြင့်အလုပ်နှင့်နေထိုင်မှုများတွင်ပြသနာအခက်ခဲတစ်စုံတစ်ရာပါကတိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Scroll to top