ဘတ်စ်ကားလက်မှတ်ဝယ်နည်း
ပိတ်ရက်ရှည်မှာသွားလည်ဖို့စိတ်ကူးထားတဲ့သူရှိလား?ဘာနဲ့သွားဖို့စီစဥ်ထားကြလဲ?ဂျပန်နိုင်ငံမှာခရီးသွားရင်၊လမ်းပန်းဆက်သွယ်ရေးအနေဖြင့်အများဆုံးအသုံးပြုကြတာ ၃မျိုးရှိပါတယ်။
①လေယာဥ် ②ရထား၊ကျဥ်ဆံရထား③ဘတ်စ်ကား「ညကား・နေ့ကား」
တို့ကိုအသုံးပြုကြပါတယ်။
③ဘတ်စ်ကားကိုအသုံးပြုတာက၊လေယာဥ်နဲ့ကျည်ဆံရထားတွေနဲ့ယှဥ်လျှင်စီးရတဲ့အချိန်ကြာပေမဲ့လည်း၊ခရီးဝေးတွေလည်းသွားနိုင်ပြီး၊စျေးနှုန်းလည်းသက်သာတဲ့အတွက်၊ခရီးစရိတ်ချွေတာချင်တဲ့သူတွေအများဆုံးအသုံးပြုကြပါတယ်။
ဒီနေ့ဘတ်စ်ကားလက်မှတ်ဝယ်နည်းလေးကိုရှယ်ပေးမယ်နော်။တချိန်ချိန်သွားလည်လို့ဘတ်စ်ကားလက်မှတ်ဝယ်မယ်ဆိုရင်ဒီအကြောင်းအရာလေးကအသုံးဝင်မှာပါနော်။
ဘတ်စ်ကားလက်မှတ်ဝယ်ယူရာမှာအဆင့် 5ဆင့်ပဲလိုအပ်ပါတယ်နော်။
★STEP1:「バス比較なび」ဆိုတဲ့ အက်ပလီကိုဒေါင်းလုတ်ဆွဲခြင်း
★STEP2:အချက်အလက်လေးဖြည့်ခြင်း
- အက်ပလီကိုဖွင့်ပြီး၊ရှာဖွေချင်တဲ့အချက်အလက်လေးတွေဖြည့်ပါ
・出発地:ထွက်ခွာမည့်နေရာ
・到着地:ရောက်ရှိမည့်နေရာ
・乗車日:ဘတ်စ်ကားစီးမည့်နေ့
・昼行便 နေ့ကား (သို့) 夜行便 ညကား ကိုရွေးချယ်ပါ။
အချက်အလက်တွေဖြည့်ပြီးပါက「検索」ရှာဖွေခြင်းဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။
- ထွက်လာတဲ့အချက်အလက်တွေအများကြီးထဲမှာမှ目的の便ဆိုတာလေးကိုမရွေးချယ်ခင်၊「所要時間」ဆိုတဲ့ကြာချိန်ဆိုတာလေးကိုသတိပြုပါ「所要時間」ဆိုသည်မှာဘတ်စ်ကားစီးရမယ်အချိန်ဖြစ်တဲ့အတွက်၊ဖြစ်နိုင်လျှင်ဘတ်စ်ကားစီးချိန်ကိုအတိုတောင်းဆုံးအချိန်ရွေးပါ။
ရွေးချယ်ပြီးပါက「予約」ကြိုတင်မှာကြားခြင်းဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါကဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါလိမ့်မယ်။
★STEP3:ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်သို့ရောက်ရှိပါကကြိုတင်မှာကြားခြင်းကိုပြုလုပ်ပါ
<画面①>
・ဘတ်စ်ကားကုမ္ပဏီ၏ဝက်ဘ်ဆိုက်မှတဆင့်ယာဥ်ပြေးဆွဲသောအချိန်ဇယားကိုစစ်ဆေးကြည့်ပြီး၊မိမိစီးမယ့်ရက်ကိုရွေးချယ်ပါ
・စီးမည့်ဦးရေ(ကျား/မရွေးချယ်ခြင်း)နှင့်ဘတ်စ်ကားစီးမည့်နေရာနှင့်ဆင်းမည့်နေရာကိုရွေးချယ်ပါ
・傷害保険ဆိုသည့်မတော်မဆအာမခံဝင်ပါ
・「次へ」ဆိုသည့်ခလုတ်ကိုနှိပ်ပါ
<画面②>
・မိမိရွေးချယ်ခဲ့သောဘတ်စ်ကား၏အချက်အလက်များကိုသေချာပြန်စစ်ပါ
・လက်မှတ်ပယ်ဖျက်ခြင်းအတွက်ပြန်အမ်းငွေနှင့်ပတ်သက်ပြီးသေချာစစ်ကြည့်ပါ
・စစ်ဆေးပြီးပါက「カートに追加」ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။
<画面③>
「カート内のプランの予約へ進む」「လှည်းတွင်းထည့်ထားသောအစီအစဥ်ကိုကြိုတင်မှာကြားခြင်းပြုလုပ်ရန်」ဆိုသည့်ခလုတ်ကိုနှိပ်ပါ
<画面④>
「新規会員登録をしないで予約へ」「မန်ဘာမဝင်ပဲကြိုတင်မှာကြားခြင်း」ဆိုသည့်ခလုတ်ကိုနှိပ်ပါ
<画面⑤>
အသုံးပြုမည့်သူ၏အချက်အလက်များကိုဖြည့်ပါ
- メールアドレス အီးမေးလ်
- 氏名 နာမည်
- 生年月日 မွေးသက္ကရာဇ်
- 性別 ကျား/မ
- 電話番号 ဖုန်းနံပါတ်
- 郵便番号 စာတိုက်နံပါတ်
- 住所 လိပ်စာ
- ငွေပေးချေနည်းဆိုသည့်နေရာမှာ「コンビニ」ကွန်ဘိနိကိုရွေးချယ်ပါ
ခရတ်ဒစ်ကတ်သို့မဟုတ်ကွန်ဘိနိဖြင့်ပေးချေလို့ရပါတယ်။ခရတ်ဒစ်ကတ်ရဲ့ကိုယ်ရေးအချက်အလက်တွေပေါက်ကြားမှာစိုးရိမ်တဲ့သူများအတွက်၊ကွန်ဘိနိမှာပဲပေးချေဖို့အကြံပြုပါရစေ
- မိမိနဲ့အနီးဆုံးကွန်ဘိနိကိုရွေးချယ်ပါ။(例:family mart)
- ငွေပေးချေရန်နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ကိုသတိပြုပါ
- အမှတ်ခြစ်ပြီးလျှင်「予約内容の確認画面」「အချက်အလက်များကိုအတည်ပြုစစ်ဆေးခြင်း」ဆိုတာကိုအမှတ်ခြစ်ပြီးပါ
<画面⑥>
နောက်ဆုံးအတည်ပြုခြင်း
အမှန်ခြစ်ပြီး「旅行条件に同意し、予約を完了する」「အကြောင်းအရာများကိုသဘောတူပြီး၊ကြိုတင်မှာကြားခြင်းကိုပြုလုပ်မည်」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ ➡ 完了ပြီးဆုံးပါပြီ။
★STEP4:အီးမေးလ်ကိုဖွင့်ပြီး၊လက်ခံဖြတ်ပိုင်းနံပါတ်ကိုစစ်ဆေးကြည့်ပါ
★STEP5:family martသို့သွားပြီးFamiポートဆိုတဲ့စက်မှာပေးဆောင်ရန်အတွက်စာရွက်ကိုထုတ်ပြီး
ငွေရှင်းကောင်တာမှာထုတ်ပြရမှာပါ
- ①「代金支払い」ငွေပေးချေရန် ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
- ②「番号を入力する」ဂဏန်းဖြည့်ရန်ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
- ③「収納番号の左5桁」အီးမေးလ်ထဲတွင်ရောက်ရှိနေသသောဂဏန်းများထဲမှ ဘယ်ဘက်ဂဏန်း ၅လုံးကိုရိုက်ထည့်ပြီး「OK」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
- ④「収納番号の右12桁」အီးမေးလ်ထဲတွင်ရောက်ရှိနေသသောဂဏန်းများထဲမှ ညာဘက်ဂဏန်း ၁၂လုံးကိုရိုက်ထည့်ပြီး「OK」ဆိုတဲ့ခလုတ်ကိုနှိပ်ပါ
- ⑤အချက်အလက်များကိုအတည်ပြုပြီး「同意して進む」သဘောတူပြီးရှေ့ဆက်ရန်ဆိုသည့်ခလုတ်ကိုနှိပ်ပါ
- ⑥အချက်အလက်များကိုအတည်ပြုပြီး「確認」အတည်ပြုပြီးကြောင်းဆိုသည့်ခလုတ်ကိုနှိပ်ပါ
- ⑦စက်မှထွက်ရှိလာသောစာရွက်ကိုယူဆောင်ပြီးငွေရှင်းကောင်မှာပြပါ
လက်ငင်းငွေသားနဲ့ပဲချေလို့ရမှာဖြစ်ပါတယ်။ငွေပေးချေပြီးလျှင်လက်ခံဖြတ်ပိုင်းထုတ်ပေးမှာဖြစ်လို့သေချာသိမ်းထားပါ။
အကျဥ်းချုပ်
ဒီနေ့မိတ်ဆက်ပေးတာကတော့ဂျပန်ပြည်တွင်းခရီးသွားတာမျိုးပြုလုပ်တဲ့အခါမှာဘတ်စ်ကားကိုအသုံးပြုခြင်းကပိုပြီးစျေးသက်သာကြောင်းနဲ့လက်မှတ်ဝယ်နည်းကိုမိတ်ဆက်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာပိုက်ဆံရှာဖို့အတွက်အလုပ်လုပ်တာကအရေးကြီးပေမဲ့လည်း၊စိတ်ဖိစီးမှုများမဖြစ်အောင်လည်းခရီးထွက်ခြင်း၊သွားလည်ခြင်းတို့ဖြင့်စိတ်အပြောင်းအလဲများကိုပြုလုပ်သင့်ပါတယ်။ဘတ်စ်ကားနဲ့သွားဖို့စီစဥ်ထားမယ်ဆိုရင်ကြိုတင်ဝယ်ထားပါက၊ခါတိုင်းထက်စျေးနည်းနည်းပိုသက်သာပါတယ်နော်။
ရှေ့ဆက်ပြီးဂျပန်မှာနေထိုင်တဲ့သူငယ်ချင်းတွေအတွက်အသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုဆက်လက်မိတ်ဆက်ပေးပါအုံးမယ်နော်။ JLEFsupportကိုအမြဲကြည့်ရှုအားပေးနေကြတဲ့သူငယ်ချင်းများကိုအမြဲကျေးဇူးတင်လျက်ပါနော်!