အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ?
အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ?
အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများပို၍အလုပ်လုပ်လာနိုင်စေရန်အတွက်ပြုလုပ်ထားသော နေထိုင်ခွင့်ဗီဇာဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင်လုပ်သားရှားပါးမှုပိုမိုဆိုးရွားလာသည့်လုပ်ငန်း၁၄ခုတွင်နိုင်ငံခြားသားများအားအလုပ်လုပ်ကိုင်ရန်ခွင့်ပြုလိုက်သည်။
အထူးကျွမ်းကျင်လုပ်သားဗီဇာတွင် နံပါတ်(၁)နေထိုင်ခွင့်ဗီဇာနှင့် နံပါတ်(၂)နေထိုင်ခွင့်ဗီဇာဆိုပြီး၂မျိုးရှိပါသည်။
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နယ်ပယ်နှင့်လုပ်ငန်းအကြောင်းအရာ
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နယ်ပယ် | လုပ်ငန်းအကြောင်းအရာ | |
သူနာပြုစောင့်ရှောက်မှုလုပ်ငန်း (かいご) | ခန္ဓာကိုယ်မသန်စွမ်းသူများအားထောက်ပံပေးရသည့်အလုပ် ဥပမာ-ရေချိုးခြင်း၊အစာစားခြင်း၊အပေါ့အလေးစွန့်ခြင်းတို့တွင်ကူညီပေးခြင်း၊လိုအပ်သောပစ္စည်းများဖြည့်ခြင်းစသဖြင့် | |
အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း (びるくりーにんぐ) | အဆောက်အဦးတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း အဆောက်အဦးအတွင်းရှိကြမ်းပြင်များ၊နံရံ၊တံခါး၊ပြတင်းပေါက်နှင့်အိမ်သာစသည့်နေရာများကိုသန့်ရှင်းရေးပြုလုပ်ရပါမည် | |
စက်အစိတ်အပိုင်းနှင့်စက်ကိရိယာလုပ်ငန်း(သတ္တုလုပ်ငန်း) (そけいざいさんぎょう) | သတ္တုစသည့်ပစ္စည်းများကိုပြုပြင်၍အစိတ်အပိုင်းစသည့်ပစ္စည်းများကိုပြုလုပ်သောအလုပ်ဖြစ်သည် | |
စက်မှုစက်ရုံလုပ်ငန်း (さんぎょうきかいせいぞう) | သတ္တုနှင့်ပလပ်စတစ်စသည့်ပစ္စည်းများကိုပြုပြင်ထုတ်လုပ်၍စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများနှင့်ထိုအစိတ်အပိုင်းများကိုပြုလုပ်ရသောအလုပ်ဖြစ်သည် | |
လျှပ်စစ်၊အီလက်ထရောနစ်နှင့် သတင်းအချက်အလက်လုပ်ငန်း (でんき・でんしじょうほうかんれんさんぎょう) | လျှပ်စစ်၊အီလက်ထရောနစ်ပစ္စည်းနှင့်ထိုအစိတ်အပိုင်းစသည့်ပစ္စည်းများကိုပြုလုပ်ရသောအလုပ်ဖြစ်သည် | |
ဆောက်လုပ်ရေးလုပ်ငန်း (けんせつ) | အိမ်နှင့်အဆောက်အဦးစသည့်အဆောက်အုံများကိုတည်ဆောက်ရသောအလုပ်ဖြစ်သည် | |
သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း (ぞうせん・はくようこうぎょう) | သင်္ဘောများကိုတည်ဆောက်ရသည့်အလုပ်ဖြစ်သည် | |
ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (じどうしゃせいび) | မော်တော်ယာဥ်များကိုစစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအလုပ် | |
လေကြောင်းလုပ်ငန်း (こうくう) | လေယာဥ်တွင်ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊လေယာဥ်ကိုစစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအလုပ် | |
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း (しゅくはく) | ဟိုတယ်တွင်ဧည့်ကြိုခြင်းနှင့်ဝန်ဆောင်မှုပေးသည့်အလုပ် | |
စိုက်ပျိုးရေးလုပ်ငန်း (のうぎょう) | ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးရိတ်သိမ်းသည့်အလုပ် ဝက်၊နွားနှင့်ကြက်စသည့်တိရိစ္ဆာန်များကိုမွေးမြူသည့်အလုပ် | |
ရေလုပ်ငန်း (ぎょぎょう) | ငါးဖမ်းခြင်းနှင့်ငါးမွေးမြူခြင်းအလုပ် | |
စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း しょくひんせいぞうぎょう | အစားအသောက်များကိုပြုလုပ်သည့်အလုပ် | |
အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း (がいしょく) | စားသောက်ဆိုင်များတွင်ဧည့်ကြိုခြင်းနှင့်ဟင်းပွဲများကိုသယ်ဆောင်ပေးရသည့်အလုပ် |
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နယ်ပယ်နှင့်လုပ်ငန်းအကြောင်းအရာ
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နယ်ပယ် | လုပ်ငန်းအကြောင်းအရာ | |
ဆောက်လုပ်ရေးလုပ်ငန်း (けんせつ) | အိမ်နှင့်အဆောက်အဦးစသည့်အဆောက်အအုံများကိုတည်ဆောက်သည့်အလုပ်၏ခေါင်းဆောင် | |
သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း (ぞうせん・はくようこうぎょう) | သင်္ဘောများကိုတည်ဆောက်လုပ်သည့်အလုပ်၏ခေါင်းဆောင် |
အထူးကျွမ်းကျင်လုပ်သားရဲ့အားသာချက်
*အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)၏နေထိုင်ခွင့်သက်တမ်းမှာစုစုပေါင်း၅နှစ်
*သက်တမ်းကာလကျန်ရှိနေတဲ့တလျှောက်လုံးအလုပ်ပြောင်းခွင့်ရှိ
*ကုမ္ပဏီဘက်မှထောက်ပံ့မှုများ
နေထိုင်ခွင့်ဗီဇာများ၏ကွာခြားပုံ
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) | အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) | နည်းပညာလေ့လာရေးသင်တန်းသား | အဆင့်မြင့်လုပ်သားဗီဇာ (နည်းပညာ၊လူမှုအသိပညာ၊နိုင်ငံတကာစီးပွားရေး) | |
ပညာအရည်အချင်း | မလို | မလို | မလို | တက္ကသိုလ်(သို့)အငယ်တန်းကောလိပ်မှ ဘွဲ့ရပြီးသူ (သို့)ဂျပန်နိုင်ငံ၏အသက်မွေးဝမ်းကြောင်ကျောင်းမှဘွဲ့ရပြီးသူ |
အလုပ်အတွေ့အကြုံ | မလို | မလို | အလုပ်အတွေ့အကြုံရှိရန်လို | အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည် |
အလုပ်အမျိုးအစား | ၁၄မျိုး | ၂မျိုး | ၈၅မျိုး ၁၅၆နယ်ပယ် | မေဂျာနှင့်သက်ဆိုင်သောအလုပ်များ |
နေထိုင်ခွင့်သက်တမ်း | အမြင့်ဆုံး ၅နှစ် | ကန့်သတ်ချက်မရှိ (သက်တမ်းတိုးပြီးနေနိုင်) | စုစုပေါင်း၃နှစ် (လုပ်ငန်းပေါ်မူတည်ပြီး၅နှစ်ထိနေနိုင်) | ကန့်သတ်ချက်မရှိ (သက်တမ်းတိုးပြီးနေနိုင်) |
မိသားစုခေါ်ဆောင်ခွင့် | မရှိ | ရှိ | မရှိ | ရှိ |
နိုင်ငံခြားသားများအတွက်အထူးထောက်ပံ့မှု | ရှိ (စုစုပေါင်း၁၀ချက်) ကုမ္ပဏီမှထောက်ပံ့ပေး | မရှိ | ရှိ (စီမံကွပ်ကဲရေးအဖွဲ့မှထောက်ပံ့ပေး) | မရှိ |
လစာ | ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ (အလုပ်ဝင်ပြီး၃-၄နှစ်ခန့်ရှိသောဂျပန်ဝန်ထမ်း၏လစာခန့်) | ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ (တူညီသောအရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသောဂျပန်ဝန်ထမ်း၏လစာခန့်) | ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ (အလုပ်စဝင်ခါစဂျပန်ဝန်ထမ်းသစ်၏လစာခန့်) | ဂျပန်လူမျိုးဝန်ထမ်းနှင့်တန်းတူ (တူညီသောအရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသောဂျပန်ဝန်ထမ်း၏လစာခန့်) |
အလုပ်ပြောင်းခွင့် | ရှိ | ရှိ | မရှိ | ရှိ |
လိုအပ်သောအရည်အချင်း | ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ် | ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ် | မလို | အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည် |
ဂျပန်စာအရည်အချင်း | ဂျပန်စာအရည်ချင်းစစ်စာမေးပွဲN4နှင့်တူညီသောအောင်လက်မှတ်လိုအပ် (JLPT N4 သို့ JFT Basic A2 Level) | အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည် | သူနာပြုစောင့်ရှောက်ရေးနယ်ပယ်တွင်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲN4နှင့်တူညီသောအောင်လက်မှတ်လိုအပ် | အလုပ်အမျိုးအစားနှင့်လုပ်ငန်းအကြောင်းအရာပေါ်မူတည် |
ကုမ္ပဏီမှထောက်ပံ့မှု၁၀ချက်
အထူးကျွမ်းကျင်လုပ်သားများသည်အောက်ပါအထောက်အပံ့များကိုရရှိနိုင်ပါသည်
① ကြိုတင်ပြီးရှင်းပြချက်များကိုနားထောင်နိုင်၊မေးမြန်းနိုင်
ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုပြီးနောက်နေထိုင်ခွင့်ဗီဇာမလျှောက်ထားခင်အတောအတွင်းကုမ္ပဏီအား【စာချုပ်အကြောင်းအရာများနှင့် အလုပ်အကြောင်းအရာများ】ကို ရှင်းပြရန်တောင်းဆိုနိုင်ပါသည်။
② ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်၊မိမိတိုင်းပြည်သို့ပြန်ရန်ထွက်ခွာချိန်များတွင်အကြိုအပို့လုပ်ပေးခြင်း
ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင်ကုမ္ပဏီဘက်မှလေဆိပ်အထိလာကြိုပေးပြီးနောက်ကုမ္ပဏီ သို့မဟုတ်အိမ်အထိလိုက်ပို့ပေးမည်ဖြစ်သည်။
ထို့အပြင်မိမိတိုင်းပြည်သို့ပြန်ရန်ထွက်ခွာချိန်တွင်လည်းကုမ္ပဏီဘက်မှလေဆိပ်၏လုံခြုံရေးစစ်ဆေးသည့်နေရာအထိကိုလိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။
※သို့သော် ခေတ္တပြန်ရာတွင်အကြိုအပို့ပြုလုပ်ပေးမည်မဟုတ်ပါ
③ မိမိနေထိုင်မည့်အိမ်ကိုပြင်ဆင်ပေးခြင်း၊နေထိုင်မှုတွင်လိုအပ်သောစာချုပ်စာတမ်းများကိုကူညီလုပ်ဆောင်ပေးခြင်း
ကုမ္ပဏီဘက်မှ မိမိနေထိုင်မည့်အိမ်၏အာမခံပေးသူအဖြစ်ပြုလုပ်ပေးခြင်း၊ကုမ္ပဏီအဆောင်သို့မဟုတ်အိမ်ကိုဌားပေးပါသည်။ ထို့အပြင် ဘဏ်အကောင့်ပြုလုပ်ခြင်း၊လက်ကိုင်ဖုန်း၊လျှပ်စစ်မီးနှင့်ဂတ်စ်တို့၏စာချုပ်များကိုလည်းကူညီဆောင်ရွက်ပေးပါသည်။
④ နေထိုင်မှုပတ်ဝန်းကျင်နှင့်အသားကျအောင်ပြုလုပ်ခြင်း
ကုမ္ပဏီဘက်မှဂျပန်နိုင်ငံ၏စည်းကမ်းများ၊အမူအကျင့်၊နေထိုင်ပြောဆိုပုံများကိုသင်ကြားပေးမှာဖြစ်ပါသည်။ထို့အပြင် ဘတ်စ်ကားနှင့်ရထားစီးနည်း၊မြေငလျင်လှုပ်ပါကမည်ကဲ့သို့လုပ်ဆောင်မည်ဆိုသည့်အချက်များကိုပါသင်ကြားပေးမှာဖြစ်ပါသည်။
⑤ မြို့နယ်အုပ်ချုပ်ရေးရုံး၏လုပ်ထုံးလုပ်နည်းများကိုကူညီပေးခြင်း
ကုမ္ပဏီဘက်မှမြို့နယ်အုပ်ချုပ်ရေးရုံးနှင့်အခွန်စသည့်လုပ်ထုံးလုပ်နည်းများကိုလိုက်ပါဆောင်ရွက်ပေးမည်ဖြစ်သည်။လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းများဖြည့်ရာတွင်လည်းကူညီဆောင်ရွက်ပေးပါသည်။
⑥ ဂျပန်စာလေ့လာရန်အခွင့်အလမ်းများညွှန်ပေးခြင်း
ကုမ္ပဏီဘက်မှဂျပန်စာသင်ကြားရန်အတွက်ကျောင်းများကိုညွှန်းပေးမှာဖြစ်ပါသည်။
⑦ အခက်ခဲများနှင့်ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးခြင်း
ဒုက္ခရောက်ခြင်းနှင့်အခက်ခဲများကြုံတွေ့၍တိုင်ပင်ဆွေးနွေးလိုပါကမိခင်ဘာသာဖြင့်တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်ရယူနိုင်ပါသည်။
⑧ ဂျပန်လူမျိုးများနှင့်ဆက်ဆံပြောဆိုခြင်း
ကုမ္ပဏီဘက်မှ အနီးအနားတွင်ကျင်းပသောပွဲတော်များသို့သွားရောက်ရန်လမ်းညွှန်ပေးခြင်းနှင့်ဂျပန်လူမျိုးများနှင့်ပိုမိုစကားပြောနိုင်မည့်အခွင့်အရေးများဖန်တီးခြင်းများလည်းပြုလုပ်ပေးပါသည်။
⑨ အလုပ်ပြောင်းရာတွင်အထောက်အပံ့လုပ်ပေးခြင်း(ကုမ္ပဏီဘက်မှအလုပ်နားရန်ပြောလာသည့်အခါသာလျှင်)
ကုမ္ပဏီဘက်မှအလုပ်နားရန်ပြောလာသဖြင့်နောက်အလုပ်အသစ်ကိုရှာရာတွင်ကုမ္ပဏီဘက်မှအထောက်အပံ့ကိုရရှိနိုင်ပါသည်။
⑩ တွေ့ဆုံဆွေးနွေးခြင်း(၃လတွင် ၁ကြိမ်နှင့်အထက်)
ကုမ္ပဏီမှသတ်မှတ်ထားပေးသောခေါင်းဆောင်နှင့်သတ်မှတ်ထားသောအချိန်များတွင်တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ရမည်ဖြစ်သည်။မိခင်ဘာသာစကားဖြင့်ဆွေးနွေးမှုများပြုလုပ်မှာဖြစ်သဖြင့်အလုပ်နှင့်နေထိုင်မှုများတွင်ပြသနာအခက်ခဲတစ်စုံတစ်ရာပါကတိုင်ပင်ဆွေးနွေးနိုင်ပါသည်။