ပန်းဝတ်မှုံဓါတ်မတည့်ခြင်း

ဂျပန်ရောက်ပြီဆိုရင်「花粉症」လို့ခေါ်တဲ့ပန်းဝတ်မှုံနဲ့ဓါတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။ဂျပန်ရောက်ခါစတုန်းကတော့ဘာမှမဖြစ်တဲ့သူများပေမဲ့၊ဒုတိယနှစ်ရောက်ရင်ရုတ်တရက်ဖြစ်တာမျိုးလည်းကြုံတတ်ပါတယ်နော်။တကယ်လို့များရုတ်တရက်ကြီးဖြစ်လာခဲ့ရင်ဘာတွေလုပ်သင့်လဲ?ဆောင်ရန်ရှောင်ရန်လေးတွေသိထားရင်ကိုယ့်အတွက်အခက်အခဲမဖြစ်တော့ဘူးပေ့ါနော်။

ဒီနေ့ပန်းဝတ်မှုံအကြောင်းနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးမယ်နော်။ 

・ပန်းဝတ်မှုံဖြစ်စေတဲ့အကြောင်းအရင်း?
・ပန်းဝတ်မှုံနဲ့ဓါတ်မတည့်တာဟာရောဂါတမျိုးလား?
・ပန်းဝတ်မှုံဓါတ်မတည့်တာမျိုးမဖြစ်အောင်ကာကွယ်လို့ရလား?
・ကုသလို့ကောရလား? 

1. ပန်းဝတ်မှုံဖြစ်စေတဲ့အကြောင်းအရင်း?

ပန်းဝတ်မှုံအလာဂျစ်အဖြစ်များဆုံးအချိန်ကတော့ 3လပိုင်း~4လပိုင်း ၊နွေဦးရာသီတွေမှာအဖြစ်များပါတယ်။ပန်းဝတ်မှုံလို့ခေါ်ကြတဲ့အတွက်ပန်းကနေလာတဲ့အမှုံတွေကြောင့်ဖြစ်တာလို့လည်းတချို့ကထင်ကြတယ်။တချို့ကျတော့လည်း ဆာကူရာပန်းလေးတွေရဲ့ဝတ်မှုံကြောင့်လို့လည်းပြောကြတယ်ပေါ့နော်။

တကယ့်ပန်းဝတ်မှုံအလာဂျစ်ကိုဖြစ်စေတဲ့အကြောင်းရင်းကတော့

・スギ花粉 လို့ခေါ်တဲ့ သစ်ကတိုးပင်ကနေလွင့်လာတဲ့ဝတ်မှုံ

・ヒノキ花粉 လို့ခေါ်တဲ့ဂျပန်ကျောက်ပန်းပင်ကနေလွင့်လာတဲ့ဝတ်မှုံ

・ブタクサ花粉လို့ခေါ်တဲ့Ragweedလို့ခေါ်တဲ့မြက်ပင်ပေါင်းပင်ကနေလာတဲ့ဝတ်မှုံ စတဲ့ပန်းဝတ်မှုံတွေကြောင့်ဖြစ်ပါတယ်။

2.  လက္ခဏာများ

အဖြစ်များတဲ့လက္ခဏာတွေကတော့

●နှာခြေခြင်း

●နှာရည်ယိုခြင်း

●နှာပိတ်ခြင်း

●မျက်ရည်ထွက်ခြင်း၊မျက်လုံးယားယံခြင်း

အရမ်းဆိုးဝါးတဲ့သူတွေဆိုရင်တော့မျက်လုံးများယောင်ယမ်းခြင်းလက္ခဏာတွေဖြစ်တတ်တဲ့အတွက်ချက်ချင်းဆေးရုံကိုသွားပြဖို့အကြံပြုပါရစေ။

3. ကြိုတင်ကာကွယ်ခြင်း၊ကုသခြင်း

ကုသလို့ရတဲ့နည်းလမ်းတွေရှိသလို၊လက္ခဏာပေါ်မူတည်ပြီးသောက်ဆေးနဲ့လိမ်းဆေးဆိုပြီးခွဲခြားထားတာမျိုးလည်းရှိပါတယ်။

・မျက်လုံးယားယံခြင်းအတွက်:မျက်စဥ်းဆေးရည်ထည့်ခြင်းနှင့်မျက်မှန်တပ်ဆင်ခြင်းစသဖြင့်
・နှာရည်ယိုခြင်းအတွက်:သောက်ဆေးသုံးစွဲခြင်းများဖြင့်ကြိုတင်ကာကွယ်လို့ရပါတယ်။

 ဆေးဆိုင်တွေမှာဝယ်မယ်ဆိုရင်(ドラッグストア)

ပန်းဝတ်မှုံအလာဂျစ်မဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ဆေးဆိုင်တွေမှာဆေးဝယ်ယူမယ်ဆိုရင်『花粉』かふん、『鼻炎』びえん、『鼻みず』はなみず、『鼻づまり』はなづまり、『くしゃみ』စတဲ့စာလုံးလေးတွေပါတဲ့ဆေးမျိုးကိုဝယ်ဖို့အကြံပေးပါရစေ။

ဂျပန်လူမျိုးတွေအသုံးများတဲ့ဆေးလေးတွေကိုနမူနာအနေနဲ့မိတ်ဆက်ပေးမယ်နော်။
*ရွေးချယ်ထားတဲ့ဆေးတွေကကိုယ်ပိုင်ထင်မြင်ချက်ပါနော်။

アレルビ フェキソフェナジン塩酸塩錠

အောက်မှာနမူနာပါတယ်နော်။

ပန်းဝတ်မှုံတွေကြောင့်ဖြစ်တဲ့နှာရည်ယိုခြင်း၊နှာပိတ်ခြင်း၊နှာခြေခြင်းလက္ခဏာတွေအတွက်ထိရောက်မှုရှိပါတယ်။

၁ရက်ကို၂ကြိမ်သောက်သုံးနိုင်ပါတယ်။

コルゲンコーワ鼻炎フィルムα

နှာရည်ယိုခြင်း၊နှာပိတ်ခြင်း၊နှာခြေခြင်းလက္ခဏာတွေအတွက်ထိရောက်မှုရှိပါတယ်။

၁ရက်ကို၃ကြိမ်သောက်သုံးနိုင်ပါတယ်။

*15နှစ်မပြည့်‌သေးတဲ့ကလေးသူငယ်များ သောက်သုံးလို့မရတဲ့ဆေးရှိလို့ဆေးညွှန်းကိုသေချာဖတ်ပြီးမှသောက်ပါနော်

ဆေးရုံသွားပြီးပြတဲ့သူများအတွက်၊ဆေးရုံမှပေးသောဆေးညွှန်းကိုယူပြီးဝယ်ယူတဲ့သူတွေအတွက်

တခြားသူတွေထက်လက္ခဏာအရမ်းဆိုးဆိုးဝါးဝါးဖြစ်နေပါက၊ဆေးရုံသို့သွားပြီးဆရာဝန်နဲ့တတ်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူတာပိုကောင်းပါတယ်။ဆရာဝန်ရဲ့ဆေးညွှန်းကိုလက်ခံရရှိပြီးဆေးကိုဝယ်ယူပါ။ဆေးခန်းပြခြင်းသည်သင့်ရဲ့လက္ခဏာအခြေအနေများကိုဆုံးဖြတ်ပေးနိုင်ပြီးသင့်လျော်သောဆေးကိုလည်းညွှန်းပေးနိုင်တဲ့အတွက်တတ်နိုင်သမျှမြန်မြန်ပြသဖို့လိုအပ်ပါတယ်။ 

အကျဥ်းချုပ်

ဂျပန်မှာနေထိုင်နေစဥ်ကာလအတွင်းမှာကိုယ်ခံအားကောင်းနေဖို့လိုပါတယ်နော်။ကိုယ်ခံအားကျဆင်းရင်တော့ပန်းဝတ်မှုံလေးတွေကိုအနိုင်ပေးသလိုဖြစ်နေမယ်နော်။ခုချိန်ထိပန်းဝတ်မှုံဓါတ်မတည့်တာမျိုးမဖြစ်သေးလို့ဆိုပြီးပေါ့ဆမနေနဲ့နော်။ရုတ်တရက်ဖြစ်နိုင်တာမျိုးလည်းဖြစ်လို့၊နွေဦးကာလ၃လပိုင်းကနေ၄လပိုင်းအတွင်း၊မျက်လုံးယားယံတာမျိုး၊နှာရည်ယိုတာမျိုးဖြစ်တတ်တဲ့အတွက်ဂရုစိုက်ကြပါနော်။

ဂျပန်ကိုသဘောကျလို့‌ရောက်လာတဲ့မောင်လေးညီမလေးတွေလည်းပန်းဝတ်မှုံဓါတ်မတည့်တဲ့လက္ခဏာမျိုးတွေကြောင့်စိတ်အနှောက်ယှက်ဖြစ်တာမျိုးကိုမလိုလားပါဘူး။ဒါကြောင့်မဖြစ်အောင်ကြိုတင်ကာကွယ်ရအောင်နော်။

အမြဲတမ်းJLEFsupportကိုကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်၊ဆက်လက်အားပေးကြပါနော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top