အချိန်တိုအတွင်းဂျပန်စာ N3အောင်ဖို့နည်းလမ်း


4လပိုင်း21ရက်နေ့တွင် Akamonkai Japanese Language schoolမှ条先生(じょうဆန်းဆေး)ကိုဖိတ်ကြားခဲ့ပြီး【အချိန်တိုအတွင်းဂျပန်စာN3သင်ယူအောင်မြင်ခြင်းနည်းလမ်းအတွက်ရှင်းလင်းချက်】နှင့်ပတ်သက်‌သောWebinarကိုကျင်းပခဲ့ပါတယ်။နိုင်ငံခြားသားများအတွက်အဓိကထားပြီးပြောပြသွားခြင်းဖြစ်ပြီးထိုအကြောင်းအရာကိုအတိုချုံ့ပြီးတင်ပြပေးလိုက်ပါတယ်။

条先生(じょうဆန်းဆေး)သည်တက္ကသိုလ်တွင်ဂျပန်စာပေကိုလေ့လာခဲ့ပြီး၊နိုင်ငံခြားသားများစွာကိုဂျပန်စာသင်ကြားခဲ့ပါသည်။


ယခုတခေါက်Webinarတွင်
1.ဂျပန်ဘာသာစကားကျွမ်းကျင်မှုကိုမြန်မြန်ဖြေဆိုအောင်မြင်နည်း
2.ဂျပန်ကိုသွားချင်သူများအတွက်ဂျပန်မလာခင်လုပ်သင့်သည့်အရာများကိုပြောပြ‌ပေးခဲ့ပါတယ်

အရင်ဆုံး
1.ဂျပန်ဘာသာစကားကျွမ်းကျင်မှုကိုမြန်မြန်ဖြေဆိုအောင်မြင်နည်းနှင့်ပတ်သက်ပြီး…
基礎が大切「အခြေခံကအရေးကြီးဆုံး」ပါပဲလို့ပြောသွားပါတယ်။ 

ဂျပန်စာN3အရည်ချင်းစစ်စာမေးပွဲ၏အမှတ်ပြည့်သည်180ဖြစ်ပြီး၊အောင်မှတ်မှာ95မှတ်ဖြစ်သည်။သဘောက စာမေးပွဲတွင်တစ်ဝက်လောက်မှန်‌ခဲ့ရင်ဖြေဆိုအောင်မြင်နိုင်ပါတယ်။N4ကိုကပ်ပြီးအောင်ထားသည့်သူများသည်အခြေခံမပိုင်သည့်အတွက်N3ကိုလေ့လာခဲ့လည်းပဲဖြေဆိုအောင်မြင်ဖို့ခက်ခဲပါလိမ့်မယ်။

N3ဖြေဆိုအောင်မြင်ရန်အတွက်လိုအပ်သည့်အခြေခံဆိုသည်မှာ「ယခုအချိန်အထိသင်ယူထားသည်များကိုအပြည့်အဝနားလည်ခြင်း」ကိုဆိုလိုပါသည်။

  • Kanjiတရုတ်အက္ခရာများနှင့်စကားလုံးများ
  • ဝိဘတ်(「が」「を」「に」「の」「と」)အသုံးပြုနည်း
  • အမေးစကားလုံး(なに?だれ?どこ?いつ?なぜ?どのように?)
  • ဝါကျ၏အဆုံးသတ်(~がほしいです。~といいます。~ませんか。~しましょうか。~してもいいですか。等)အသုံးပြုနည်းစသည်တို့ကိုသေချာစွာနားလည်သ‌ဘောပေါက်ပြီး၊အသုံးပြုနိုင်ရမည်။

N4မှာအခြေခံကိုပိုင်ထားသူများသည်

  • ဂျပန်စာအရည်ချင်းစစ်စာမေးပွဲN3ကိုအချိန်အကြာကြီးမပေးရပဲဖြေဆိုအောင်မြင်နိုင်ခြင်း
  •  N3၏စကားလုံးများနှင်သဒ္ဒါများကိုမသိသော်လည်းN4အထိကျွမ်းကျင်စွာသင်ယူခဲ့သောအသိပညာဖြင့်အဖြေများကိုခန့်မှန်းနိုင်ခြင်းများကြောင့်ဖြေဆိုအောင်မြင်ရန်လွယ်ပါသည်။

ဆန့်ကျင်ဘက်အနေနှင့်N4အထိသင်ခဲ့သောအကြောင်းအရာများကိုနားမလည်ပဲ N3ရဲ့ဖတ်စာအုပ်နှင့်မေးခွန်းများကိုထပ်ခါတလဲလဲလေ့ကျင့်လည်းပဲရလဒ်ကောင်းထွက်ရန်အချိန်တော်တော်ယူရမည်ဖြစ်သည်။

ဆက်လက်ပြီး

2.ဂျပန်ကိုသွားချင်သူများအတွက်ဂျပန်မလာခင်လုပ်သင့်သည့်အရာများနှင့်ပတ်သက်ပြီး

  • Hiragana,Katakanaကိုမှန်ကန်စွာမှတ်သားရန်(စာလုံးများသာမကအသံထွက်ကိုလည်းမှန်ကန်စွာမှတ်သားပါ)
  • အခန်းတွင်းရှိအရာများ၊မြို့နှင့်ပတ်ဝန်းကျင်တွင်မြင်ခဲ့သောအရာများကိုဂျပန်လိုပြောနိုင်ရန်အတွက်၊စကားလုံးများကိုအများကြီးလေ့လာရန်
  • ဂျပန်နိုင်ငံကိုအလုပ်နဲ့လာရဖို့သေချာတဲ့သူတွေက၊ထိုအလုပ်နဲ့ပတ်သက်တဲ့စကားလုံးများကိုကြိုတင်လေ့လာထားရန်ဖြစ်ပါတယ်။

နေ့စဥ်ဘဝမှာလည်းဂျပန်စာကိုကြိုးစားအားထုတ်ရန်အလွန်အရေးကြီးပါတယ်။



ကျွန်တော်တို့ JLEF support အဖွဲ့မှလည်း条先生(じょうဆန်းဆေး)မေးခွန်းများမေးခဲ့ပါတယ်

မေးခွန်း ①:N3ကိုလေ့လာစဥ်၊နိုင်ငံခြားသားများကိုအခက်တွေ့စေတဲ့အရာကဘာလဲ?အဲ့တာကို‌ကျော်ဖြတ်ဖို့နည်းလမ်းကိုလည်းပြောပြပေးပါ။

条先生:အရမ်းအခက်တွေ့စေတဲ့အရာကတော့「語彙」လို့ခေါ်တဲ့ဝေါဟာရပါပဲ။
ကျော်ဖြတ်နိုင်တဲ့နည်းတွေကတော့ ဝေါဟာရကိုတခုတည်းသီးသန့်ကျက်တာမျိုးမလုပ်ပဲစကားလုံးတွေကိုတွဲကျက်ဖို့အကြံပေးချင်ပါတယ်။
ဥပမာ…   「はっきり」→「はっきりわかった!」
     「さっぱり」→「シャワーをして、さっぱりした!」ဆိုပြီးတွဲမှတ်ပါ
နောက်ပြီးနားမလည်တာရှိရင်လည်းအမြဲလိုလိုဖုန်းကိုအသုံးပြုပြီးရှာဖွေတာမျိုးပြုလုပ်ပါ။

မေးခွန်း②:Akamonkai Japanese Language schoolမှာဆရာ/မတွေကဘယ်လိုsupportingမျိုးလုပ်ပေးပါသလဲ?

条先生:စာမေးပွဲနီးလာတာနဲ့အမျှစာမေးပွဲမေးခွန်းပုံစံများကိုကျင့်သားရအောင်တကယ်စာမေးပွဲဖြေနေတဲ့ပုံစံမျိုးနဲ့လေ့ကျင့်ပေးပါတယ်။ဒါ့အပြင်စာမေးပွဲဖြေဖို့‌ဖောင်လျှောက်ရာမှာအခက်ခဲဖြစ်တဲ့သူတွေကိုဖောင်တင်တာမျိုးပြုလုပ်‌ပေးပါတယ်။

မေးခွန်း③:စကားပြောတိုးတက်အောင်ဘယ်လိုလုပ်သင့်ပါသလဲ?

条先生:စကားပြောတိုးတက်ဖို့ စကားတွေအများကြီးပြောဖို့လိုပါတယ်။အဲ့ဒီလိုပြောတဲ့အခါမှာလည်းကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုစကားပြောတာပိုကောင်းပါတယ်။
ဥပမာ မနေ့ကဘာလုပ်ခဲ့လဲ?မနက်စာဘာစားခဲ့လဲ စသဖြင့်ပေါ့နော်။
ဖတ်စာအုပ်ကိုပဲဖတ်နေရင်တော်တော်နဲ့စကားပြောမကျွမ်းကျင်မှာမဟုတ်ပါဘူး။ကြိုးစားပြီးပြောဖို့တိုက်တွန်းပါတယ်။

POINTဂျပန်ဘာသာစကားတိုးတက်စေရန်နည်းလမ်းများ

  • ဂျပန်လူမျိုးနှင့်စကားပြောခြင်း!(ကိုယ့်ဘက်ကစကားပြောရဲအောင်ကြိုးစားပါ၊မှားမှာကိုမကြောက်ပဲအရင်ဆုံးစကားစ,ပြောနိုင်ဖို့ကိုပဲအာရုံထားပါ)
  • Shadowing(ကြားခဲ့ရတဲ့စကားလုံးကိုပါးစပ်မှထပ်ခါတလဲလဲလိုက်ပြောကြည့်ခြင်း)
  • ဂျပန်သီချင်းများကိုနားထောင်ခြင်း
  • ဂျပန်ဗီဒီယိုများနှင့်ကာတွန်းများကိုကြည့်ခြင်း
  • မြန်မာလူမျိုးအချင်းချင်းဖြစ်သော်လည်းမိခင်ဘာသာစကားကိုအသုံးမပြုပဲ၊ဂျပန်ဘာသာဖြင့်သာစကားပြောခြင်း၊စာပို့ခြင်းတို့ဖြင့်ဂျပန်စကားတိုးတက်အောင်ပြုလုပ်နိုင်ပါသည်။

Webinarတွင်ဝင်ရောက်နားထောင်ပေးကြသူများထံမှမေးခွန်းများစွာမေးမြန်းထားခြင်းများကြောင့်မိနစ် ၃၀ကြာအချိန်ထပ်တိုးခဲ့ရပါတယ်။Webinarတွင်ပါဝင်ပေးခဲ့ကြသူများနှင့်စစ်တမ်းများကိုဖြေဆိုပေးခဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။

ဂျပန်စာကိုဒီထက်ပိုမိုတိုးတက်ပါစေဟုဆုတောင်းပေးလိုက်ပါတယ်နော်။

ဗီဒီယိုများဝင်ကြည့်ရန် ↓↓↓

条先生Webinarကိုနားထောင်ရန်【မြန်မာဘာသာပြန်】
ナンさん(မြန်မာ)Webinarကိုနားထောင်ရန်【မြန်မာဘာသာပြန်】   
チンさん(တရုတ်)Webinarကိုနားထောင်ရန်
フォンさん(ဗီယက်နမ်)Webinarကိုနားထောင်ရန်                           

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top