Meiji Jinguသို့အလည်တခေါက်

ဂျပန်နိုင်ငံမှာဘုရားကျောင်း၊(သာမန်)နတ်ကွန်းနှင့်ဧကရာဇ်မင်းမြတ်၊ဆွေစဥ်မင်းဆက်ကိုးကွယ်သောနတ်ကွန်းများကိုယုံကြည်ကိုးကွယ်ကြသောဓလေ့ထုံးစံရှိပါတယ်။ဒီ၃မျိုးဟာပုံစံအားဖြင့်တူညီသလိုရှိပေမဲ့လည်း၊ကွဲပြားနေတဲ့နေရာများလည်းရှိပါတယ်။

လွယ်လွယ်ပြောရမယ်ဆိုရင်

・Oteraလို့ခေါ်သောဘုရားကျောင်းသည်ဗုဒ္ဓဘာသာ
・Jinjaလို့ခေါ်သောနတ်ကွန်းမှာရှင်တိုဘာသာ
・Jinguကတော့ဧကရာဇ်မင်းမြတ်များနှင့်အင်ပါယာမိသားစုများနှင့်သက်ဆိုင်မှုရှိသောသူများသာကိုးကွယ်လို့ရသောအဆောက်အအုံဖြစ်ပါတယ်။

「お寺」「Otera」လို့ခေါ်သောဘုရားကျောင်းသည်မြတ်စွာဘုရားကိန်းဝပ်ရာနေရာ
「神社」「Jinja」သည်ရှင်တိုနတ်ဘုရားကိန်းဝပ်ရာနေရာဖြစ်ပြီး
「神宮」「Jingu」သည်ဧကရာဇ်မင်းမြတ်၊နယ်ချဲ့ဘိုးဘေးနတ်ဘုရားများနှင့်မြင့်မြတ်သောရတနာများကိန်းဝပ်ရာနေရာဖြစ်ပြီး၊ဂျပန်တနိုင်ငံလုံးတွင်စုစုပေါင်း「Jingu」 ၂၄ခုရှိပါတယ်

ဒီတခေါက်ကျွန်တော်တို့ JLEFsupport အဖွဲ့ဝင်တွေသွားခဲ့ကြတဲ့နေရာကတော့တိုကျိုမြို့Harajukuဘူတာမှာရှိတဲ့Meiji Jingu ဖြစ်ပါတယ်။

「Jingu」 သို့သွားရောက်ပြီးဝတ်ပြုရာမှာသိထားသင့်တဲ့အမူအကျင့်တွေကိုပြောပြပေးပါမယ်နော်

ဒီအချက်4ချက်ကိုသတိပြုပါ

1. 鳥居Torii (ခေါ် ) မုခ်ဦးကိုမဝင်ခင်တကြိမ်ဦးညွတ်ပါ

Torii ဆိုသည်မှာဘုရားကျောင်းရဲ့အပြင်ဘက်နဲ့အတွင်းပိုင်းကိုပိုင်းခြားသည့်အဓိပ္ပါယ်ရှိသည်ဟုဆိုကြပြီးထိုဝင်ပေါက်မှအတွင်းပိုင်းသည်ဘုရားသခင်ရဲ့နယ်မြေဖြစ်ကြောင်းကိုဖော်ပြခြင်းဖြစ်သည်။

အထက်လူကြီး၏အိမ်သို့အလည်လာသကဲ့သို့ဦးညွှတ်ပြီးမှမုခ်ဦးကိုဖြတ်ခြင်းသည်ယဥ်ကျေးသောအပြုအမူဖြစ်သည်။မုခ်ဦးမှထွက်ခွာရာမှာလည်းမုခ်ဦးသို့တကြိမ်မျက်နှာမူပြီးဦးညွတ်ခြင်းပြုလုပ်ပါ။

2. လျှောက်လမ်း၏အလယ်တည့်တည့်မှလျှောက်ခြင်းကိုရှောင်ကြဥ်ပါ

လျှောက်လမ်းရဲ့အလယ်တည့်တည့်လမ်းကျောင်းကို「正中(せいちゅう)」ဟုခေါ်ပြီး၊နတ်ဘုရားဖြတ်သန်းသောလမ်းကြောင်းဟုဆိုကြသည်။

အလယ်တည့်တည့်မှလျှောက်ခြင်းကိုရှောင်ပြီးဘယ်ဘက်(သို့) ညာဘက်မှကပ်လျှောက်ပါ။

လမ်းကိုဖြတ်ကူးတဲ့အခါမှာလည်းတကြိမ်ဦးညွတ်ခြင်း(သို့)အလယ်ဗဟိုမှာရှိသောနတ်ကွန်းသို့ဦးညွတ်ခြင်းပြုလုပ်ပြီးမှဖြတ်ကူးတာဟာ၊အလေးထားတဲ့သဘောကိုဆောင်ပါတယ်။

3. သန့်စင်ခြင်း(လက်နှင့်ခံတွင်း)

လက်ကိုရေနဲ့ဆေးပြီးနောက်ပလုပ်ကျင်းပါ။

လက်နှင့်ခံတွင်းကိုဆေးကြောသန့်စင်ခြင်းသည်ာMisogi၏ရိုးရှင်းသောဓလေ့တစ်ခုဖြစ်သည့်မကောင်းမှုများကိုဆေးကြောသန့်စင်သောဓလေ့လည်းဖြစ်သည်။ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်ကိုသန့်စင်ပြီးလန်းဆန်းသောစိတ်ဖြင့်ဝတ်ပြုပါ။

(လက်နှင့်ခံတွင်း)သန့်ရှင်းရေးပြုလုပ်နည်းမှာ

   ✧ညာဘက်လက်ဖြင့်(ယောက်ချိုပုံစံရေခပ်သည့်)ခွက်ကိုကိုင်ပြီးရေအပြည့်ခပ်ထည့်ပါ၊ဘယ်ဘက်လက်ကိုဆေးကြောသန့်စင်ပါ  ※   ひしゃく(ယောက်ချိုပုံစံရေခပ်သည့်)ကို ခွက်လို့ပဲဘာသာပြန်ထားပါတယ်

  ✧  ပြီးလျှင်ခွက်ကိုဘယ်ဘက်လက်ဖြင့်ပြောင်းကိုင်ပြီး၊ညာဘက်လက်ကိုဆေးကြောသန့်စင်ပါ။

 ✧ နောက်တဖန်ခွက်ကိုညာပြန်လက်သို့ပြောင်းကိုင်၍ဘယ်ဘက်လက်ဖြင့်ရေခံပြီးနောက်

ထိုရေဖြင့်ပလုပ်ကျင်းပါ၊ ခွက်ကိုပါးစပ်ဖြင့်ထိပြီးပလုပ်ကျင်းခြင်းမပြုလုပ်ရပါ။

✧ နောက်တခေါက်ဘယ်ဘက်လက်ကိုသန့်ရှင်းရေးပြုလုပ်ပါ။

✧ကျန်ရှိနေသေးသောရေဖြင့်ခွက်ကိုဆေးကြောသန့်စင်ပြီးနေရာတကျပြန်ထားပေးပါ။

4. ဝတ်ပြုနည်း(၂ကြိမ်ဦးညွတ်၂ချက်တီးတကြိမ်ဦးညွတ်)(にれいにはくしゅいちれい)

လေးနက်စွာဦးညွတ်ခြင်းကို「拝」はいလို့ခေါ်ပြီး၊လက်ခုပ်တီးခြင်းကို「拍手」はくしゅလို့ခေါ်ပါတယ်။

「拝」はいနှင့်「拍手」はくしゅနှစ်ခုလုံးသည်ဂျပန်ရိုးရာ၏အလေးပြုနည်းတစ်ခုဖြစ်ပါတယ်။

နတ်ဘုရားရှေ့မှာကျေးဇူးတင်သောစိတ်ကိုနှလုံးသွင်းပြီးဝတ်ပြုပါ။

✧ကိုယ်ဟန်အနေအထားကိုပြင်ပါ

✧ ကျောကိုဆန့်တန်းထားပါ၊ထို့နောက်ခါးကို၉၀ဒီဂရီကိုင်းပြီး၂ကြိမ်လေးနက်စွာဦးညွတ်ပါ

✧ရင်ဘက်နားလောက်မှာလက်နှစ်ဖက်ကိုပူးကပ်ထားပြီး၊ညာဘက်လက်မကိုအနည်းငယ်အောက်သို့နှိမ့်ချထားပါ

✧လက်နှစ်ဖက်လုံးကိုပုခုံးအကျယ်လောက်ဖွင့်ပြီးလက်ခုပ်၂ကြိမ်တီးပါ

(ဆုတောင်းပါဖို့မမေ့နဲ့နော် )ဆုတောင်းပြီးပါက

✧အနည်းငယ်အောက်သို့နှိမ့်ချထားသောညာဘက်လက်မကိုနဂိုအတိုင်းပြန်ထားပြီးနောက်မှာ၊

လက်အောက်ချပြီးနောက်ဆုံးတကြိမ်လေးနက်စွာဦးညွတ်ပါ။

ဝတ်ပြုပြီးသည့်နောက်မှာ၊အဆောင်လက်ဖွဲ့ရောင်းချသည့်ဆိုင်များနှင့်おみくじ(大御心)(ခေါ်)ဟောစာတမ်းပါသည့်စာရွက်များကိုလည်းကံစမ်းကြည့်နိုင်ပါတယ်။

အကျဥ်းချုပ်

ဂျပန်နိုင်ငံရဲ့နေထိုင်မှုများသာမကဂျပန်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဓလေ့ထုံးစံများကိုလည်းဆက်လက်တင်ဆက်ပေးချင်ပါတယ်၊ဂျပန်ရောက်ရင်Meiji Jinguသို့အလည်တခေါက်သွားကြည့်ပါ။

JLEFsupportကိုလည်းဆက်လက်အားပေးကြပါနော်။

Meiji Jinguဗီဒီယိုကြည့်လိုသူများအတွက်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top