အပြုံးပြိုင်ပွဲတွင်ဆုရယူသူများနှင့်အင်တာဗျူးခြင်း

2022နှစ်တွင်ကျင်းပခဲ့သော『အပြုံးပြိုင်ပွဲ』တွင်ထူးချွန်ဆုများရရှိခဲ့သောသူများရဲ့ကျောင်းနှင့်အဖွဲ့အစည်းများကိုတွေ့ဆုံမေးမြန်းဖို့အခွင့်ရေးကိုရရှိခဲ့ပြီးမိတ်ဆက်ဗီဒီယိုလေးကိုပြုလုပ်ခဲ့ပါတယ်

※『အပြုံးပြိုင်ပွဲ』ဆိုသည်မှာဂျပန်မှာအလုပ်လုပ်ရင်း(သို့)ကျောင်းတက်ရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနေတဲ့နိုင်ငံခြားသားများရဲ့ပြုံးပျော်နေသောဓါတ်ပုံများကိုမိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့ပြီး၊ဓါတ်ပုံများကို2022ခုနှစ်6လပိုင်း~8လပိုင်းအထိစုဆောင်းခဲ့ပါတယ်။ဂျပန်နိုင်ငံတဝှမ်းမှဓါတ်ပုံများကိုပေးပို့ခဲ့သောတစ်ဦးတစ်ယောက်ချင်းစီအားကျေးဇူးအထူးပင်တင်ရှိပါသည်။

エピソード賞 ဆုလက်ရာများ

エピソード賞 ဆုလက်ရာများ


ဆုရရှိသူ:トゥンさんတက်ရောက်နေသော「FPTဂျပန်စာသင်တန်းကျောင်း」သို့သွားရောက်ပြီးအင်တာဗျူးခဲ့ပါတယ်။

トゥンさんသည်FPT Japan Holdingတွင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းဂျပန်စာကိုသင်ယူလျက်ရှိပါတယ်။

学生同士で勉強も助け合います

FPT Japan Holding ဆိုသည်မှာ ဂျပန်လက်အောက်ခံကုမ္ပဏီခွဲဖြစ်ပြီးဗီယက်နက်ITကုမ္ပဏီ ဖြစ်ပါတယ်။

「FPTဂျပန်စာသင်တန်းကြောင်း」၏ထူးခြားချက်များမှာ

・ITအင်ဂျင်နီယာများအားသင်တန်းဆင်းထားသည့်အတွေ့ကြုံများကိုလက်တွေ့အသုံးချနိုင်သည့်ပညာရေးပရိုဂရမ်များဖြင့်သင်ကြားပေးခြင်း

・မိမိနိုင်ငံတွင်လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် အထူးပြုဘာသာရပ်များကို လေ့လာထားသောကျောင်းသူ/သားအများအပြားရှိခြင်း

登下校、先生があいさつしてくれます

ကုမ္ပဏီများအတွက်အလားအလာရှိမည့်လူသားအရင်းအမြစ်တွေကိုမွေးထုတ်ပေးပြီး၊ ဂျပန်နိုင်ငံမှာ တက်ကြွစွာပါဝင်လှုပ်ရှားနိုင်မဲ့လူ့စွမ်းအားအရင်းအမြစ်များဖြစ်စေလိုသောကျောင်းရဲ့ရည်မှန်းချက်များကိုအင်တာ‌ဗျူးမှတဆင့်သိရှိခဲ့ရပါတယ်

FPTဂျပန်စာသင်တန်းကျောင်း၏မိတ်ဆက်ဗီဒီယိုကြည့်ရန်

FPTဂျပန်စာသင်တန်းကျောင်း၏ဟုမ်းပေ့ချ် 


ဆုရရှိသူ:ひろにゃん さん ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့「LIFE VISIONအဖွဲ့အစည်း」ကိုအင်တာဗျုးခွင့်ရရှိခဲ့ပါတယ်။

အလုပ်သင်များကိုအင်တာဗျူးနေသောပုံရိပ်များ…..

日本語が堪能で、JLEFメンバーと仲良くなりました

「LIFE VISIONအဖွဲ့အစည်း」သည်နည်းပညာအလုပ်သင်နှင့်အထူးကျွမ်းကျင်လုပ်သားများကိုလက်ခံလျက်ရှိပြီးနှစ်ပေါင်း၂၀ကျော်တိုင်အောင်မြင်မှုရလဒ်များရှိပါတယ်။

ကုမ္ပဏီများနှင့် လူ့စွမ်းအားအရင်းအမြစ်များအား Well – being သာယာဝပြောစေရန်အတွက်၊အဖွဲ့အစည်းရဲ့ရည်မှန်းချက်မှာဂျပန်နိုင်ငံတွင်ပထမဆုံးသော「အကောင်းဆုံးသောအရည်အသွေး၊အကောင်းဆုံးသောစိတ်ကျေနပ်မှုနှင့် ပိုမိုကျယ်ပြန့်သောအခွင့်လမ်း」အသီးသီးကိုအကောင်ထည်ဖော်ရန်ဖြစ်သည်။

会社の餅つきの様子を教えてくれました

သင်တန်းကာပြီးဆုံး၍အမိနိုင်ငံသို့ပြန်သွားကြသည့်နိုင်ငံခြားသားအလုပ်သင်များနှင့်လည်းမိသားစုဝင်သဖွယ်အဆက်သွယ်မပြတ်ရှိနေပြီး၊အင်တာဗျူးမှတဆင့်လည်းLIFE VISIONအဖွဲ့အစည်းရဲ့နွေးထွေးမှုတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။

LIFE VISIONအဖွဲအစည်း၏မိတ်ဆက်ဗီဒီယိုကိုကြည့်ရန်

LIFE VISIONအဖွဲ့အစည်း၏ဟုမ်းပေ့ချ်



ယခုလိုအင်တာဗျူးအတွက်ပူးပေါင်းပါဝင်ပေးသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။
ဆုမရရှိသော်လည်း Smile Contestတွင်ပါဝင်ပေးခဲ့ကြသောသူများကိုလည်းကျေးဇူးတင်ပါတယ်။

<စုံစမ်းမေးမြန်းရန်>

主催:一般財団法人Japan Leading Edge Foundation(通称:JLEF財団)
電話番号:03-6206-1180
メール:info@jlef.jp 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top