2021ခုနှစ်ဗီယက်နမ်ပွဲတော်

ဗီယက်နမ်ပွဲတော်ကိုဂျပန်နိုင်ငံ၊တိုကျိုမြို့၊ Ueno Onshi Park ရှိ Takedai Square တွင်2021ခုနှစ်12လပိုင်း20ရက်(စနေနေ့)〜21ရက်(တနင်္ဂနွေနေ့)အထိ ၂ရက်ကြာကျင်းပခဲ့ပါသည်။ကိုရိုနာဗိုင်းရပ်စ်လွှမ်းမိုးမှုကြောင့်ဒီပွဲကိုခဏရွှေ့ဆိုင်းထားပေမယ့်၊ပွဲစီစဉ်သူတွေနဲ့ပါဝင်သူတွေဘက်မှ ရောဂါပိုးကူးစပ်မှုထိန်းချုပ်ခြင်းများကိုသေချာစွာစီမံဆောင်ရွက်ပြီးဒီနှစ်မှာပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်။

JLEFအဖွဲ့ဝင်များကလည်းထိုနေ့တွင်ပါဝင်ဆင်နွှဲခဲ့ပြီး၊ဗီယက်နမ်အစားအစာများနှင့်ဗီယက်နမ်မှတိုက်ရိုက်ပို့ဆောင်ပေးသောထုတ်ကုန်ပစ္စည်းများ၊နာမည်ကြီးအနုပညာရှင်များမှတစ်ဦးချင်းစီဖျော်ဖြေတင်ဆက်မှုများကြောင့်အရမ်းပျော်ရွှင်ခဲ့ရပြီး၊ယခုနှစ်တွင်ပါဝင်ဆင်နွှဲခဲ့သူ၃၀,၀၀၀ခန့်ရှိသည်ဟုခန့်မှန်းရပါတယ်။

ဝင်ပေါက်မှာတန်းစီခဲ့ပြီးအထဲကိုရောက်ဖို့မိနစ်၃၀‌ လောက်စောင့်လိုက်ရပါတယ်။ပါဝင်ဆင်နွှဲတဲ့သူတွေအများအပြားရှိခဲ့တာကြောင့်တော်တော်အံ့သြခဲ့ရပါပြီးဝင်ပေါက်နားကိုလှည့်ပတ်ကြည့်ရာမှာ၊ဂျပန်လူမျိုးတွေထက်ဗီယက်နမ်လူမျိုးတွေကပိုများနေတာကိုတွေ့ခဲ့ရပါတယ်။

ဗီယက်နမ်စားသောက်ဆိုင်တွေလည်းအများကြီးရှိခဲ့သလို၊フォーလို့ခေါ်တဲ့ခေါက်ဆွဲနှင့်バインミーခေါ်အသားညှပ်ပေါင်မုန့်များအပြင်ရှားရှားပါးပါးဗီယက်နမ်သရက်သီးများလည်းရောင်းချနေခဲ့ပြီး၊အရမ်းကိုအရသာရှိခဲ့ပါတယ်။

ဗီယက်နမ်ရဲ့လယ်ယာထွက်ကုန်များကိုရောင်းချနေသောဆိုင်လည်းရှိပါတယ်။

အုန်းသီး၊နဂါးမောက်သီးနဲ့အုန်းပွင့်ရည်တို့သည်ဗီယက်နမ်မှာရေပန်းစားနေသောထုတ်ကုန်များဖြစ်သည်။

2021ခုနှစ်တွင်ကျင်းပသောဗီယက်နမ်ပွဲတော်မှာဗီယက်နမ်လူမျိုးများအတူ၊ဆိုင်များတွင်ဝင်ရောက်လေ့လာခြင်းဖြင့်ဗီယက်နမ်၏ယဥ်ကျေးမှုများကိုတွေ့ကြုံခံစားခဲ့ရပါတယ်။

JLEFsupportအဖွဲ့ဝင်သည်လည်းဂျပန်နိုင်ငံတွင်အလုပ်လုပ်နေကြသောဗီယက်နမ်လူမျိုးများကိုကူညီထောက်ပံ့ပေးခြင်းဖြင့်ဂျပန်နှင့်ဗီယက်နမ်နှစ်နိုင်ငံကြားပေါင်းကူးတံတားဖြစ်နိုင်အောင်ဆက်လက်ကြိုးစားသွားပါမည်။

大恩寺のタム チーさんとJLEFsupportチーム

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top