2022 ခုနှစ်Yoyogiပန်းခြံတွင်ကျင်းပခဲ့သောဗီယက်နမ်ပွဲတော်

ဗီယက်နမ်ပွဲတော်ကိုYoyogi ပန်းခြံတွင်၂၀၂၂ခုနှစ်ဇွန်လ ၄ရက်(စနေနေ့)မှ ၅ရက်(တနင်္ဂနွေနေ့)အထိ၂ရက်ကြာကျင်းပခဲ့ပါသည်။ယခုပွဲသည်ဂျပန်နှင့်ဗီယက်နမ်နှစ်နိုင်ငံကြားယဥ်ကျေးမှုဖလှယ်သည့်အထိမ်းအမှတ်ပွဲတော်တစ်ခုအဖြစ်ဗီယက်နမ်အစိုးရမှတရားဝင်အသိမှတ်ပြုပြီးကျင်းပခြင်းလည်းဖြစ်သည်။၃နှစ်ကြာမှပြန်လည်ကျင်းပသောပွဲဖြစ်ပြီးဗီယက်နမ်မှထိပ်တန်းအနုပညာရှင်များကိုဖိတ်ခေါ်ခဲ့ပြီး၊ဂျပန်ဘက်မှလည်းサンプラザNakano-kunနှင့်Papala Kawaiတို့လည်းတက်ရောက်ခဲ့ကြပါတယ်။

ဆိုင်တိုင်းလိုလိုဗီယက်နမ်လက်ရာကိုခံစားနိုင်မဲ့ပုံပါပဲ။ဆိုင်တွေကြောင့်ဗီယက်နမ်ကိုရောက်နေသလိုခံစားရပါတယ်။ဗီယက်နမ်လူမျိုးများအပြင်ဂျပန်လူမျိုးများလည်းအများအပြားလာရောက်ခဲ့ကြပြီးဗီယက်နမ်ရဲ့ယက်ကျေးမှုကိုခံစားပြီးနှစ်သက်နေကြပါတယ်။

ဥပမာဒီဆိုင်လေးဆိုရင် ဗီယက်နမ်ရဲ့ 【ဆိုင်ကလို】လေးကိုအပြင်မှာထုတ်ပြထားပါတယ်။ဆိုင်ကလိုဆိုတာပြင်သစ်ဘာသာစကားဖြင့် Cyclo လို့ခေါ်ပြီး သုံးဘီးတပ်ယာဥ်ဖြစ်ပြီး၊စက်ဘီးစီးနင်းတဲ့ပုံစံနဲ့တူတူပါပဲ။ဟနွိုင်းမြို့ဟောင်းတွေ့ရမြင်တွေ့နေကျဖြစ်ပြီး၊လူနဲ့ပစ္စည်းတွေကိုတင်နင်းလို့ရပြီး၊ဗီယက်နမ်မှာဆိုရင်သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။

နောက်တခုကဗီယက်နမ်ရဲ့ကောက်ရိုးဦးထုပ်လေးပါ။「ノンラー」လို့ခေါ်ပြီး၊တြိဂံပုံစံချွန်ချွန်လေးဖြစ်ပါတယ်။ဓါတ်ပုံထဲမှာတွေ့မြင်ရတဲ့ဦးထုပ်နဲ့အတူတီထွင်ထားတဲ့ဆိုင်းပုဒ်ကတော့ဂျပန်မှာတော်ရုံမတွေ့ရလို့ထူးခြားတယ်လို့ခံစားမိစေပါတယ်။

ဗီယက်နမ်စားသောက်ဆိုင်တွေထဲမှာ banh mi (ခေါ် )အသားညှပ်ပေါင်မုန့်နဲ့ဗီယက်နမ်ကော်ဖီ၊ခေါက်ဆွဲဆိုင်မျိုးစုံရှိပြီး၊အနံကတော်တော်ဆွဲဆောင်မှုရှိလို့စားချင်စိတ်တွေဖြစ်လာစေပါတယ်။。

အဲ့ဒီထဲမှာမှ ဗီယက်နမ်လို့ပြောရင်フォーလို့ခေါ်တဲ့ခေါက်ဆွဲကိုသွားသတိရကြမှာဖြစ်ပါတယ်။ကျွန်တော်တို့လည်းရောက်တုန်းစားကြည့်ခဲ့ပါတယ်။

ブンボーフェလို့ခေါ်တဲ့(ဝက်သားနဲ့အတွင်းကလီစာ)ရောထားတဲ့ခေါက်ဆွဲကရောင်းလို့ကုန်သွားတာကြောင့်အမဲသားခေါက်ဆွဲフォーနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ခေါက်ဆွဲကလည်းအနေတော်ပါပဲ၊အသားကလည်းနုပါတယ်။အစပ်ကြိုက်တဲ့သူကတော့ငရုတ်သီးစိတ်ကြိုက်ထည့်ပြီးစားနိုင်ပါတယ်။နံနံပင်မကြိုက်ရင်ရှောင်ခိုင်းလို့ရပါတယ်။ဆိုင်ရှင်လေးကလည်းချောပြီးပြောလို့ကောင်းပါတယ်။

ကျွန်တော်တို့ကဗီယက်နမ်ပွဲမှာပျော်ဖို့တင်မဟုတ်ပါဘူး၊ဗီယက်နမ်လူမျိုးတွေကိုအင်တာဗျူးဖို့အတွက်လည်းလာတာဖြစ်ပါတယ်။ဒီနေ့၃ယောက်အင်တာဗျူးခဲ့ပါတယ်
ပထမတယောက်ကတော့アオザイလို့ခေါ်တဲ့ဗီယက်နမ်ရဲ့ရိုးရာဝတ်စုံကိုဝတ်ထားတဲ့မမချောချောလေးပါ။

ဒုတိယတယောက်ကတော့ဂျပန်ရောက်ခါစ(၃-၄ရက်ပဲရှိသေး)ဖြစ်ပြီး၊အပြင်ထွက်တိုင်းအင်တာနက်မရှိလို့စိတ်ညစ်နေတဲ့သူပါ။

နောက်ဆုံးတယောက်ကတော့ဂျပန်ရောက်တာ၃နှစ်ပြည့်တော့မှာဖြစ်ပြီး၊တိုခုတဲအိဂီနောပြောင်းဖို့ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်။

၃ယောက်လုံးနဲ့စကားပြောကြည့်ရမှာ၊တူညီတဲ့အချက်ကတော့ အားလုံးကဂျပန်နိုင်ငံကိုနှစ်သက်သဘောကျတယ်ဆိုတဲ့အချက်ပါ။

ဂျပန်နိုင်ငံရဲ့ဘယ်လိုအချက်တွေကိုသဘောကျတယ်လို့ထင်ကြပါသလဲ?

အင်တာဗျူးထဲမှာဖြေထားတဲ့အတွက်ဗီဒီယိုထဲမှာကြည့်ရှုနိုင်ပါတယ်နော်။

ဂျပန်လာမဲ့သူများအတွက်လည်းmessageလေးပါပြောထားပေးပါတယ်။

ဗီဒီယိုကြည့်ရန်【ベトナムフェスティバル2022】

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top