12ကြိမ်မြောက်နီပေါပွဲတော်【2022】in Nakano Shikinomoriပန်းခြံတွင်ကျင်းပခြင်

အားလုံးပဲမင်္ဂလာပါ။ဒီတခေါက်နီပေါပွဲတော်ကိုဝင်ရောက်ဆင်နွှဲခဲ့တဲ့အကြောင်းလေးကိုပြောပြပါမယ်နော်။

海外在住ネパール協会日本支部(NRNA)パウデル シヴァ プラサッド会長

ဒါနဲ့စကားမစပ်၊နီပေါရဲ့နိုင်ငံတော်အလံဟာကမ္ဘော‌ပေါ်မှာတစ်ခုတည်းသောတြိဂံပုံစံအလံဖြစ်တယ်ဆိုတာသိပြီးပြီလား?

ネパール国旗

အလံပေါ်မှာပါတဲ့အနီရောင်သည်နီပေါ်နိုင်ငံရဲ့ကိုကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး၊နိုင်ငံသားရဲ့ရဲရင့်မှုကိုဖော်ပြပြီး၊အပြာရောင်ဘောင်အကွပ်သည်ငြိမ်းချမ်းခြင်းကိုကိုယ်စားပြုပါတယ်။တြိဂံ၂ခုမှာဟိမဝန္တာတောင်ရဲ့တောင်တန်းများကိုကိုယ်စားပြုပြီး၊အဓိကဘာသာကြီး၂ခုဖြစ်တဲ့ဟိန္ဒူဘာသာနှင့်ဗုဒ္ဓဘာသာကိုကိုယ်စားပြုပါတယ်။အလံထဲမှာရေးဆွဲထားတဲ့လနှင့်နေတို့သည်ဤနိုင်ငံကိုလနှင့်နေမင်းကဲ့သို့ဆက်လက်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒကိုကိုယ်စားပြုသည်ဟုဆိုကြပါသည်။

နိုင်ငံတိုင်းရဲ့အလံမှာသူ့ရည်ရွယ်ချက်နဲ့အဓိပ္ပါယ်ကိုယ်ဆီရှိပေမဲ့နီပေါနိုင်ငံရဲ့အလံဟာအဓိပ္ပါယ်နက်ရှိုင်းတယ်လို့ခံစားမိပါတယ်။


ဆက်လက်ပြီးနီ‌ပေါပွဲတော်လေးကိုမိတ်ဆက်ပေးပါမယ်။

၂၀၂၂ခုနှစ်၇လပိုင်း၃၀ရက်နဲ့၃၁ရက်မှာNakano Shikinomoriပန်းခြံမှာ ၃နှစ်တွင်းပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။

(NRNAジャパンが主催、駐日ネパール大使館共催)

နီပေါနိုင်ငံရဲ့အနုပညာ၊ယဥ်ကျေးမှုနှင့်ရိုးရာဝတ်စုံများကဲ့သို့သောအစဥ်လာဓလေ့ထုံးတမ်းများကိုပိုမိုသိရှိစေရန်၊နီပေါဟင်းလျာများရောင်းချခြင်း၊သီချင်းများနှင့်ရိုးရာအကများအပြင်နီပေါဂီတတူရိယာဖြင့်တိုက်ရိုက်ဖျော်ဖြေမှုများကိုခန်းမတွင်ပြုလုပ်ခဲ့ကြပါသည်။

နေသာသောနွေရာသီဖြစ်သည့်အပြင်၊ပြင်ပအပူချိန်သည်တော်တော်မြင့်မားခဲ့သော်လည်းခန်းမထဲမှာတော့နီပေါနိုင်ငံရဲ့ရိုးရာဓလေ့များကိုပျော်မွေ့ချင်သောသူများ၏စိတ်အားထက်သန်မှုကိုအတိုင်းသားတွေ့မြင်နေရပါတယ်။

ネパール料理

န်တော်တို့ JLEFအဖွဲ့မှလည်းပန်းခြံဝင်ပေါက်မှာမြေပုံများဝေခြင်းလမ်းညွှန်ပေးခြင်းများကိုပြုလုပ်ခဲ့ပါတယ်။

လာရောက်ကြသောဧည့်သည်တော်များသည်ကျွန်တော်တို့JLEFအဖွဲ့မှပံ့ပိုးကူညီမှုကိုသိရှိစေခြင်း၊ထို့အပြင်ကျွန်တော်တို့သည်လည်းနီ‌ပေါအကြောင်းနှင့်ပတ်သက်ပြီးပိုမိုသိရှိနိုင်ခြင်းဖြင့်တန်ဖိုးရှိသောအချိန်များကိုဖြတ်သန်းခွင့်ရခဲ့ပါတယ်။

入口でご案内
JLEF記念写真

ယခုလိုအခွင့်အရေးပေးခဲ့သောနီ‌ပေါသံရုံးနှင့်တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။

JLEF×海外在住ネパール協会日本支部(NRNA)
JLEF×海外在住ネパール協会日本支部(NRNA)

ဗီဒီယိုကြည့်လိုသူများအတွက်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top