အလုပ်လက်မဲ့ထောက်ပံ့ကြေးPart-2

Part -1မှာတော့အလုပ်လက်မဲ့ထောက်ပံ့ကြေးရယူဖို့အခြေခံအကြောင်းအရာနဲ့လိုအပ်ချက်တွေကိုရှင်းပြထားပေးပါတယ်နော်။

ဒီနေ့Part -2မှာတော့၊「အလုပ်လက်မဲ့ထောက်ပံ့မှုလက်ခံရရှိရန်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်」ကိုရှင်းပြမှာဖြစ်ပါတယ်။

⒈ ထောက်ပံ့မှုရရှိရန်လိုအပ်သည့်အရာများ

နေအိမ်နှင့်အနီးဆုံးHello Workသို့သွားပြီး「求職の申込み」၊「အလုပ်ရှာဖွေမှုလျှောက်လွှာတင်ခြင်း」လုပ်ထုံးလုပ်နည်းကိုလုပ်ဆောင်ပါ။အောက်ပါအချက်အလက်များမှာလိုအပ်သောစာရွက်စာတမ်းများဖြစ်လို့ကိုယ်နှင့်တပါးတည်းယူဆောင်သွားပါ။

★ 離職票1အလုပ်ထွက်ထားကြောင်းကဒ်ပြား-1
★ 離職票2အလုပ်ထွက်ထားကြောင်းကဒ်ပြား-2
★ マイナンバーカードmy number card

【my number cardမရှိသေးတဲ့သူများသည်အောက်ပါစာရွက်စာတမ်းများယူဆောင်သွားပါ။
・通知カード(ခေါ်)ကိုယ်ပိုင်နံပါတ်အကြောင်းကြားကဒ် (မူရင်း) သို့မဟုတ် ကိုယ်ပိုင်နံပါတ်‌ရေးသွင်းထားသောအိမ်ထောင်စုစာရွက်ကော်ပီ 
・ID(အမှန်တကယ်တည်ရှိမှု)အတည်ပြုနိုင်သောစာရွက်စာတမ်းများအဖြစ်အစိုးရရုံးမှထုတ်ပေးသောမှတ်ပုံတင်ကတ်:ဥပမာ ဇိုင်းလျူးကဒ်(နေထိုင်ခွင့်ကဒ်)၊ ပက်စပို့စသဖြင့်】

★ ကာယကံရှင်၏တံဆိပ်တုံး
★ ကာယကံရှင်နာမည်ပါငွေစုစာအုပ် သို့မဟုတ် ATMကဒ်
★ ဓါတ်ပုံ ၂ပုံ:ဒေါင်လိုက် 3cm、အလျားလိုက် 2.5cm(လတ်တလောပုံ၊အရှေ့ခန္ဓာကိုယ်အပေါ်ပိုင်းပုံ)

⒉ ထောက်ပံ့မှုကိုလက်ခံရရှိရန်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်

  1. (အောက်မှာဖော်ပြထားသောလင့်ခ်တွင်ကြည့်ပါ)
    မြန်မာဘာသာလင့်လခ်ပါ(pdfဖိုင်)

https://jsite.mhlw.go.jp/tokyo-roudoukyoku/content/contents/000758895.pd

*参考:東京ハローワーク
https://jsite.mhlw.go.jp/tokyo-hellowork/kakushu_jouhou/koyouhoken/koyouhoken/QA/kyuusyokusyakyuufu_QA.html

★ Hello Workသို့သွားပြီး「求職の申込み」အလုပ်ရှာဖွေမှုလျှောက်လွှာတင်ပြီး離職票/求職票の提出ကိုပါတင်ပြပါ။

★ စောင့်ဆိုင်းကာလနှင့်အကျိုးခံစားခွင့်ကန့်သတ်ချက် 

・ကုမ္ပဏီမှအလုပ်ထုတ်ခြင်း၊စာချုပ်ကာလပြီးဆုံးခြင်းကြောင့်အလုပ်ထွက်သောသူများမှာအလုပ်ထွက်ထားကြောင်းကဒ်ပြားကိုတင်ပြပြီးအလုပ်ရှာဖွေမှုလျှောက်လွှာတင်ပါ။7ရက်ကြာအလုပ်လက်မဲ့ဖြစ်နေသည့်ရက်(စောင့်ဆိုင်းကာလ)ကျော်လွန်ပြီးနောက်တွင်ထောက်ပံ့မှုကိုစတင်မှာဖြစ်ပါတယ်။

・မိမိအခြေအနေအရအလုပ်ထွက်ခြင်း၊အပြစ်ဒဏ်အရအလုပ်မှပယ်ထုတ်ခြင်းတို့ကြောင့်အလုပ်ထွက်ခဲ့ရသောသူများမှာအလုပ်ထွက်ထားကြောင်းကဒ်ပြားကိုတင်ပြပြီး၊အလုပ်ရှာဖွေမှုလျှောက်လွှာတင်ပြီးနောက်7ရက်ကြာအလုပ်လက်မဲ့ဖြစ်နေသည့်ရက်(စောင့်ဆိုင်းကာလ)+ 3လတာ(အကျိုးခံစားခွင့်ကန့်သတ်ချက်)‌ ကျော်လွန်ပြီးနောက်ထောက်ပံ့မှုကိုစတင်မှာဖြစ်ပါတယ်။

・သို့ရာတွင်မိမိအခြေအနေအရအလုပ်ထွက်ရာတွင်လည်းအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ထောက်ပံ့ကြေးခံစားခွင့်မရရှိနိုင်တာမျိုးလည်းရှိတတ်သည့်အတွက်ကြောင့်ဟဲလိုဝေ့ါခ်တွင်တိုင်ပင်ဆွေးနွေးဖို့အကြုံပြုပါရစေ။

★ အလုပ်အာမခံရှင်းလင်းပွဲနှင့်အလုပ်လက်မဲ့ထောက်ခံချက်ပေးသည့်ရက်များကိုတက်ရောက်ရမည်ဖြစ်သည်။အကယ်လို့အကြောင်းအမျိုးမျိုးကြောင့်တက်ရောက်နိုင်ခြင်းမရှိပါက၊မပျက်မကွက်ဖုန်းဆက်အကြောင်းကြားပါ။အကြောင်းကြားမှုမရှိပဲတက်ရောက်ခြင်းပျက်ကွက်ခဲ့ပါက၊သတ်မှတ်ချက်အရအခြေခံထောက်ပံ့ကြေးကိုခံစားခွင့်မရှိပါ။

★ ထောက်ခံချက်ပေးသည့်ရက်တိုင်း(‌ယေဘုယျစည်းမျဥ်းအနေဖြင့် 4ပတ်လျှင်1ကြိမ်)တွင်အလုပ်လက်မဲ့ထောက်ခံချက်တောင်းခံလွှာကိုတင်ပြပါ။

★ထို့နောက်တပတ်အကြာလောက်တွင်ငွေလွှဲမှုများကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။

⒊ အလုပ်သစ်ပြန်ဝင်ရောက်ရာတွင်လုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်းများ

  • အလုပ်လက်မဲ့ထောက်ပံ့ကြေးကိုလက်ခံရရှိနေစဥ်အတွင်းအလုပ်အသစ်ဝင်ရောက်ရန်ဆုံးဖြတ်ပြီးပါက၊ကာယကံရှင်ကိုယ်တိုင်အလုပ်ဝင်ရောက်ရန်လျှောက်တင်ပြီး၊အလုပ်ဆင်းမည့်ရက်မတိုင်ခင်ထောက်ခံချက်ကိုလက်ခံရရှိပါ။ ※စာတိုက်မှတဆင့်ပို့ခြင်း၊ကိုယ်စားလျှောက်တင်ခြင်းတို့မှာလုံးဝအကျုံးမဝင်ပါ။
  • အလုပ်လက်မဲ့ထောက်ပံ့ကြေးကိုလက်ခံရရှိနေစဥ်အတွင်းအလုပ်အသစ်ဝင်ရောက်ရန်ဆုံးဖြတ်ပြီးပါက၊သတ်မှတ်ထားသောလိုအပ်ချက်များပြည့်မီပါက「အလုပ်သစ်ပြန်လည်ဝင်ရောက်ခြင်းခံစားခွင့်」နှင့်နယ်ရပ်ဝေးပြောင်းရွှေ့ရခြင်းရှိပါက「ပြောင်းရွှေ့ခြင်းခံစားခွင့်」ပါအကျိုးခံစားနိုင်ပါတယ်။

အသေးစိတ်ကိုတော့အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်(ဂျပန်ဘာသာဖြင့်)

▼「広域求職活動費」 と 「移転費」 のご案内
https://www.mhlw.go.jp/file/06-Seisakujouhou-11600000-Shokugyouanteikyoku/0000190023.pdf 

▼再就職手当のご案内

https://www.hellowork.mhlw.go.jp/doc/saishuushokuteate.pdf

အလုပ်သစ်ပြန်လည်ဝင်ရောက်ခြင်းခံစားခွင့်(မြန်မာလိုကြည့်ရှုလိုပါကအောက်ပါလင့်ခ်တွင်ပြန်ကြည့်ပါရန်)

https://jsite.mhlw.go.jp/tokyo-roudoukyoku/content/contents/000758895.pd

အောက်ပါအခြေအနေများဖြစ်ပေါ်ခဲ့ပါက၊အခြေခံခံစားခွင့်ထောက်ပံ့မှုရရှိရန်ခက်ခဲနိုင်ပါတယ်

  • နာမကျန်းဖြစ်ခြင်း၊ဒဏ်ရာရခြင်းတို့ကြောင့်အလုပ်မလုပ်နိုင်ခြင်း၊
  • ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးခြင်း၊ကလေးပြုစုစောင့်ရှောက်ခြင်းကြောင့်အလုပ်မဝင်နိုင်ခြင်း၊
  • အသက်၆၀နှင့်အထက်သက်ပြည့်အငြိမ်းစားယူခြင်းတို့ကြောင့်အလုပ်ထွက်ပြီးခဏတာအနားယူနေခြင်း
  • မင်္ဂလာဆောင်ခြင်းကြောင့်ချက်ခြင်းအလုပ်မဝင်သေးပဲအိမ်မှုကိစ္စများကိုလုပ်ရန်ဆုံးဖြတ်ထားသူများသည်ထောက်ပံ့မှုရရှိရန်ခက်ခဲနိုင်ပါသည်။

    အလုပ်ထောက်ပံ့ကြေးခံစားခွင့်ရရှိရန်အတွက်မသမာသောနည်းလမ်းများဖြင့်ပြုလုပ်ခြင်းများကိုစစ်ဆေးတွေ့ရှိခဲ့ပါကထောက်ပံ့ကြေးလက်ခံရရှိပြီးသည်ဖြစ်စေ၊လက်ခံရရှိဖို့ရှိသည်ဖြစ်စေ၊ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။ထို့အပြင်ရရှိထားသည့်ငွေမပမာ၏၂ဆကိုဆတိုးပြန်ပေးရမှာဖြစ်ပါတယ်။ဥပဒေအရအရေးယူခံရခြင်း၊ဒဏ်ကြေးငွေများကိုပေးဆောင်ရမှာဖြစ်ပါတယ်။ကာယကံရှင်သာမကကုမ္ပဏီဘက်မှလည်းပူးပေါင်းပါဝင်ခြင်းများရှိပါက၊ကုမ္ပဏီမှလည်းတာဝန်ယူခြင်းများကိုပြုလုပ်ရမည်ဖြစ်ပြီး၊တရားစွဲခံရခြင်းများဒဏ်ခတ်ခြင်းများကိုခံရမှာဖြစ်ပါတယ်။

အကျဥ်းချုပ်

ဒီစာလေးကိုဖတ်ပြီးတော့အကြမ်းဖြင်းနားလည်သွားကြပြီလားသူငယ်ချင်းတို့‌ရေ။အကယ်လို့နားမလည်သေးဘူးမေးစရာရှိသေးတယ်ဆိုရင်JLEFsupportကိုဆက်သွယ်လိုက်ပါ‌နော်။

အလုပ်လက်မဲ့ထောက်ပံ့ကြေးရယူဖို့အခြေခံအကြောင်းအရာနဲ့လိုအပ်ချက်တွေကိုသိချင်တယ်ဆိုရင်「အလုပ်လက်မဲ့ထောက်ပံ့ကြေး PART1」မှာအသေးစိတ်ရှင်းပြထားတာပါတယ်။အမြဲတမ်းJLEFsupportကိုကြည့်ရှုအားပေးကြတဲ့သူငယ်ချင်းများကိုအထူးပဲကျေးဇူးတင်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top