ပင်စင်ကြေးပြန်လည်ထုတ်ယူခြင်း

ဂျပန်နိုင်ငံတွင်နေထိုင်စဥ်အတွင်းပင်စင်ကြေးများကိုထည့်သွင်းထားပါက၊နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေတောင်းခံနိုင်ပါသည်။
「脱退一時金」ခေါ်  「နှုတ်ထွက်ပင်စင်ပုတ်ပြတ်」ငွေကို၊အမျိုးသားပင်စင်၊လူမှုဖူလုံရေးပင်စင်အာမခံများတွင်ထည့်ဝင်ခဲ့သောကာလနှင့်ပတ်သက်၍အာမခံအသင်းဝင်အဖြစ်ရပ်ဆိုင်းသည့်အခါတွင်ရရှိမှာဖြစ်ပါတယ်။
ထိုသို့ပင်စင်ကြေးပြန်လည်ထုတ်ယူရာတွင်လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်ပြီးသတိပြုရမည့်အချက်များကိုပြောပြပေးမှာဖြစ်ပါတယ်။

.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီသိထားသင့်သည့်အရာများ

◎ အနာဂါတ်တွင်သက်ကြီးပင်စင်ခံစားခွင့်ရယူလိုသူများ
နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေကိုရယူပြီးပါက၊နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီကာလအားလုံးကိုပင်စင်ကြေးပေးချေခဲ့သောကာလမှပယ်ဖျက်မည်။ထို့ကြောင့်အနာဂါတ်တွင်ဂျပန်သက်ကြီးပင်စင်ရယူမှုရှိမရှိကိုသေချာထည့်သွင်းစဥ်းစားပြီးမှလျှောက်ထား‌တောင်းခံစေလိုပါတယ်။

◎ ဂျပန်နိုင်ငံနှင့်သဘောတူညီမှုချုပ်ဆိုထားသောမိတ်ဖက်နိုင်ငံ၏ပင်စင်စနစ်တွင်အာမခံကြေးပေးသွင်းထားသူများ
သတ်မှတ်ထားသောအခြေအနေတစ်ရပ်အောက်တွင်ပင်စင်အာမခံထည့်ဝင်ခဲ့သောကာလများကိုစုပေါင်းတွက်ချက်ပြီးဂျပန်နိုင်ငံနှင့်မိတ်ဖက်နိုင်ငံ၏ပင်စင်ကိုလက်ခံရယူနိုင်ပါသည်။သို့သော်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေကိုရယူပြီးပါကနှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီကာလအားလုံးကိုပင်စင်ကြေးပေးချေခဲ့သောကာလမှပယ်ဖျက်မည်။

【ဂျပန်နှင့်ပင်စင်သဘောတူညီမှုချုပ်ဆိုထားသောမိတ်ဖက်နိုင်ငံ(2022ခုနှစ်2လပိုင်းသတင်းအရ)】

ドイツ、アメリカ、ベルギー、フランス、カナダ、オーストラリア、オランダ、チェコ、スペイン、アイルランド、ブラジル、スイス、ハンガリー、インド、ルクセンブルク、フィリピン、スロバキア、フィンランド

ဂျာမဏီ၊အမေရိကန်၊ဘယ်လ်ဂျီယံ၊ပြင်သစ်၊ကနေဒါ၊သြစတြေးလျ၊နယ်သာလန်၊ချက်သမ္မတနိုင်ငံ၊စပိန်၊အိုင်ယာလန်၊ဘရာဇီး၊ဆွစ်ဇာလန်၊ဟန်ဂေရီ၊အိန္ဒိယ၊လူဇင်ဘတ်၊ဖိလစ်ပိုင်၊စလိုဗက်ကီးယား၊ဖင်လန်

2.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ထုတ်ရန်လိုအပ်သောအချက်များ

◎ ဂျပန်နိုင်ငံသားမခံယူထားသူ

◎ အမျိုးသားပင်စင် (သို့) လူမှုဖူလုံ‌ရေးအာမခံ(ပူးပေါင်းကူညီမှုအဖွဲ့အစည်းအပါအဝင်)တွင် ၆လနှင့်အထက်အာမခံဝင်ထားသူ

◎ နှုတ်ထွက်ပင်စင်ရယူရန်အရည်ချင်းသတ်မှတ်ကာလ(အမျိုးသားပင်စင်သို့လူမှုဖူလုံရေးအာမခံအသင်းဝင်ကာလ၁၀နှစ်မပြည့်ရပါ)
※ပင်စင်ရယူရန်ခံစားခွင့်အရည်ချင်းသတ်မှတ်ကာလ၁၀နှစ်နှင့်အထက်ရှိပါက၊အနာဂါတ်တွင်ဂျပန်သက်ကြီးပင်စင်ကိုလက်ခံရယူနိုင်သည့်အရည်ချင်းရှိသည့်အတွက်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ထုတ်ယူလို့မရပါ။

◎ မသန်စွမ်းပင်စင်ရယူခဲ့ဖူးခြင်းမရှိသူ

◎ ဂျပန်နိုင်ငံတွင်နေရပ်လိပ်စာမရှိရပါ
※မြို့နယ်၊ရပ်ကွက်၊ရွာများတွင်‌‌ ပြောင်းရွှေ့ထွက်ခွာခြင်းလျှောက်လွှာတင်ပြီးပါက၊အထူးပြည်ပြန်ဝင်ခွင့်ရရှိထားသူများဂျပန်မှထွက်ခွာပါကလျှောက်ထားနိုင်သော်လည်း၊ပြောင်းရွှေ့ထွက်ခွာခြင်းလျှောက်လွှာမတင်ထားပါကပြည်ပြန်ဝင်ခွင့်၊အထူးပြည်ပြန်ဝင်ခွင့်၏သက်တမ်းရှိနေသ၍အမျိုးသားပင်စင်ထမ်းဆောင်နေသူအဖြစ်သတ်မှတ်ထားသည့်အတွက်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံခွင့်မရှိပါ။

◎ အမျိုးသားပင်စင်အာမခံစာရင်းဝင်ရန်အရည်ချင်းပယ်ဖျက်ခံရချိန်မှစ၍ ၂နှစ်မကျော်လွန်ရပါ

3.လျှောက်လွှာတင်သည့်အခါသတိပြုရမည့်အချက်များ

◎  ပြည်ပသို့မထွက်ခွာခင်ဂျပန်ပြည်တွင်းမှလျှောက်လွှာတင်ပါက၊နေထိုင်ခွင့်ပြောင်းရွှေ့မည့်နေ့/ရက်နောက်ပိုင်းတွင်လျှောက်လွှာကိုဂျပန်ပင်စင်ဝန်ဆောင်မှုသို့တင်လျှောက်ပါ။
(နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေတောင်းခံရန်လျှောက်လွှာကိုဂျပန်ပင်စင်ဝန်ဆောင်မှုမှလက်ခံရရှိသည့်နေ့တွင်လျှောက်ထားသူသည်ဂျပန်တွင်လိပ်စာမရှိရန်လိုအပ်သည်။)

◎ စာတိုက်မှပို့ဆောင်ရာတွင်၊လျှောက်လွှာကိုပြောင်း‌ရွှေ့မည့်နေ့/ရက်နောက်ပိုင်း ၌ဂျပန်ပင်စင်ဝန်ဆောင်မှုသို့ရောက်ရှိရန်ချိန်ကိုက်၍ပို့ပါရန်။

4.လိုအပ်သည့်စာရွက်စာတမ်းများ

① နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံလွှာ(အမျိုးသားပင်စင်/လူမှုဖူလုံရေးအာမခံ)
နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းဆိုလွှာမှာဂျပန်နှင့်နိုင်ငံခြားဘာသာနှစ်မျိုးကိုရေးသားထားသည့်အတွက်အောက်ပါဘာသာစကားများဖြင့်လည်းဖော််ပြထားပါတယ်။

英語/中国語/韓国語/ポルトガル語/スペイン語/インドネシア語/フィリピノ(タガログ)語/タイ語/ベトナム語/ミャンマー語/カンボジア語/ロシア語/ネパール語/モンゴル語

အင်္ဂလိပ်/တရုတ်/ကိုးရီးယား/ပေါ်တူဂီ/စပိန်/အင်ဒိုနီးရှား/ဖိလစ်ပိုင်/ထိုင်း/ဗီယက်နမ်/မြန်မာ/ကမ္ဘောဒီးယား/ရုရှား/နီပေါ/မွန်ဂိုရီးယား

ဒေါင်းလုတ်ဆွဲရန်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံလွှာနိုင်ငံခြားဘာသာ

② နိုင်ငံကူးလက်မှတ်မိတ္တူ(အမည်၊မွေးသက္ကရာဇ်၊နိုင်ငံသား၊လက်မှတ်၊နေထိုင်ခွင့်အရည်ချင်းကိုစစ်ဆေးနိုင်သည့်စာမျက်နှာ)

③ ဂျပန်ပြည်တွင်းနေရပ်လိပ်စာမရှိကြောင်းစစ်ဆေးနိုင်သောစာရွက်စာတမ်း(နေထိုင်ခွင့်ပယ်ဖျက်ထားကြောင်းစာရွက်မိတ္တူ)
(ပြည်ပသို့မထွက်ခွာခင်မိမိနေထိုင်သောမြို့နယ်၊ရပ်ကွက်၊ရွာတွင်နေထိုင်ခွင့်ပြောင်းရွှေ့ကြောင်းလျှောက်ခဲ့ပါကနေထိုင်ခွင့်ဇယားဖျက်သိမ်းခြင်းသတင်းအချက်အလက်မှဂျပန်ပြည်တွင်းနေရပ်လိပ်စာပိုင်ဆိုင်မှုမရှိကြောင်းစစ်ဆေးနိုင်မည်ဖြစ်သောကြောင့်နေထိုင်ခွင့်ပယ်ဖျက်ထားကြောင်းစာရွက်မိတ္တူမလိုအပ်ပါ)

④ ကာယကံရှင်ဘဏ်အကောင့်
「ဘဏ်အမည်」「ဘဏ်ခွဲအမည်」「ဘဏ်ခွဲတည်နေရာ」「ဘဏ်အကောင့်နံပါတ်」နှင့်「တောင်းခံသူကာယကံရှင်၏ဘဏ်အကောင့်အမည်」ဖြစ်ကြောင်းကိုတည်ပြုနိုင်သောစာရွက်စာတမ်း
(ဘဏ်မှထုတ်ပေးသောသက်သေစာရွက်စာတမ်းများသို့မဟုတ်「ဘဏ်အထောက်အထား」ကော်လံမှတဆင့်ဘဏ်အထောက်အထားကိုရယူပါ။)

⑤ အမျိုးသားပင်စင်စာအုပ်၊ထို့အပြင်အခြေခံပင်စင်နံပါတ်ကိုအတည်ပြုနိုင်သောစာရွက်စာတမ်း
※ကိုယ်စားလှယ်မှလျှောက်ထားပါက「委任状」ခေါ်  「ကိုယ်စားလှယ်လွှဲစာ」လိုအပ်ပါသည်။
年金Q&A「代理人を通じて、脱退一時金の請求を行うことはできますか。」 Q&Aတွင်လည်းကြည့်နိုင်ပါသည်။

5.ပေးချေငွေတွက်ချက်မှုအများဆုံးပမာဏ

2021ခုနှစ်4လပိုင်းမှစပြီး လပေါင်း36(3နှစ်မှ လပေါင်း60(5နှစ်သို့မြှင့်တင်ခဲ့ပါသည်

သတိပြုရန်အချက်1:အမျိုးသားပင်စင်အာမခံကြေးပေးသွင်းမှုကာလများ(သို့)လူမှုဖူလုံရေးအာမခံနှင့်ပူပေါင်းကူညီမှုအဖွဲ့အစည်းများတွင်ထည့်ဝင်ခဲ့သောကာလစုစုပေါင်းသည် 2021ခုနှစ် မတ်လမတိုင်မှီကာလဖြစ်ပါက36လကိုအများဆုံးပမာဏအဖြစ်တွက်ချက်ပါမည်။

သတိပြုရန်အချက်2:2021ခုနှစ်ဧပြီလနောက်ပိုင်းတွင်လည်းပင်စင်ကြေးထည့်ဝင်ခဲ့သောကာလရှိပါက၊လပေါင်း 60ကိုအများဆုံးပမာဏအဖြစ်တွက်ချက်ပါမည်။

6.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေအကြိမ်ကြိမ်တောင်းခံခြင်း

အကြိမ်ကြိမ်ဂျပန်သို့လာရောက်၍ဂျပန်နိုင်ငံပင်စင်စနစ်တွင်စာရင်းဝင်ပေးသွင်းထားသောကာလပေါင်းသည် 61 လအထက်ရှိရန်အစီအစဥ်ရှိသောသူသည်စာရင်းပေးသွင်းထားသောလအရေအတွက်အတိုင်းနှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေကိုရယူလိုပါကနေထိုင်ခွင့်ကာလကုန်ဆုံး၍အမိနိုင်ငံပြန်သောအကြိမ်တိုင်းနှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေလျှောက်ထားရန်လိုအပ်ပါသည်။

 ဥပမာ1

ပင်စင်ကြေးထည့်ဝင်ခဲ့သောကာလ‌သည်2021ခုနှစ်4လပိုင်းနောက်တွင်လည်း၁လနှင့်အထက်ဆက်လက်ထည့်ဝင်ခဲ့ပါကနှုတ်ထွက်ပင်စင်ကြေး ပေးချေငွေတွက်ချက်မှုကို လပေါင်း 60အထိသတ်မှတ်ပါသည်။

အလုပ်သင်3နှစ်တာ36လဖြင့်နည်းပညာဆိုင်ရာအလုပ်သင်နံပါတ်၁နှင့် နံပါတ်၂ကိုပြီးမြောက်၍အမိနိုင်ငံသို့ပြန်ရောက်ပြီးနောက်အထူးကျွမ်းကျင်လုပ်သားနံပါတ်၁(နေထိုင်ခွင့်ကာလ ၅နှစ်)အနေဖြင့်ဂျပန်သို့ပြည်ဝင်လာသူများသည်နံပါတ်၂နည်းပညာဆိုင်ရာအလုပ်သင်ကိုပြီးမြောက်ချိန်နှင့်အထူးကျွမ်းကျင်နံပါတ်၁ဖြင့်နေထိုင်ခွင့်ကာလကုန်ဆုံးချိန်တွင် ၂ခါခွဲပြီးလျှောက်ထားနိုင်ပါသည်။

1.နည်းပညာဆိုင်ရာအလုပ်သင် နံပါတ်၁နှင့်နံပါတ်၂ပြီးဆုံး၍အမိနိုင်ငံပြန်ခြင်း(3နှစ်စာ)

2.အထူးကျွမ်းကျင်လုပ်သားနံပါတ်၁ပြီးဆုံး၍အမိနိုင်ငံပြန်ခြင်း(5နှစ်စာ)


 ဥပမာ2:

1.နည်းပညာဆိုင်ရာအလုပ်သင်နံပါတ်၁နှင့်နံပါတ်၂ကိုပြီးဆုံးပြီးနောက်၊နည်းပညာဆိုင်ရာအလုပ်သင်နံပါတ်၃ ပထမနှစ်တွင်ခေတ္တအမိနိုင်ငံသို့ပြန်ခြင်း

2.နည်းပညာဆိုင်ရာအလုပ်သင်နံပါတ်၃ ဒုတိယနှစ်မှ အထူးကျွမ်းကျင်လုပ်သားနံပါတ်၁ပြီးဆုံး၍အမိနိုင်ငံသို့ပြန်ခြင်း(5နှစ်စာ)


ဥပမာ3:

1.နည်းပညာဆိုင်ရာအလုပ်သင် နံပါတ်၁နှင့်နံပါတ်၂ပြီးဆုံး၍အမိနိုင်ငံပြန်ခြင်း(3နှစ်စာ)

2.နည်းပညာဆိုင်ရာအလုပ်သင်နံပါတ်၃ပြီးဆုံး၍အမိနိုင်ငံသို့ပြန်ခြင်း


အကျဥ်းချုပ်

အနာဂါတ်တွင်ပင်စင်ခံစားခွင့်ရယူခြင်းရှိမရှိကိုထည့်သွင်းစဥ်းစားပြီးမှနှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေမှုကိုလျှောက်ထားစေလိုပါသည်။
လျှောက်ထားရာတွင်လည်းစာရွက်စာတမ်းအများအပြားရှိသည့်အတွက်အသေးစိတ်အချက်များကိုသတိပြုပြီးဖြည့်စွက်ပါ။အလုပ်ရှင်ဘက်မှလည်းလုပ်ဆောင်ရမည့်လုပ်ထုံးလုပ်များရှိသဖြင့်ကုမ္ပဏီမှတာဝန်ရှိသူနှင့်သေချာတိုင်ပင်ဆွေးနွေးပါ။

ကိုးကားရန်လင့်ခ်များ:

・နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွနှင့်ပတ်သက်ပြီးသိရှိလိုပါက JLEFsupport၏နှုတ်ထွက်ပင်စင်ကြေးတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နှုတ်ထွက်ပင်စင်ကြေး

日本年金機構ဂျပန်ပင်စင်ဝန်ဆောင်မှု

နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံလွှာနိုင်ငံခြားဘာသာ

         

※2022ခုနှစ်4လပိုင်း1ရက်နေ့လက်ရှိသတင်းဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top