JLEFလှုပ်ရှားမှု

JLPTစာ‌မေးပွဲဖောင်များ4လပိုင်း14ရက်17နာရီအထိသာလျှင်!

2023ခုနှစ်ပထမအကြိ မ်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို2023ခုနှစ်7လပိုင်း 2ရက် (တနင်္ဂနွေ) မှာကျင်းပမှာဖြစ်ပါတယ်။ ဖောင်တင်လို့ရတဲ့နေ့ကတော့2023ခုနှစ်3လပိုင်း24ရက်နေ့(သောကြာ)~ 2023ခုနှစ်4လပိုင်း14ရက်(သောကြာ)17နာရီနောက်ဆုံးထားပြီးဖောင်တင်ရမှာဖြစ်ပါတယ်။ဖောင်ပိတ်ရက်နီးလာလေလေဖောင်တင်တဲ့သူများလာတဲ့အတွက်နှောင့်နှေးမှုများရှိနိုင်လို့ကြိုတင်‌ဖောင်တင်ထားဖို့တိုက်တွန်းလိုက်ပါတယ်နော်။ စာမေးပွဲကြေး 7,500円(အခွန်ပါပြီး) ဖောင်တင်ရန် JLPTလင့်ခ် ကိုနှိပ်ပါ။ ဖောင်တင်ရာမှာ MyJLPT IDဆိုတာလိုအပ်ပါတယ်၊မရှိတဲ့သူများကြိုတင်လျှောက်ထားနိုင်ပါတယ်။ MyJLPT IDလုပ်ချင်သူများ၊ဖောင်တင်ချင်သူများနှင့်စာမေးပွဲသွင်းချင်သူများအတွက်အောက်ပါဗီဒီယိုကိုကြည့်ပါ။ JLPTအကောင့်ပြုလုပ်နည်း၊ဖောင်တင်နည်း၊စာမေးပွဲကြေးသွင်းနည်း စာမေးပွဲဖြေဖို့စာရွက်တွေကို 2023ခုနှစ် 6လပိုင်း 16ရက်(သောကြာ)နေ့မတိုင်ခင်ပို့ပေးမှာဖြစ်ပါတယ် JLPTအကြောင်းစုံသိရှိလိုပါက「ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်း」ထဲမှာဝင်ကြည့်နိုင်ပါတယ်

2022/06/28-29တွင်ကျင်းပခဲ့သောအလုပ်သမားရေးရာဆွေးနွေးတိုင်ပင်သည့်ဌာနတွင်ပါဝင်အားဖြည့်ခဲ့ပါတယ်

「労働組合」လို့ခေါ်တဲ့အလုပ်သမားသမဂ္ဂရှိတယ်ဆိုတာကိုသိပြီးပြီလား? လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊အာဏာအသုံးပြုပြီးနှောင့်ယှက်မှု၊တရားမျှတမှုမရှိသောအလုပ်ထုတ်ပယ်မှု၊လုပ်ခလစာမပေးမှုနှင့်အချိန်ကြာမြင့်အလုပ်စေခိုင်းမှုစသည့်အလုပ်နှင့်ပတ်သက်သောစိုးရိမ်ပူပန်မှုများကိုမိမိတယောက်တည်းကုမ္ပဏီနှင့်ညှိနှိုင်းရာမှာအခက်ခဲရှိနိုင်လိမ့်မည်။ထို့ကြောင့်အလုပ်သမား၏ကိုယ်စားလှယ်အဖြစ်အလုပ်သမားသမဂ္ဂမှညှိနိုင်းဆွေးခြင်းကိုပြုလုပ်ပေးနိုင်သည်။အလုပ်သမားသမဂ္ဂသည်လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုပိုမိုမြှင့်တင်လိုသူများ၊လုပ်ငန်းကိုပိုမိုအကျိုးဖြစ်ထွန်းစေကာ၎င်းတို့၏လူနေမှုတွင်ပိုမိုပြည့်စုံစေလိုသူများအားပံ့ပိုးပေးနိုင်ပါသည်။ Rengo(ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့အစည်း)သည်1989ခုနှစ်တွင်ဖွဲ့စည်းခဲ့သောဂျပန်အလုပ်သမားသမဂ္ဂကိုကိုယ်စားပြုသော『ဂျပန်အမျိုးသားဗဟိုဌာန(全国中央組織)』အဖွဲ့အစည်းဖြစ်ပါသည်။ အဖွဲ့ဝင် ၇သန်းခန့်ရှိပြီး၊အဖွဲ့ဝင်များအားလုံးသည်အလုပ်သမားအားလုံး၏အလုပ်အကိုင်နှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာကာကွယ်စောင့်ရှောက်မှုများကိုလုပ်ဆောင်လျက်ရှိသည်။အလုပ်နှင့်ပတ်သက်၍ပြဿနာတစ်စုံတစ်ရာရှိပါကဂျပန်တနိုင်ငံလုံးရှိမည့်သည့်နေရာတွင်မဆိုတိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဖုန်းနံပါတ်:0120-154-052Homepageတွင်လည်းကြည့်နိုင်ပါသည်။※နိုင်ငံခြားဘာသာဖြင့်ဆွေးနွေးနိုင်သောchat boxရှိပါသည် အလုပ်သမားသမဂ္ဂတွင်ဂျပန်လူမျိုးအလုပ်သမားများသာမက၊လတ်တလောတိုးများလာခဲ့သောနိုင်ငံခြားသားအလုပ်သမားများ၏အခက်ခဲဖြစ်နေသောအရာများကိုလည်းအလေးပေးလာသည့်အတွက်၊နိုင်ငံခြားသားအလုပ်သမားများကိုအဓိကထားပြီးအလုပ်သမားရေးရာဆွေးနွေးတိုင်ပင်နိုင်သည့်အထူးသီးသန့်ဖုန်းလိုင်းကိုအချိန်အကန့်အသတ်ဖြင့်ဖွင့်လှစ်လိုက်ပါတယ် 2022ခုနှစ် 6လပိုင်း 28ရက်~6လပိုင်း29ရက်နေ့အထိဒုတိယအကြိမ်အလုပ်သမားရေးရာဆွေးနွေးတိုင်ပင်နိုင်သည့်အထူးသီးသန့်ဖုန်းလိုင်းကိုကျင်းပခဲ့ပါတယ်။ လွယ်ကူသောဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊ဗီယက်နမ်ဘာသာနှင့်မြန်မာဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးမှုများကိုလက်ခံဖြေကြားပေးခဲ့ပါတယ်။Facebookနှင့်အီးမေးလ်မှတဆင့်တိုင်ပင်ဆွေးနွေးမှုများကိုလက်ခံရရှိခဲ့ပြီး၊တရားရေးနှင့်ဆိုင်ရာကိစ္စရပ်များကိုရှေ့နေနှင့်တိုင်ပင်ဆွေးနွေးပြီးခက်ခဲသောဥပဒေဝေါဟာရများကိုလွယ်ကူသောဂျပန်ဘာသာစကား(သို့)မိခင်ဘာသာစကားဖြင့်ဖြေကြားပေးခဲ့ပါတယ်။ ကျင်းပသော၂ရက်တာအတွင်းမြန်မာ၊ဗီယက်နမ်၊သီရိလင်္ကာနှင့်ဖိလစ်ပိုင်လူမျိုးများမှတိုင်ပင်ဆွေးနွေးမှု‌ပေါင်း၄၀ခန့်ကိုလက်ခံရရှိခဲ့ပါသည်။ ကျွန်တော်တို့ JLEFအဖွဲ့မှလည်းပါဝင်အားဖြည့်ခဲ့ခြင်း အားဖြည့်ပေးခဲ့ကြသောမန်ဘာများနှင့်တကွအမှတ်တရဓါတ်ပုံ Rengoတည်နေရာ၊အဆောက်အဦးအတွင်းအပြင်နှင့်စိတ်ရှည်လက်ရှည်ဖြေကြားပေးနေကြသောအဖွဲ့ဝင်များ၏ဗီဒီယိုဖိုင်ကြည့်ရှုလိုပါက⇒ဗီဒီယိုကြည့်ရန် ကျွန်တော်တို့ JLEF supportမှလည်းဆက်လက်ပြီးနိုင်ငံခြားသားများအတွက်အထောက်အကူပြုသောအကြာင်းအရာများကိုဆက်လက်တင်ပေးမှာဖြစ်ပါတယ်။အကြံပေးလိုသည်များရှိပါကကျွန်တော်တို့ဝက်ဘက်ဆိုဒ်ရဲ့အကြံပေးစာတွင်စာများပေးပို့နိုင်ပါတယ်။

2022 ခုနှစ်Yoyogiပန်းခြံတွင်ကျင်းပခဲ့သောဗီယက်နမ်ပွဲတော်

ဗီယက်နမ်ပွဲတော်ကိုYoyogi ပန်းခြံတွင်၂၀၂၂ခုနှစ်ဇွန်လ ၄ရက်(စနေနေ့)မှ ၅ရက်(တနင်္ဂနွေနေ့)အထိ၂ရက်ကြာကျင်းပခဲ့ပါသည်။ယခုပွဲသည်ဂျပန်နှင့်ဗီယက်နမ်နှစ်နိုင်ငံကြားယဥ်ကျေးမှုဖလှယ်သည့်အထိမ်းအမှတ်ပွဲတော်တစ်ခုအဖြစ်ဗီယက်နမ်အစိုးရမှတရားဝင်အသိမှတ်ပြုပြီးကျင်းပခြင်းလည်းဖြစ်သည်။၃နှစ်ကြာမှပြန်လည်ကျင်းပသောပွဲဖြစ်ပြီးဗီယက်နမ်မှထိပ်တန်းအနုပညာရှင်များကိုဖိတ်ခေါ်ခဲ့ပြီး၊ဂျပန်ဘက်မှလည်းサンプラザNakano-kunနှင့်Papala Kawaiတို့လည်းတက်ရောက်ခဲ့ကြပါတယ်။ ဆိုင်တိုင်းလိုလိုဗီယက်နမ်လက်ရာကိုခံစားနိုင်မဲ့ပုံပါပဲ။ဆိုင်တွေကြောင့်ဗီယက်နမ်ကိုရောက်နေသလိုခံစားရပါတယ်။ဗီယက်နမ်လူမျိုးများအပြင်ဂျပန်လူမျိုးများလည်းအများအပြားလာရောက်ခဲ့ကြပြီးဗီယက်နမ်ရဲ့ယက်ကျေးမှုကိုခံစားပြီးနှစ်သက်နေကြပါတယ်။ ဥပမာဒီဆိုင်လေးဆိုရင် ဗီယက်နမ်ရဲ့ 【ဆိုင်ကလို】လေးကိုအပြင်မှာထုတ်ပြထားပါတယ်။ဆိုင်ကလိုဆိုတာပြင်သစ်ဘာသာစကားဖြင့် Cyclo လို့ခေါ်ပြီး သုံးဘီးတပ်ယာဥ်ဖြစ်ပြီး၊စက်ဘီးစီးနင်းတဲ့ပုံစံနဲ့တူတူပါပဲ။ဟနွိုင်းမြို့ဟောင်းတွေ့ရမြင်တွေ့နေကျဖြစ်ပြီး၊လူနဲ့ပစ္စည်းတွေကိုတင်နင်းလို့ရပြီး၊ဗီယက်နမ်မှာဆိုရင်သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။ နောက်တခုကဗီယက်နမ်ရဲ့ကောက်ရိုးဦးထုပ်လေးပါ။「ノンラー」လို့ခေါ်ပြီး၊တြိဂံပုံစံချွန်ချွန်လေးဖြစ်ပါတယ်။ဓါတ်ပုံထဲမှာတွေ့မြင်ရတဲ့ဦးထုပ်နဲ့အတူတီထွင်ထားတဲ့ဆိုင်းပုဒ်ကတော့ဂျပန်မှာတော်ရုံမတွေ့ရလို့ထူးခြားတယ်လို့ခံစားမိစေပါတယ်။ ဗီယက်နမ်စားသောက်ဆိုင်တွေထဲမှာ banh mi (ခေါ် )အသားညှပ်ပေါင်မုန့်နဲ့ဗီယက်နမ်ကော်ဖီ၊ခေါက်ဆွဲဆိုင်မျိုးစုံရှိပြီး၊အနံကတော်တော်ဆွဲဆောင်မှုရှိလို့စားချင်စိတ်တွေဖြစ်လာစေပါတယ်။。 အဲ့ဒီထဲမှာမှ ဗီယက်နမ်လို့ပြောရင်フォーလို့ခေါ်တဲ့ခေါက်ဆွဲကိုသွားသတိရကြမှာဖြစ်ပါတယ်။ကျွန်တော်တို့လည်းရောက်တုန်းစားကြည့်ခဲ့ပါတယ်။ ブンボーフェလို့ခေါ်တဲ့(ဝက်သားနဲ့အတွင်းကလီစာ)ရောထားတဲ့ခေါက်ဆွဲကရောင်းလို့ကုန်သွားတာကြောင့်အမဲသားခေါက်ဆွဲフォーနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ခေါက်ဆွဲကလည်းအနေတော်ပါပဲ၊အသားကလည်းနုပါတယ်။အစပ်ကြိုက်တဲ့သူကတော့ငရုတ်သီးစိတ်ကြိုက်ထည့်ပြီးစားနိုင်ပါတယ်။နံနံပင်မကြိုက်ရင်ရှောင်ခိုင်းလို့ရပါတယ်။ဆိုင်ရှင်လေးကလည်းချောပြီးပြောလို့ကောင်းပါတယ်။ ကျွန်တော်တို့ကဗီယက်နမ်ပွဲမှာပျော်ဖို့တင်မဟုတ်ပါဘူး၊ဗီယက်နမ်လူမျိုးတွေကိုအင်တာဗျူးဖို့အတွက်လည်းလာတာဖြစ်ပါတယ်။ဒီနေ့၃ယောက်အင်တာဗျူးခဲ့ပါတယ်ပထမတယောက်ကတော့アオザイလို့ခေါ်တဲ့ဗီယက်နမ်ရဲ့ရိုးရာဝတ်စုံကိုဝတ်ထားတဲ့မမချောချောလေးပါ။ ဒုတိယတယောက်ကတော့ဂျပန်ရောက်ခါစ(၃-၄ရက်ပဲရှိသေး)ဖြစ်ပြီး၊အပြင်ထွက်တိုင်းအင်တာနက်မရှိလို့စိတ်ညစ်နေတဲ့သူပါ။ နောက်ဆုံးတယောက်ကတော့ဂျပန်ရောက်တာ၃နှစ်ပြည့်တော့မှာဖြစ်ပြီး၊တိုခုတဲအိဂီနောပြောင်းဖို့ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်။ ၃ယောက်လုံးနဲ့စကားပြောကြည့်ရမှာ၊တူညီတဲ့အချက်ကတော့ အားလုံးကဂျပန်နိုင်ငံကိုနှစ်သက်သဘောကျတယ်ဆိုတဲ့အချက်ပါ။ ဂျပန်နိုင်ငံရဲ့ဘယ်လိုအချက်တွေကိုသဘောကျတယ်လို့ထင်ကြပါသလဲ? အင်တာဗျူးထဲမှာဖြေထားတဲ့အတွက်ဗီဒီယိုထဲမှာကြည့်ရှုနိုင်ပါတယ်နော်။ ဂျပန်လာမဲ့သူများအတွက်လည်းmessageလေးပါပြောထားပေးပါတယ်။ ဗီဒီယိုကြည့်ရန်【ベトナムフェスティバル2022】

အချိန်တိုအတွင်းဂျပန်စာ N3အောင်ဖို့နည်းလမ်း

4လပိုင်း21ရက်နေ့တွင် Akamonkai Japanese Language schoolမှ条先生(じょうဆန်းဆေး)ကိုဖိတ်ကြားခဲ့ပြီး【အချိန်တိုအတွင်းဂျပန်စာN3သင်ယူအောင်မြင်ခြင်းနည်းလမ်းအတွက်ရှင်းလင်းချက်】နှင့်ပတ်သက်‌သောWebinarကိုကျင်းပခဲ့ပါတယ်။နိုင်ငံခြားသားများအတွက်အဓိကထားပြီးပြောပြသွားခြင်းဖြစ်ပြီးထိုအကြောင်းအရာကိုအတိုချုံ့ပြီးတင်ပြပေးလိုက်ပါတယ်။ 条先生(じょうဆန်းဆေး)သည်တက္ကသိုလ်တွင်ဂျပန်စာပေကိုလေ့လာခဲ့ပြီး၊နိုင်ငံခြားသားများစွာကိုဂျပန်စာသင်ကြားခဲ့ပါသည်။ ယခုတခေါက်Webinarတွင်1.ဂျပန်ဘာသာစကားကျွမ်းကျင်မှုကိုမြန်မြန်ဖြေဆိုအောင်မြင်နည်း2.ဂျပန်ကိုသွားချင်သူများအတွက်ဂျပန်မလာခင်လုပ်သင့်သည့်အရာများကိုပြောပြ‌ပေးခဲ့ပါတယ်။ အရင်ဆုံး1.ဂျပန်ဘာသာစကားကျွမ်းကျင်မှုကိုမြန်မြန်ဖြေဆိုအောင်မြင်နည်းနှင့်ပတ်သက်ပြီး…「基礎が大切」「အခြေခံကအရေးကြီးဆုံး」ပါပဲလို့ပြောသွားပါတယ်။  ဂျပန်စာN3အရည်ချင်းစစ်စာမေးပွဲ၏အမှတ်ပြည့်သည်180ဖြစ်ပြီး၊အောင်မှတ်မှာ95မှတ်ဖြစ်သည်။သဘောက စာမေးပွဲတွင်တစ်ဝက်လောက်မှန်‌ခဲ့ရင်ဖြေဆိုအောင်မြင်နိုင်ပါတယ်။N4ကိုကပ်ပြီးအောင်ထားသည့်သူများသည်အခြေခံမပိုင်သည့်အတွက်N3ကိုလေ့လာခဲ့လည်းပဲဖြေဆိုအောင်မြင်ဖို့ခက်ခဲပါလိမ့်မယ်။ N3ဖြေဆိုအောင်မြင်ရန်အတွက်လိုအပ်သည့်အခြေခံဆိုသည်မှာ「ယခုအချိန်အထိသင်ယူထားသည်များကိုအပြည့်အဝနားလည်ခြင်း」ကိုဆိုလိုပါသည်။ N4မှာအခြေခံကိုပိုင်ထားသူများသည် ဆန့်ကျင်ဘက်အနေနှင့်N4အထိသင်ခဲ့သောအကြောင်းအရာများကိုနားမလည်ပဲ N3ရဲ့ဖတ်စာအုပ်နှင့်မေးခွန်းများကိုထပ်ခါတလဲလဲလေ့ကျင့်လည်းပဲရလဒ်ကောင်းထွက်ရန်အချိန်တော်တော်ယူရမည်ဖြစ်သည်။ ဆက်လက်ပြီး 2.ဂျပန်ကိုသွားချင်သူများအတွက်ဂျပန်မလာခင်လုပ်သင့်သည့်အရာများနှင့်ပတ်သက်ပြီး နေ့စဥ်ဘဝမှာလည်းဂျပန်စာကိုကြိုးစားအားထုတ်ရန်အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ JLEF support အဖွဲ့မှလည်း条先生(じょうဆန်းဆေး)မေးခွန်းများမေးခဲ့ပါတယ် မေးခွန်း ①:N3ကိုလေ့လာစဥ်၊နိုင်ငံခြားသားများကိုအခက်တွေ့စေတဲ့အရာကဘာလဲ?အဲ့တာကို‌ကျော်ဖြတ်ဖို့နည်းလမ်းကိုလည်းပြောပြပေးပါ။ 条先生:အရမ်းအခက်တွေ့စေတဲ့အရာကတော့「語彙」လို့ခေါ်တဲ့ဝေါဟာရပါပဲ။ကျော်ဖြတ်နိုင်တဲ့နည်းတွေကတော့ ဝေါဟာရကိုတခုတည်းသီးသန့်ကျက်တာမျိုးမလုပ်ပဲစကားလုံးတွေကိုတွဲကျက်ဖို့အကြံပေးချင်ပါတယ်။ဥပမာ…   「はっきり」→「はっきりわかった!」     「さっぱり」→「シャワーをして、さっぱりした!」ဆိုပြီးတွဲမှတ်ပါနောက်ပြီးနားမလည်တာရှိရင်လည်းအမြဲလိုလိုဖုန်းကိုအသုံးပြုပြီးရှာဖွေတာမျိုးပြုလုပ်ပါ။ မေးခွန်း②:Akamonkai Japanese Language schoolမှာဆရာ/မတွေကဘယ်လိုsupportingမျိုးလုပ်ပေးပါသလဲ? 条先生:စာမေးပွဲနီးလာတာနဲ့အမျှစာမေးပွဲမေးခွန်းပုံစံများကိုကျင့်သားရအောင်တကယ်စာမေးပွဲဖြေနေတဲ့ပုံစံမျိုးနဲ့လေ့ကျင့်ပေးပါတယ်။ဒါ့အပြင်စာမေးပွဲဖြေဖို့‌ဖောင်လျှောက်ရာမှာအခက်ခဲဖြစ်တဲ့သူတွေကိုဖောင်တင်တာမျိုးပြုလုပ်‌ပေးပါတယ်။ မေးခွန်း③:စကားပြောတိုးတက်အောင်ဘယ်လိုလုပ်သင့်ပါသလဲ? 条先生:စကားပြောတိုးတက်ဖို့ စကားတွေအများကြီးပြောဖို့လိုပါတယ်။အဲ့ဒီလိုပြောတဲ့အခါမှာလည်းကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုစကားပြောတာပိုကောင်းပါတယ်။ဥပမာ မနေ့ကဘာလုပ်ခဲ့လဲ?မနက်စာဘာစားခဲ့လဲ စသဖြင့်ပေါ့နော်။ဖတ်စာအုပ်ကိုပဲဖတ်နေရင်တော်တော်နဲ့စကားပြောမကျွမ်းကျင်မှာမဟုတ်ပါဘူး။ကြိုးစားပြီးပြောဖို့တိုက်တွန်းပါတယ်။ POINT:ဂျပန်ဘာသာစကားတိုးတက်စေရန်နည်းလမ်းများ Webinarတွင်ဝင်ရောက်နားထောင်ပေးကြသူများထံမှမေးခွန်းများစွာမေးမြန်းထားခြင်းများကြောင့်မိနစ် ၃၀ကြာအချိန်ထပ်တိုးခဲ့ရပါတယ်။Webinarတွင်ပါဝင်ပေးခဲ့ကြသူများနှင့်စစ်တမ်းများကိုဖြေဆိုပေးခဲ့သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါသည်။ ဂျပန်စာကိုဒီထက်ပိုမိုတိုးတက်ပါစေဟုဆုတောင်းပေးလိုက်ပါတယ်နော်။ ဗီဒီယိုများဝင်ကြည့်ရန် ↓↓↓ 条先生Webinarကိုနားထောင်ရန်【မြန်မာဘာသာပြန်】ナンさん(မြန်မာ)Webinarကိုနားထောင်ရန်【မြန်မာဘာသာပြန်】    チンさん(တရုတ်)Webinarကိုနားထောင်ရန် フォンさん(ဗီယက်နမ်)Webinarကိုနားထောင်ရန်                           

2021ခုနှစ်ဗီယက်နမ်ပွဲတော်

ဗီယက်နမ်ပွဲတော်ကိုဂျပန်နိုင်ငံ၊တိုကျိုမြို့၊ Ueno Onshi Park ရှိ Takedai Square တွင်2021ခုနှစ်12လပိုင်း20ရက်(စနေနေ့)〜21ရက်(တနင်္ဂနွေနေ့)အထိ ၂ရက်ကြာကျင်းပခဲ့ပါသည်။ကိုရိုနာဗိုင်းရပ်စ်လွှမ်းမိုးမှုကြောင့်ဒီပွဲကိုခဏရွှေ့ဆိုင်းထားပေမယ့်၊ပွဲစီစဉ်သူတွေနဲ့ပါဝင်သူတွေဘက်မှ ရောဂါပိုးကူးစပ်မှုထိန်းချုပ်ခြင်းများကိုသေချာစွာစီမံဆောင်ရွက်ပြီးဒီနှစ်မှာပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။ JLEFအဖွဲ့ဝင်များကလည်းထိုနေ့တွင်ပါဝင်ဆင်နွှဲခဲ့ပြီး၊ဗီယက်နမ်အစားအစာများနှင့်ဗီယက်နမ်မှတိုက်ရိုက်ပို့ဆောင်ပေးသောထုတ်ကုန်ပစ္စည်းများ၊နာမည်ကြီးအနုပညာရှင်များမှတစ်ဦးချင်းစီဖျော်ဖြေတင်ဆက်မှုများကြောင့်အရမ်းပျော်ရွှင်ခဲ့ရပြီး၊ယခုနှစ်တွင်ပါဝင်ဆင်နွှဲခဲ့သူ၃၀,၀၀၀ခန့်ရှိသည်ဟုခန့်မှန်းရပါတယ်။ ဝင်ပေါက်မှာတန်းစီခဲ့ပြီးအထဲကိုရောက်ဖို့မိနစ်၃၀‌ လောက်စောင့်လိုက်ရပါတယ်။ပါဝင်ဆင်နွှဲတဲ့သူတွေအများအပြားရှိခဲ့တာကြောင့်တော်တော်အံ့သြခဲ့ရပါပြီးဝင်ပေါက်နားကိုလှည့်ပတ်ကြည့်ရာမှာ၊ဂျပန်လူမျိုးတွေထက်ဗီယက်နမ်လူမျိုးတွေကပိုများနေတာကိုတွေ့ခဲ့ရပါတယ်။ ဗီယက်နမ်စားသောက်ဆိုင်တွေလည်းအများကြီးရှိခဲ့သလို၊フォーလို့ခေါ်တဲ့ခေါက်ဆွဲနှင့်バインミーခေါ်အသားညှပ်ပေါင်မုန့်များအပြင်ရှားရှားပါးပါးဗီယက်နမ်သရက်သီးများလည်းရောင်းချနေခဲ့ပြီး၊အရမ်းကိုအရသာရှိခဲ့ပါတယ်။ ဗီယက်နမ်ရဲ့လယ်ယာထွက်ကုန်များကိုရောင်းချနေသောဆိုင်လည်းရှိပါတယ်။ အုန်းသီး၊နဂါးမောက်သီးနဲ့အုန်းပွင့်ရည်တို့သည်ဗီယက်နမ်မှာရေပန်းစားနေသောထုတ်ကုန်များဖြစ်သည်။ 2021ခုနှစ်တွင်ကျင်းပသောဗီယက်နမ်ပွဲတော်မှာဗီယက်နမ်လူမျိုးများအတူ၊ဆိုင်များတွင်ဝင်ရောက်လေ့လာခြင်းဖြင့်ဗီယက်နမ်၏ယဥ်ကျေးမှုများကိုတွေ့ကြုံခံစားခဲ့ရပါတယ်။ JLEFsupportအဖွဲ့ဝင်သည်လည်းဂျပန်နိုင်ငံတွင်အလုပ်လုပ်နေကြသောဗီယက်နမ်လူမျိုးများကိုကူညီထောက်ပံ့ပေးခြင်းဖြင့်ဂျပန်နှင့်ဗီယက်နမ်နှစ်နိုင်ငံကြားပေါင်းကူးတံတားဖြစ်နိုင်အောင်ဆက်လက်ကြိုးစားသွားပါမည်။ 大恩寺のタム チーさんとJLEFsupportチーム

Meiji Jinguသို့အလည်တခေါက်

ဂျပန်နိုင်ငံမှာဘုရားကျောင်း၊(သာမန်)နတ်ကွန်းနှင့်ဧကရာဇ်မင်းမြတ်၊ဆွေစဥ်မင်းဆက်ကိုးကွယ်သောနတ်ကွန်းများကိုယုံကြည်ကိုးကွယ်ကြသောဓလေ့ထုံးစံရှိပါတယ်။ဒီ၃မျိုးဟာပုံစံအားဖြင့်တူညီသလိုရှိပေမဲ့လည်း၊ကွဲပြားနေတဲ့နေရာများလည်းရှိပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် ・Oteraလို့ခေါ်သောဘုရားကျောင်းသည်ဗုဒ္ဓဘာသာ・Jinjaလို့ခေါ်သောနတ်ကွန်းမှာရှင်တိုဘာသာ・Jinguကတော့ဧကရာဇ်မင်းမြတ်များနှင့်အင်ပါယာမိသားစုများနှင့်သက်ဆိုင်မှုရှိသောသူများသာကိုးကွယ်လို့ရသောအဆောက်အအုံဖြစ်ပါတယ်။ 「お寺」「Otera」လို့ခေါ်သောဘုရားကျောင်းသည်မြတ်စွာဘုရားကိန်းဝပ်ရာနေရာ「神社」「Jinja」သည်ရှင်တိုနတ်ဘုရားကိန်းဝပ်ရာနေရာဖြစ်ပြီး「神宮」「Jingu」သည်ဧကရာဇ်မင်းမြတ်၊နယ်ချဲ့ဘိုးဘေးနတ်ဘုရားများနှင့်မြင့်မြတ်သောရတနာများကိန်းဝပ်ရာနေရာဖြစ်ပြီး၊ဂျပန်တနိုင်ငံလုံးတွင်စုစုပေါင်း「Jingu」 ၂၄ခုရှိပါတယ် ဒီတခေါက်ကျွန်တော်တို့ JLEFsupport အဖွဲ့ဝင်တွေသွားခဲ့ကြတဲ့နေရာကတော့တိုကျိုမြို့Harajukuဘူတာမှာရှိတဲ့Meiji Jingu ဖြစ်ပါတယ်။ 「Jingu」 သို့သွားရောက်ပြီးဝတ်ပြုရာမှာသိထားသင့်တဲ့အမူအကျင့်တွေကိုပြောပြပေးပါမယ်နော် 【ဒီအချက်4ချက်ကိုသတိပြုပါ】 1. 鳥居Torii (ခေါ် ) မုခ်ဦးကိုမဝင်ခင်တကြိမ်ဦးညွတ်ပါ Torii ဆိုသည်မှာဘုရားကျောင်းရဲ့အပြင်ဘက်နဲ့အတွင်းပိုင်းကိုပိုင်းခြားသည့်အဓိပ္ပါယ်ရှိသည်ဟုဆိုကြပြီးထိုဝင်ပေါက်မှအတွင်းပိုင်းသည်ဘုရားသခင်ရဲ့နယ်မြေဖြစ်ကြောင်းကိုဖော်ပြခြင်းဖြစ်သည်။ အထက်လူကြီး၏အိမ်သို့အလည်လာသကဲ့သို့ဦးညွှတ်ပြီးမှမုခ်ဦးကိုဖြတ်ခြင်းသည်ယဥ်ကျေးသောအပြုအမူဖြစ်သည်။မုခ်ဦးမှထွက်ခွာရာမှာလည်းမုခ်ဦးသို့တကြိမ်မျက်နှာမူပြီးဦးညွတ်ခြင်းပြုလုပ်ပါ။ 2. လျှောက်လမ်း၏အလယ်တည့်တည့်မှလျှောက်ခြင်းကိုရှောင်ကြဥ်ပါ လျှောက်လမ်းရဲ့အလယ်တည့်တည့်လမ်းကျောင်းကို「正中(せいちゅう)」ဟုခေါ်ပြီး၊နတ်ဘုရားဖြတ်သန်းသောလမ်းကြောင်းဟုဆိုကြသည်။ အလယ်တည့်တည့်မှလျှောက်ခြင်းကိုရှောင်ပြီးဘယ်ဘက်(သို့) ညာဘက်မှကပ်လျှောက်ပါ။ လမ်းကိုဖြတ်ကူးတဲ့အခါမှာလည်းတကြိမ်ဦးညွတ်ခြင်း(သို့)အလယ်ဗဟိုမှာရှိသောနတ်ကွန်းသို့ဦးညွတ်ခြင်းပြုလုပ်ပြီးမှဖြတ်ကူးတာဟာ၊အလေးထားတဲ့သဘောကိုဆောင်ပါတယ်။ 3. သန့်စင်ခြင်း(လက်နှင့်ခံတွင်း) လက်ကိုရေနဲ့ဆေးပြီးနောက်ပလုပ်ကျင်းပါ။ လက်နှင့်ခံတွင်းကိုဆေးကြောသန့်စင်ခြင်းသည်ာMisogi၏ရိုးရှင်းသောဓလေ့တစ်ခုဖြစ်သည့်မကောင်းမှုများကိုဆေးကြောသန့်စင်သောဓလေ့လည်းဖြစ်သည်။ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်ကိုသန့်စင်ပြီးလန်းဆန်းသောစိတ်ဖြင့်ဝတ်ပြုပါ။ (လက်နှင့်ခံတွင်း)သန့်ရှင်းရေးပြုလုပ်နည်းမှာ    ✧ညာဘက်လက်ဖြင့်(ယောက်ချိုပုံစံရေခပ်သည့်)ခွက်ကိုကိုင်ပြီးရေအပြည့်ခပ်ထည့်ပါ၊ဘယ်ဘက်လက်ကိုဆေးကြောသန့်စင်ပါ  ※   ひしゃく(ယောက်ချိုပုံစံရေခပ်သည့်)ကို ခွက်လို့ပဲဘာသာပြန်ထားပါတယ်   ✧  ပြီးလျှင်ခွက်ကိုဘယ်ဘက်လက်ဖြင့်ပြောင်းကိုင်ပြီး၊ညာဘက်လက်ကိုဆေးကြောသန့်စင်ပါ။  ✧ နောက်တဖန်ခွက်ကိုညာပြန်လက်သို့ပြောင်းကိုင်၍ဘယ်ဘက်လက်ဖြင့်ရေခံပြီးနောက် ထိုရေဖြင့်ပလုပ်ကျင်းပါ၊ ခွက်ကိုပါးစပ်ဖြင့်ထိပြီးပလုပ်ကျင်းခြင်းမပြုလုပ်ရပါ။ ✧ နောက်တခေါက်ဘယ်ဘက်လက်ကိုသန့်ရှင်းရေးပြုလုပ်ပါ။ ✧ကျန်ရှိနေသေးသောရေဖြင့်ခွက်ကိုဆေးကြောသန့်စင်ပြီးနေရာတကျပြန်ထားပေးပါ။ 4. ဝတ်ပြုနည်း(၂ကြိမ်ဦးညွတ်၂ချက်တီးတကြိမ်ဦးညွတ်)(にれいにはくしゅいちれい) လေးနက်စွာဦးညွတ်ခြင်းကို「拝」はいလို့ခေါ်ပြီး၊လက်ခုပ်တီးခြင်းကို「拍手」はくしゅလို့ခေါ်ပါတယ်။ 「拝」はいနှင့်「拍手」はくしゅနှစ်ခုလုံးသည်ဂျပန်ရိုးရာ၏အလေးပြုနည်းတစ်ခုဖြစ်ပါတယ်။ နတ်ဘုရားရှေ့မှာကျေးဇူးတင်သောစိတ်ကိုနှလုံးသွင်းပြီးဝတ်ပြုပါ။ ✧ကိုယ်ဟန်အနေအထားကိုပြင်ပါ ✧ ကျောကိုဆန့်တန်းထားပါ၊ထို့နောက်ခါးကို၉၀ဒီဂရီကိုင်းပြီး၂ကြိမ်လေးနက်စွာဦးညွတ်ပါ ✧ရင်ဘက်နားလောက်မှာလက်နှစ်ဖက်ကိုပူးကပ်ထားပြီး၊ညာဘက်လက်မကိုအနည်းငယ်အောက်သို့နှိမ့်ချထားပါ […]

1st International Job Fair 2021 တွင် ပါဝင်ဆင်နွှဲခဲ့သောပုံရိပ်များ

2020 ခုနှစ် စက်တင်ဘာလတွင် Hamamatsucho/Takeshiba ဧရိယာရှိ၊” Tokyo Port City Takeshiba” အဆောက်အဦး၏၂ထပ်မှ၅ထပ်အထိဖြစ်သောHamamatsucho ပြတိုက်တွင်အဆိုပါပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပြီး၊ထိုပြတိုက်တွင်ကုန်သွယ်မှုနှီးနှောဖလှယ်ပွဲများ၊အခမ်းအနားများ၊ စာမေးပွဲများနှင့် ကွန်ဖရင့်များကိုကျင်းပပြုလုပ်လို့ရသောနေရာလည်းဖြစ်ပါသည်။ 1st International Job Fair 2021ပထမဆုံးအကြိမ် နိုင်ငံတကာအလုပ်ကိုင်အခွင့်လမ်းနှီးနှောဖလှယ်ပွဲကိုTokyo Metropolitan Industry and Trade Center မှာ ကျင်းပခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ပြပွဲရုံးခန်း‌လေးကတော့ ဝင်ပေါက်နှင့်ကပ်လျက်ဘယ်ဘက်ခြမ်းမှာပြုလုပ်ခွင့်ရခဲ့တဲ့အတွက် ပွဲထဲကိုစတင်ဝင်ရောက်လာတဲ့သူများအပြင်ပွဲမှထွက်ခွာမည့်သူများနှင့်စည်းကားလျက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ပြပွဲရုံးခန်းလေးမှာဆိုရင် JLEFဖောင်ဒေးရှင်း၏လှုပ်ရှားမှုများကိုမိတ်ဆက်ပေးသည့်အပြင်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသောနိုင်ငံခြားသားများနှင့်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသောသူများအတွက်SNSမှတဆင့် မိခင်ဘာသာစကားဖြင့်သတင်းအချက်အလက်များကိုမျှဝေပေးနေသောပေ့ချ်များကိုမိတ်ဆက်ပေးခြင်းနှင့်လက်ကမ်းစာစောင်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။ထို့အပြင်မိခင်ဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးခြင်း၊အင်တာဗျူးဖြေခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံခြားသားများ၏နေထိုင်မှုကိုပံ့ပိုးပေးလျက်ရှိသောတိုင်ပင်ဆွေးနွေးကောင်တာ (FRESC)နှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှဘာသာစကားမျိုးစုံဖြင့်ထုတ်ထားသော” နေထိုင်မှုနှင့် အလုပ်အကိုင် လမ်းညွှန်စာအုပ်များ” ကိုလည်းမိတ်ဆက်ပေးခဲ့ပါသည်။ နိုင်ငံခြားသားများနှင့်ဆက်နွယ်လျက်ရှိသောကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက်အပြန်အလှန်နားလည်မှုနှင့်အတူတကွယှဥ်တွဲရပ်တည်နိုင်မည့်လူ့အဖွဲ့အစည်းတစ်ရပ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက်ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ထိုJLEFဖောင်ဒေးရှင်းတွင်အသင်းဝင်အဖြစ်ပါဝင်ရန်ကမ်းလှမ်းခြင်း၊ထိုသို့ကမ်းလှမ်းရာတွင်ရည်ရွယ်ချက်တူညီသောကုမ္ပဏီ၊အဖွဲ့အစည်းများ၏သဘောတူထောက်ခံမှုများကိုအများအပြားလက်ခံရရှိခဲ့ပါသည်။ EXPAT EXPO TOKYO 2021 (ဂျပန်နိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများအတွက် အထူးပြပွဲများ၊ ဆွေးနွေးပွဲများနှင့် ပွဲတော်များ) ကို ဒုတိယထပ်နှင့် တတိယထပ်တွင် တချိန်တည်းကျင်းပခဲ့သည့်အတွက်၊ကျွန်တော်တို့ဝန်ထမ်းများသည်လည်းဂျပန်နိုင်ငံအနှံ့အပြားရှိလည်ပတ်စရာနေရာနှင့်အချက်အလက်များကိုရယူခဲ့ခြင်း၊ဂျပန်ယဥ်ကျေးမှုပွဲတော်များတွင်လည်း ၂ရက်တာပါဝင်ဆင်နွှဲခဲ့ခြင်းအခွင့်အရေးများရရှိခဲ့ပါသည်။ ယခုတကြိမ်ရရှိခဲ့သောအချက်အလက်များကိုအခြေခံ၍ဂျပန်နိုင်ငံသို့လာရောက်မည့်နိုင်ငံခြားသားများအားအထောက်အကူပြုနိုင်မည့်အခန်းကဏ္ဍမှပါဝင်နိုင်ရန်မျှော်လင့်မိပြီး၊ပံ့ပိုးမှုများကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပါသည်။ […]

Scroll to top