သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး 

သားအိမ်ခေါင်းကင်ဆာသည်အမျိုးသမီးငယ်များတွင်အဖြစ်များသည်။

ဂျပန်နိုင်ငံတွင်နှစ်စဥ်အမျိုးသမီး ၁၁,၀၀၀ခန့်၊သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားလျက်ရှိပြီး၊နှစ်စဥ်အမျိုးသမီး ၂၈၀၀ခန့်ထိုရောဂါဖြင့်သေဆုံးလျက်ရှိသည်။

အသက် ၂၀ကျော်အမျိုးသမီးလူနာများစတင်တိုးပွားလာပြီး၊အသက်၃၀မတိုင်မီကင်ဆာရောဂါကုသမှုများကြောင့်သားအိမ်ဆုံးရှုံးသွားသူ(ကိုယ်ဝန်မဆောင်နိုင်တော့သူ)မှာ၁၂၀၀ဦးရေခန့်ရှိကြောင်းသိရှိရပါသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်းအကြောင်းရင်းမှာHuman papillomavirus 

(HPV)ဟုခေါ်သောဗိုင်ရပ်စ်ပိုးကူးစပ်မှုကြောင့်ဖြစ်ပွားရခြင်းကို၁၉၈၂ ခုနှစ်တွင်ရှာဖွေတွေ့ရှိခဲ့ရသည်။

၂၀၀၆ ခုနှစ်မှစပြီး HPV ကာကွယ်ဆေးကိုဥရောပနှင့်အမေရိကန်ပြည်ထောင်စုတွင်စတင်အသုံးပြုခဲ့သည်။

ဂျပန်နိုင်ငံတွင်ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သော်လည်း၊ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေး၏အကျိုးဆက်များအတိအကျမတွေ့ရှိရသည့်အပြင်၊နာကျင်ကိုက်ခဲမှုများကိုဆက်တိုက်ခံစားရသောဆိုးကျိုးများကြောင့် 2013 ခုနှစ်တွင် ကာကွယ်ဆေးထိုးရန် တိုက်တွန်းခြင်းများကို ရှောင်ကြဉ်ခဲ့ပါသည်။


 

2021ခုနှစ်တွင်ကျန်းမာ‌ရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ HPV ကာကွယ်ဆေးနှင့်ပတ်သက်၍အထူးစိုးရိမ်စရာမရှိဟု အတည်ပြုခဲ့ပြီး၊ကာကွယ်ဆေး၏ဆိုးကျိုးများထက်၊ဆေး၏ထိရောက်မှုသည်သိသိသာသာသာပို၍သာလွန်နေကြောင်းကိုအကဲဖြတ်ခဲ့သည်။ထို့ကြောင့်2022ခုနှစ် 4လပိုင်းနောက်တွင်ကာကွယ်ဆေးထိုးခြင်းကိုပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်သွားမည်ဖြစ်သည်။


HPV ကာကွယ်ဆေးပုံမှန်ထိုးရန်အရည်အချင်းပြည့်မီသူများမှာ

မူလတန်း၆တန်း(အသက် ၁၃နှစ်)မှ အထက်တန်းပထမနှစ်(အသက်၁၆နှစ်)ရှိသောမိန်းကလေးများဖြစ်သည်။

(1997နှစ်ဖွား~2005နှစ်ဖွား)များကိုကာကွယ်ဆေးထိုးရန်တိုက်တွန်းခြင်းမရှိခဲ့သော်လည်း၊ယခုအခါမှာကာကွယ်ဆေးထိုးလို့ရသောမူဝါဒကိုထုတ်ပြန်လိုက်ပါသည်။

2022ခုနှစ် 4လပိုင်းမှစပြီးရည်မှန်းထားသောအသက်ထက်ကျော်လွန်နေသောသူများလည်းကာကွယ်ဆေးအခမဲ့ထိုးနိုင်မှာဖြစ်ပါသည်။

မိမိနေထိုင်သောမြို့နယ်များအပေါ်မူတည်၍စီမံဆောင်ရွက်ချက်များကွာခြားမှုရှိနိုင်သဖြင့်၊ကာကွယ်ဆေးထိုးပေးသောတာဝန်ခံဌာနသို့ဆက်သွယ်မေးမြန်းပါ။

သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်ပြီးသိထားသင့်သောအချက်မှာ

HPV ကာကွယ်ဆေးထိုးခြင်းနှင့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဖြစ်သည်။

ကာကွယ်ဆေးအားလုံးတွင်အကျိုးကျေးဇူးများနှင့်ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါသည်။

အရင်ဆုံးHPVသားအိမ်ခေါင်းကာကွယ်ဆေးထိုးပြီးကာကွယ်ခြင်းနှင့်သားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးခြင်းကိုပြုလုပ်သင့်ပါသည်။(ကာကွယ်ဆေးထိုးထားလည်းပဲစစ်ဆေးဖို့တိုက်တွန်းပါတယ်)



JLEFsupportမှဂျပန်နိုင်ငံရှိနေထိုင်လျက်ရှိသော၊ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသောသူငယ်ချင်းများအားလုံးအတွက်အထောက်အကူပြုနိုင်မဲ့သတင်း‌လေးတွေကိုဆက်လက်တင်ဆက်မှာဖြစ်လို့ကြည့်ရှုအားပေးကြပါအုံးနော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top