FAQအာမခံ・အခွန်

အာမခံ・အခွန်

Q030. မှီခိုဦးရေကိုထပ်တိုးလို့ရနိုင်ပါသလား?

A. ဥပဒေအရမှီခိုအဖြစ်ထပ်တိုးလို့ရနိုင်သောအသိုင်းအဝိုင်းဖြစ်မဖြစ်ကိုအတည်ပြုစစ်ဆေးကြည့်ပါ။အကယ်၍မှီခိုအဖြစ်ထပ်တိုးလို့ရနိုင်သောသူဖြစ်ပါကအောက်ပါစာရွက်စာတမ်းများလိုအပ်ပါသည်။

①မိမိနှင့်သွေးသားတော်စပ်ကြောင်းထောက်ခံစာ/အိမ်ထောင်စုဇယားကော်ပီ၊

②ငွေလွှဲထားသောပြေစာစာရွက်(①・②စာရွက်စာတမ်းမှာဂျပန်ဘာသာပြန်ထားရန်လိုအပ်ပါသည်)

Q031. ပင်စင်ဆောင်ဖို့လိုအပ်ပါသလား?

A. ဂျပန်နိုင်ငံတွင်နေထိုင်သောအသက်၂၀မှ၆၀တွင်းရှိသောသူများအားလုံး(နိုင်ငံခြားသားအပါအဝင်)ဥပဒေအရအမျိုးသားပင်စင်အာမခံကြေးကိုပေးဆောင်ရန်တာဝန်ရှိပါသည်။ကုမ္ပဏီဝန်ထမ်းစသည့်ဝန်ထမ်းများမှာလူမှုဖူလုံရေးပင်စင်အာမခံဝင်ရပါမည်။

Q032. ပင်စင်နှုတ်ထွက်ကြေးနှင့်ပတ်သက်ပြီးသိရှိလိုပါသည်။

A. နိုင်ငံခြားသားများသည်ပင်စင်ကြေးဆောင်ထားပြီး၊ဂျပန်နိုင်ငံမှထွက်ခွာခဲ့လျှင်၊ 2နှစ်အတွင်းပင်စင်နှုတ်ထွက်ကြေးကိုရယူရန်လျှောက်ထားနိုင်ပါသည်။

ပင်စင်နှုတ်ထွက်ကြေးလျှောက်ထားရန်သတ်မှတ်ချက်

・ဂျပန်နိုင်ငံသားမဖြစ်ရပါ

・ပင်စင်ကြေးဆောင်ထားသောကာလသည်စုစုပေါင်း6လနှင့်အထက်ရှိရပါမည်

・ဂျပန်နိုင်ငံ၏ပင်စင်ကြေးကိုရပိုင်ခွင့်ရှိသူဖြစ်ပြီးအသက်၆၅နှစ်နှင့်အထက်မဖြစ်ရပါ။

အသေးစိတ်သိရှိလိုပါကအောက်ပါလင့်ခ်တွင်ဝင်‌ရောက်ဖတ်နိုင်ပါသည်။

(မြန်မာဘာသာဖြင့်)

နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းဆိုလွှာ

Q033. အလုပ်တွင်းထိခိုက်ဒဏ်ရာရမှုအာမခံနှင့်ပတ်သက်ပြီးသိရှိလိုပါသည်။

A. အလုပ်လုပ်သည့်သူသည်လုပ်ငန်းကြောင့်မတော်တဆထိခိုက်ဒဏ်ရာရသည်ဖြစ်စေ၊အလုပ်အသွားအပြန်မတော်တဆဒဏ်ရာရခဲ့သည်ဖြစ်စေ၊လုပ်ငန်းမတော်တဆမှုကြောင့်နာမကျန်းဖြစ်ခဲ့သည့်ဖြစ်စေ၊သို့မဟုတ်အလုပ်ဒဏ်ရာကြောင့်သေဆုံးခြင်းဖြစ်ခဲ့သည်ဖြစ်စေထိုမတော်တဆမှုအတွက်ထိခိုက်နစ်နာသူသို့မဟုတ်၎င်း၏ကျန်ရစ်သူမိသားစုအားပေးချေရမည့်လျော်ကြေးကိုဆိုလိုပါသည်။

အလုပ်တွင်းထိခိုက်ဒဏ်ရာရမှုအာမခံသည်ကုမ္ပဏီမှအာမခံဝင်ရသည်ဖြစ်ပြီးလုပ်သားထံမှအာမခံကြေးကောက်ယူခွင့်မရှိပါ။

အသေးစိတ်ကိုအောက်ပါဗီဒီယိုတွင်ကြည့်ရှုနိုင်ပါသည်။

အလုပ်တွင်းထိခိုက်ဒဏ်ရာရမှုအာမခံ

Q034. အလုပ်လက်မဲ့ထောက်ပံ့ကြေးရှိရန်အတွက်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီးသိရှိလိုပါသည်။

A. Hello Workသို့သွားရောက်ပြီး၊အလုပ်ရှာနေ‌ကြောင်းလျှောက်လွှာကိုတင်ခြင်း(အလုပ်ထွက်ထားကြောင်းကတ်ပြားကိုပါတင်ပြရမည်)အသေးစိတ်သိရှိလိုပါကအောက်ပါလင့်ခ်ထဲမှအကြောင်းအရာများကိုဖတ်ကြည့်ပါ။

အလုပ်လက်မဲ့ထောက်ပံ့ကြေးPart‐1

အလုပ်လက်မဲ့ထောက်ပံ့ကြေးPart‐2

Q035. အရင်ကုမ္ပဏီတွင်အလုပ်လုပ်ခဲ့သည့်ကာလသက်တမ်းမှာ၆လကြာသာရှိသည့်အတွက်၊ထိုကုမ္ပဏီမှအလုပ်ထွက်ခဲ့ပါကအလုပ်လက်မဲ့ထောက်ပံ့ကြေးရရှိနိုင်ပါသလား။

A. အလုပ်လက်မဲ့ထောက်ပံ့ကြေးကိုရရှိနိုင်သည့်ကန့်သတ်ချက်အနေဖြင့်

အလုပ်ထွက်သည့်ရက်မတိုင်မီရှေ့၂နှစ်အတွင်းတွင်၁၂လနှင့်အထက်အာမခံဆောင်ထားရမည်။(သို့)

ဒေဝါလီခံရခြင်း၊အလုပ်မှထုတ်ပယ်ခြင်းစသည်တို့ကြောင့်အလုပ်ထွက်ခဲ့ပါက(အထူးထောက်ပံ့မှုရရှိရန်အရည်ချင်းပြည့်မီသူနှင့်ကိုက်ညီသူ)၊

အလုပ်စာချုပ်ကိုသက်တမ်းတိုးမခံရခြင်း၊အခြားမလွှဲမရှောင်သာသောအကြောင်းပြချက်များကြောင့်အလုပ်ထွက်ခဲ့ပါက(အထူးအကြောင်းပြချက်ဖြင့်အလုပ်ထွက်သူနှင့်ကိုက်ညီပြီး)၊ထိုအချက်များနှင့်ကိုက်ညီသူများမှာအလုပ်ထွက်သည့်ရက်မတိုင်မီရှေ့၁နှစ်အတွင်းတွင်အာမခံ၆လနှင့်အထက်ဆောင်ထားရမည်။

ထို့အတွက်ကြောင့်ယခုကုမ္ပဏီတွင်၆လသာအလုပ်လုပ်ခဲ့သော်လည်းအထက်ပါအချက်နှင့်ကိုက်ညီခဲ့ပါကအလုပ်လက်မဲ့ထောက်ပံ့ကြေးကိုရရှိနိုင်ပါသည်။(၂နှစ်အတွင်းတခြားကုမ္ပဏီတွင်အလုပ်လုပ်စဥ်အလုပ်အာမခံဝင်ထားသည့်ကာလကိုပါတွက်ရှိနိုင်ပါသည်)

Q036. အလုပ်လက်မဲ့ထောက်ပံ့ကြေးလက်ခံရရှိနေစဥ်ကာလအတွင်းအိမ်ပြောင်းရွှေ့ခဲ့ပါကမည်သို့ပြုလုပ်သင့်ပါသလဲ?

A. အလုပ်လက်မဲ့ထောက်ခံကြေးကိုရရှိနေစဥ်အတွင်းအိမ်ပြောင်းရွှေ့ခြင်းရှိခဲ့ပါက၊ယခုလက်ရှိအသုံးပြုနေသောHello Workသို့ဆက်သွယ်အကြောင်းကြားပြီး၊နေရပ်လိပ်စာအသစ်၏Hello Workရုံးတွင်လုပ်ထုံးလုပ်နည်းများကိုလုပ်ဆောင်ရမှာဖြစ်ပါသည်။

Q037. အလုပ်လက်မဲ့ထောက်ပံ့ကြေးလက်ခံရရှိခြင်းသည်၊နေထိုင်ခွင့်ဗီဇာနှင့်ပတ်သက်ပြီးဆိုးကျိုးသက်ရောက်နိုင်ပါသလား။

A. အလုပ်လက်မဲ့ထောက်ပံ့ကြေးလက်ခံရန်အရည်ချင်းပြည့်မှီသူဖြစ်ပါက၊ထောက်ပံ့ကြေးလက်ခံရရှိသော်လည်းဗီဇာနှင့်ပတ်သက်ပြီးဆိုးကျိုးမရှိနိုင်ပါ။

ချွင်းချက်အနေဖြင့်အလုပ်လက်မဲ့ထောက်ပံ့ကြေးရရှိနေစဥ်အတွင်း「တက်တက်ကြွကြွဖြင့်အလုပ်ပြန်ဝင်မည့်လှုပ်ရှားမှုနှင့်အလုပ်ပြန်ဝင်လိုသည့်စိတ်ထားရှိရပါမည်」။အလုပ်လက်မဲ့ဖြစ်ပြီး၃လအကြာတစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိပဲနေထိုင်နေပါက လဝကမှ ခေါ်ယူခြင်းခံရပြီးနေထိုင်ခွင့်အရည်အချင်းကိုပယ်ဖျက်ခြင်းပြုလုပ်ခံရတာမျိုးရှိပါတယ်။မိမိအခြေအနေကြောင့်အလုပ်ထွက်ခဲ့ခြင်းဖြစ်ပါက၊အလုပ်လက်မဲ့ထောက်ပံ့ကြေးရရှိရန်အတွက် (2~3လကြာ)ခန့်စောင့်ဆိုင်းရမှာဖြစ်သည့်အတွက်ချက်ချင်းရရှိနိုင်မည်မဟုတ်ပါ။

Q038. အလုပ်လက်မဲ့ဖြစ်ခဲ့ပါကမိမိနိုင်ငံသို့ချက်ချင်းပြန်ရမှာလား?အလုပ်လက်မဲ့အာမခံရရှိနိုင်ပါသလား?

A. အလုပ်လက်မဲ့ဖြစ်ခဲ့ပါကမိမိနိုင်ငံသို့ချက်ချင်းပြန်ရန်မလိုပါ။သတ်မှတ်ထားသည့်နေထိုင်ခွင့်ကာလအတွင်းမှာအလုပ်ရှာနိုင်ပါသည်။ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ၃လနှင့်အထက်အလုပ်ရှာခြင်းမပြုလုပ်ပါက၊နေထိုင်ခွင့်ကိုရုတ်သိမ်းနိုင်ပါသည်။အလုပ်လက်မဲ့အာမခံအတွက်ဂျပန်လူမျိုးနှင့်တန်းတူခံစားခွင့်ရရှိနိုင်ပါသည်။

Q039. အလုပ်အသစ်ပြန်လည်ဝင်ရောက်ခြင်းခံစားခွင့်အတွက်သတ်မှတ်ထား‌သောလိုအပ်ချက်များကိုသိလိုပါသည်။

A. အလုပ်သစ်သို့ပြန်လည်ဝင်ရောက်ခြင်းထောက်ပံ့မှုဆိုသည်မှာအလုပ်လက်မဲ့အကျိုးခံစားခွင့်များလက်ခံရရှိသည့်ကာလအတွင်းတည်ငြိမ်သောအလုပ်တစ်ခုကိုရရှိပြီးသတ်မှတ်ချက်များနှင့်ပြည့်မှီပါကထောက်ပံ့ကြေးရရှိမည်ဖြစ်သည်။

(ဂျပန်ဘာသာဖြင့်)

<都道府県労働局 再就職手当のご案内>

(မြန်မာဘာသာဖြင့်)[စာမျက်နှာ၂၀တွင်ကြည့်ရှုနိုင်ပါသည်]

အလုပ်သစ်သို့ပြန်လည်ဝင်ရောက်ခြင်းထောက်ပံ့မှု

Q040. အလုပ်အသစ်ပြန်လည်ဝင်ရောက်ခြင်းခံစားခွင့်လျှောက်လွှာကိုစာတိုက်မှတဆင့်လျှောက်လို့ရပါသလား?

A. ရပါတယ်။သို့သော်「普通郵便」ကဲ့သို့ရိုးရိုးစာတိုက်အမျိုးအစားဖြင့်ပို့ပါက၊ပို့ဆောင်စဥ်အတွင်းအမှားအယွင်းတစ်စုံတစ်ရာဖြစ်ခဲ့ပါကအာမခံမှုမရရှိနိုင်သည့်အတွက်၊စျေးနည်းနည်းပိုကြီးသော်လည်း၊ပျောက်ရှခြင်းရှိခဲ့ပါကလျော်ကြေးပေးခြင်းနှင့်ပစ္စည်းတည်နေရာကိုအတည်ပြုနိုင်သောစနစ်ပါရှိသည့်「簡易書留」နှင့်ပို့ဖို့အကြံပြုပါရစေ။

Q041. အလုပ်အသစ်ပြန်လည်ဝင်ရောက်ခြင်းခံစားခွင့်လျှောက်ခြင်းကိုကိုယ်စားလျှောက်လို့ရပါသလား?

A. ကိုယ်စားခွင့်ပြုချက်လွှဲစာရှိပါက ကိုယ်စားလှယ်မှတဆင့်လျှောက်ထားနိုင်ပါသည်။(နှစ်ဦးနှစ်ဘက်၏ နာမည် ၊လိပ်စာ ၊တော်စပ်ပုံ ၊အကြောင်းအရင်းကိုရေးသားဖော်ပြထားသောအရာ)

Q042. အလုပ်သစ်ပြန်လည်ဝင်ရောက်ရာတွင်နယ်ရပ်ဝေးပြောင်း‌ရွှေ့ရခြင်းရှိပါက「ပြောင်းရွှေ့ခြင်းခံစားခွင့်」ရရှိနိုင်သည့်သတ်မှတ်ချက်နှင့်ပတ်သက်ပြီးသိရှိလိုပါသည်။

A. ပြောင်းရွှေ့ခဆိုသည်မှာထောက်ပံ့မှုရရှိရန်အရည်အချင်းပြည်မီသူသည်အလုပ်ဝင်ရောက်ရန်အတွက်တခြားမြို့နယ်များတွင်အလုပ်လုပ်ကိုင်ရန်အခြေအနေဖြစ်ပေါ်ခဲ့ပါက၊ပြောင်းရွှေ့ခကိုလက်ခံရရှိနိုင်ပါသည်။ထိုသို့လက်ခံရရှိရန်အောက်ပါအရည်ချင်းများနှင့်ကိုက်ညီရပါမည်။

1.အလုပ်အာမခံထောက်ပံ့မှုလက်ခံရရှိရန်အရည်အချင်းပြည့်မီသူ

2.ထောက်ပံ့မှုလက်ခံရရှိရန်အတွက်စောင့်ဆိုင်းကာလကိုကျော်လွန်ပြီးနောက်အလုပ်ရရှိခြင်း

3.Hello Work၊‌ဒေသန္တရအများပြည်သူအထူးအဖွဲ့အစည်း(သို့)အလုပ်အကိုင်မိတ်ဆက်စီးပွားရေးလုပ်ငန်းရှင်တို့မှမိတ်ဆက်ပေးခဲ့သည့်နေရာတွင်အလုပ်ဝင်ရန်အတွက်လိပ်စာပြောင်းလဲသွားသည့်အခြေအနေဖြစ်ခြင်း

4.မိမိ၏လုပ်ငန်းခွင်သည်အောက်ပါအချက်ထဲမှတခုခုနှင့်ကိုက်ညီသည့်အတွက်လိပ်စာပြောင်းလဲရန်လိုအပ်ကြောင်းကိုHello Workမှထောက်ခံပေးခဲ့ပါက

a.ရုံးအသွားအပြန်ပြုလုပ်ရန်အတွက်လိုအပ်သည့်အချိန်သည် ၄နာရီနှင့်အထက်ရှိနေပါက

b. သယ်ယူပို့ဆောင်ရေးယာဥ်၏ဂိတ်စ(ဂိတ်ဆုံး)ထွက်သောယာဥ်သည်အဆင်မပြေဖြစ်ခြင်း၊ရုံးအသွားအပြန်တွင်သိသာစွာအတားဆီးဖြစ်စေခြင်း

c.အလုပ်လုပ်နေသည့်ရုံး(သို့)အလုပ်ရှင်၏တောင်းဆိုချက်ကြောင့်မဖြစ်မနေပြောင်းရွှေ့ရသည့်အခါ 5.ကုမ္ပဏီမှာကြိုတင်ပြင်ဆင်ငွေနှင့်အခြားအလုပ်ရွှေ့ပြောင်းရာတွင်လိုအပ်မည့်ကုန်ကျစရိတ်ထောက်ပံံခြင်းမခံရပါက(သို့)ထိုထောက်ပံ့မှုပမာဏသည်ပြောင်းရွှေ့ခပမာဏမပြည့်သူများ

※အထက်ဖော်ပြပါအချက်များအပြင်အလုပ်မိတ်ဆက်ပေးခြင်းအားငြင်းပယ်ခြင်းစသည်တို့ကြောင့်အကျိုးခံစားခွင့်ကန့်သတ်ချက်အားရရှိထားသည့်အ‌ခြေအနေတို့တွင်၊ထိုအကျိုးခံစားခွင့်ကန့်သတ်ချက်မကျော်လွန်မှီအလုပ်ဝင်ရောက်ရန်လိုအပ်ပါသည်။

ဂျပန်ဘာသာဖြင့်

<都道府県労働局 移転費のご案内>

မြန်မာဘာသာဖြင့်(စာမျက်နှာ၂၇တွင်ကြည့်ရှုနိုင်ပါသည်)

ပြောင်းရွှေ့ခြင်းခံစားခွင့်

Scroll to top