ဘတ်စ်ကားလက်မှတ်ဝယ်နည်း

ပိတ်ရက်ရှည်မှာသွားလည်ဖို့စိတ်ကူးထားတဲ့သူရှိလား?ဘာနဲ့သွားဖို့စီစဥ်ထားကြလဲ?ဂျပန်နိုင်ငံမှာခရီးသွားရင်၊လမ်းပန်းဆက်သွယ်ရေးအနေဖြင့်အများဆုံးအသုံးပြုကြတာ ၃မျိုးရှိပါတယ်။

①လေယာဥ် ②ရထား၊ကျဥ်ဆံရထားဘတ်စ်ကား「ညကား・နေ့ကား」တို့ကိုအသုံးပြုကြပါတယ်။

③ဘတ်စ်ကားကိုအသုံးပြုတာက၊လေယာဥ်နဲ့ကျည်ဆံရထားတွေနဲ့ယှဥ်လျှင်စီးရတဲ့အချိန်ကြာပေမဲ့လည်း၊ခရီးဝေးတွေလည်းသွားနိုင်ပြီး၊စျေးနှုန်းလည်းသက်သာတဲ့အတွက်၊ခရီးစရိတ်ချွေတာချင်တဲ့သူတွေအများဆုံးအသုံးပြုကြပါတယ်။
ဒီနေ့ဘတ်စ်ကားလက်မှတ်ဝယ်နည်းလေးကိုရှယ်ပေးမယ်နော်။တချိန်ချိန်သွားလည်လို့ဘတ်စ်ကားလက်မှတ်ဝယ်မယ်ဆိုရင်ဒီအကြောင်းအရာလေးကအသုံးဝင်မှာပါနော်။

ဘတ်စ်ကားလက်မှတ်ဝယ်ယူရာမှာအဆင့် 5ဆင့်ပဲလိုအပ်ပါတယ်နော်။

★STEP1:「バス比較なび」ဆိုတဲ့ အက်ပလီကိုဒေါင်းလုတ်ဆွဲခြင်း

★STEP2:အချက်အလက်လေးဖြည့်ခြင်း

  • အက်ပလီကိုဖွင့်ပြီး၊ရှာဖွေချင်တဲ့အချက်အလက်လေးတွေဖြည့်ပါ

・出発地:ထွက်ခွာမည့်နေရာ
・到着地:ရောက်ရှိမည့်နေရာ
・乗車日:ဘတ်စ်ကားစီးမည့်နေ့
・昼行便 နေ့ကား (သို့) 夜行便 ညကား ကိုရွေးချယ်ပါ။

အချက်အလက်တွေဖြည့်ပြီးပါက「検索」ရှာဖွေခြင်းဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။

  • ထွက်လာတဲ့အချက်အလက်တွေအများကြီးထဲမှာမှ目的の便ဆိုတာလေးကိုမရွေးချယ်ခင်၊「所要時間」ဆိုတဲ့ကြာချိန်ဆိုတာလေးကိုသတိပြုပါ「所要時間」ဆိုသည်မှာဘတ်စ်ကားစီးရမယ်အချိန်ဖြစ်တဲ့အတွက်၊ဖြစ်နိုင်လျှင်ဘတ်စ်ကားစီးချိန်ကိုအတိုတောင်းဆုံးအချိန်ရွေးပါ။

ရွေးချယ်ပြီးပါက「予約」ကြိုတင်မှာကြားခြင်းဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါကဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါလိမ့်မယ်။

★STEP3:ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါကကြိုတင်မှာကြားခြင်းကိုပြုလုပ်ပါ

<画面①>
・ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်မှတဆင့်ယာဥ်ပြေးဆွဲ‌သောအချိန်ဇယားကိုစစ်ဆေးကြည့်ပြီး၊မိမိစီးမယ့်ရက်ကိုရွေးချယ်ပါ
・စီးမည့်ဦးရေ(ကျား/မရွေးချယ်ခြင်း)နှင့်ဘတ်စ်ကားစီးမည့်နေရာနှင့်ဆင်းမည့်နေရာကိုရွေးချယ်ပါ
・傷害保険ဆိုသည့်မတော်မဆအာမခံဝင်ပါ
・「次へ」ဆိုသည့်ခလုတ်ကိုနှိပ်ပါ

<画面②>
・မိမိရွေးချယ်ခဲ့သောဘတ်စ်ကား၏အချက်အလက်များကိုသေချာပြန်စစ်ပါ
・လက်မှတ်ပယ်ဖျက်ခြင်းအတွက်ပြန်အမ်းငွေနှင့်ပတ်သက်ပြီးသေချာစစ်ကြည့်ပါ
・စစ်ဆေးပြီးပါက「カートに追加」ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။

<画面③>
「カート内のプランの予約へ進む」「လှည်းတွင်းထည့်ထားသောအစီအစဥ်ကိုကြိုတင်မှာကြားခြင်းပြုလုပ်ရန်」ဆိုသည့်ခလုတ်ကိုနှိပ်ပါ

<画面④>
「新規会員登録をしないで予約へ」「မန်ဘာမဝင်ပဲကြိုတင်မှာကြားခြင်း」ဆိုသည့်ခလုတ်ကိုနှိပ်ပါ

<画面⑤>
အသုံးပြုမည့်သူ၏အချက်အလက်များကိုဖြည့်ပါ

  • メールアドレス အီးမေးလ်
  • 氏名 နာမည်
  • 生年月日 မွေးသက္ကရာဇ်
  • 性別 ကျား/မ
  • 電話番号 ဖုန်းနံပါတ်
  • 郵便番号 စာတိုက်နံပါတ်
  • 住所 လိပ်စာ
  • ငွေပေးချေနည်းဆိုသည့်နေရာမှာ「コンビニ」ကွန်ဘိနိကိုရွေးချယ်ပါ

ခရတ်ဒစ်ကတ်သို့မဟုတ်ကွန်ဘိနိဖြင့်ပေးချေလို့ရပါတယ်။ခရတ်ဒစ်ကတ်ရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားမှာစိုးရိမ်တဲ့သူများအတွက်၊ကွန်ဘိနိမှာပဲပေးချေဖို့အကြံပြုပါရစေ

  • မိမိနဲ့အနီးဆုံးကွန်ဘိနိကိုရွေးချယ်ပါ။(例:family mart)
  • ငွေပေးချေရန်နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ကိုသတိပြုပါ
  • အမှတ်ခြစ်ပြီးလျှင်「予約内容の確認画面」「အချက်အလက်များကိုအတည်ပြုစစ်ဆေးခြင်း」ဆိုတာကိုအမှတ်ခြစ်ပြီးပါ

<画面⑥>
နောက်ဆုံးအတည်ပြုခြင်း

အမှန်ခြစ်ပြီး「旅行条件に同意し、予約を完了する」「အကြောင်းအရာများကိုသဘောတူပြီး၊ကြိုတင်မှာကြားခြင်းကိုပြုလုပ်မည်」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ ➡ 完了ပြီးဆုံးပါပြီ။

★STEP4:အီးမေးလ်ကိုဖွင့်ပြီး၊လက်ခံဖြတ်ပိုင်းနံပါတ်ကိုစစ်ဆေးကြည့်ပါ

★STEP5:family martသို့သွားပြီးFamiポートဆိုတဲ့စက်မှာပေးဆောင်ရန်အတွက်စာရွက်ကိုထုတ်ပြီး
ငွေရှင်းကောင်တာမှာထုတ်ပြရမှာပါ

  • ①「代金支払い」ငွေပေးချေရန် ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
  • ②「番号を入力する」ဂဏန်းဖြည့်ရန်ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
  • ③「収納番号の左5桁」အီးမေးလ်ထဲတွင်ရောက်ရှိနေသ‌သောဂဏန်းများထဲမှ ဘယ်ဘက်ဂဏန်း ၅လုံးကိုရိုက်ထည့်ပြီး「OK」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
  • ④「収納番号の右12桁」အီးမေးလ်ထဲတွင်ရောက်ရှိနေသ‌သောဂဏန်းများထဲမှ ညာဘက်ဂဏန်း ၁၂လုံးကိုရိုက်ထည့်ပြီး「OK」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
  • ⑤အချက်အလက်များကိုအတည်ပြုပြီး「同意して進む」သဘောတူပြီးရှေ့ဆက်ရန်ဆိုသည့်ခလုတ်ကိုနှိပ်ပါ
  • ⑥အချက်အလက်များကိုအတည်ပြုပြီး「確認」အတည်ပြုပြီးကြောင်းဆိုသည့်ခလုတ်ကိုနှိပ်ပါ
  • ⑦စက်မှထွက်ရှိလာသောစာရွက်ကိုယူဆောင်ပြီးငွေရှင်းကောင်မှာပြပါ

လက်ငင်းငွေသားနဲ့ပဲချေလို့ရမှာဖြစ်ပါတယ်။ငွေပေးချေပြီးလျှင်လက်ခံဖြတ်ပိုင်းထုတ်ပေးမှာဖြစ်လို့သေချာသိမ်းထားပါ။

အကျဥ်းချုပ်

ဒီနေ့မိတ်ဆက်ပေးတာကတော့ဂျပန်ပြည်တွင်းခရီးသွားတာမျိုးပြုလုပ်တဲ့အခါမှာဘတ်စ်ကားကိုအသုံးပြုခြင်းကပိုပြီးစျေးသက်သာကြောင်းနဲ့လက်မှတ်ဝယ်နည်းကိုမိတ်ဆက်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာပိုက်ဆံရှာဖို့အတွက်အလုပ်လုပ်တာကအရေးကြီးပေမဲ့လည်း၊စိတ်ဖိစီးမှုများမဖြစ်အောင်လည်းခရီးထွက်ခြင်း၊သွားလည်ခြင်းတို့ဖြင့်စိတ်အပြောင်းအလဲများကိုပြုလုပ်သင့်ပါတယ်။ဘတ်စ်ကားနဲ့သွားဖို့စီစဥ်ထားမယ်ဆိုရင်ကြိုတင်ဝယ်ထားပါက၊ခါတိုင်းထက်စျေးနည်းနည်းပိုသက်သာပါတယ်နော်။

ရှေ့ဆက်ပြီးဂျပန်မှာနေထိုင်တဲ့သူငယ်ချင်းတွေအတွက်အသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုဆက်လက်မိတ်ဆက်ပေးပါအုံးမယ်နော်။ JLEFsupportကိုအမြဲကြည့်ရှုအားပေးနေကြတဲ့သူငယ်ချင်းများကိုအမြဲကျေးဇူးတင်လျက်ပါနော်!

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top