အွန်လိုင်းမှတဆင့်မိုင်နမ်းဘားကတ်လျှောက်နည်း

ဒီနေ့ပြောပြပေးမှာကတော့အွန်လိုင်းမှတဆင့် မိုင်နမ်းဘားကတ်(ကိုယ်ပိုင်နံပါတ်ကတ်)လျှောက်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။

မိုင်နမ်းဘားကတ်(ကိုယ်ပိုင်နံပါတ်ကတ်)မလျှောက်ခင်အောင်အောက်ပါအသုံးအနှုန်းနဲ့ပတ်သက်ပြီးသိပြီးပြီလား?

【マイナンバー(個人番号)】လို့ခေါ်တဲ့မိုင်နမ်းဘား(ခေါ်)ကိုယ်ပိုင်နံပါတ်

【通知カード】လို့ခေါ်တဲ့အသိပေးကတ်ပြား

【個人番号通知書】လို့ခေါ်တဲ့ကိုယ်ပိုင်နံပါတ်ထုတ်ရန်အသိပေးကတ်ပြား

【マイナンバーカード】လို့ခေါ်တဲ့မိုင်နမ်းဘားကတ်(ကိုယ်ပိုင်နံပါတ်ကတ်) တွေကိုကွဲပြားအောင်သိထားဖို့လိုပါတယ်

①マイナンバー(個人番号)လို့ခေါ်တဲ့မိုင်နမ်းဘား(ခေါ်)ကိုယ်ပိုင်နံပါတ် ဆိုသည်မှာ

ဂျပန်ရောက်ပြီး၊ပထမဆုံးအကြိမ်ရက်ကွက်ရုံးမှာနေထိုင်ခွင့်စာရင်းသွင်းရပါတယ်။စာရင်းသွင်းပြီးတဲ့နောက်မှာနံပါတ်12လုံးပါတဲ့ဂဏန်းကိုထုတ်ပေးမှာဖြစ်ပြီး၊အခွန်ဆောင်ခြင်းမဆောင်ခြင်းကိုသိရှိနိုင်တဲ့ကိုယ်ပိုင်နံပါတ်ဖြစ်ပါတယ်။

ဂျပန်ပြည်တွင်းလူမှုဖူလုံရေးနှင့်အခွန်၊သဘာဝဘေးအန္တရာယ်စီမံရေးကဲ့သို့သောနယ်ပယ်များတွင်အသုံးပြုပါတယ်။

➁通知カードလို့ခေါ်တဲ့အသိပေးကတ်ပြားဆိုသည်မှာ

2020ခုနှစ်5လပိုင်း25ရက်နေ့တွင်ထိုအကြောင်းကြားကတ်ပြားကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါသည်။ထိုရက်မတိုင်ခင်ရောက်ရှိခဲ့သောအစိမ်းရောင်အသိပေးကတ်ပြားရရှိထားသူများအနေဖြင့်မိမိ၏နာမည်နှင့်နေရပ်လိပ်စာသည်ယခုလက်ရှိနေထိုင်ခွင့်စာရင်းသွင်းထားသည့်လိပ်စာ(住民票တွင်ရှိသောလိပ်စာ)နှင့်တူညီမှုရှိပါကဆက်လက်ပြီးကိုယ်ပိုင်နံပါတ်သက်သေခံကတ်ပြားအဖြစ်အသုံးပြုလို့ရပါတယ်။

通知カード(紙製、写真なし)

③個人番号通知書လို့ခေါ်တဲ့ကိုယ်ပိုင်နံပါတ်ထုတ်ရန်အသိပေးကတ်ပြား

2020ခုနှစ်5လပိုင်း25ရက်နေ့နောက်ပိုင်းတွင်နေထိုင်ခွင့်စာရင်းသွင်းသူမျာအားစာရင်းသွင်းပြီး 2~3ပတ်ခန့်အကြာတွင်မှတ်ပုံတင်ပို့စနစ်ဖြင့်အိမ်သို့ကိုယ်ပိုင်နံပါတ်အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။

စာရွက်ထဲတွင်「နာမည်」「မွေးသက္ကရာဇ်」နှင့်「ကိုယ်ပိုင်နံပါတ်」စသည်တို့ကိုရေးသားဖော်ပြထားသည်။

個人番号通知書

④マイナンバーカードမိုင်နမ်းဘားကတ်(ကိုယ်ပိုင်နံပါတ်ကတ်)ဆိုသည်မှာ

・လျှောက်ထားမှသာလျှင်ထုတ်ပေးသည့်ကတ်ဖြစ်သည်

・ထိုကတ်ထဲတွင်မိုင်နမ်းဘား(ကိုယ်ပိုင်နံပါတ်)၊လိပ်စာ၊နာမည်၊မွေးသက္ကရာဇ်စသည်တို့ကိုဖော်ပြထားသည်

・မျက်နှာပုံပါပြီးနောက်ကျောတွင် IC chipပြားလေးပါသောကတ်ဖြစ်ပါတယ်

・ဇိုင်းလျူးကတ်လိုမျိုးလူကိုယ်တိုင်ဖြစ်ကြောင်းသက်သေခံကတ်ပြား(မှတ်ပုံတင်ကတ်)အဖြစ်သုံးလို့ရနိုင်တဲ့ကတ်ဖြစ်ပါတယ်

マイナンバーカード(個人番号カード)
(希望制、プラスチック製(ICカード)、写真あり、有効期限あり)

မိုင်နမ်းဘားကတ်လျှောက်ထားခြင်းအဆင့်ဆင့်(လျှောက်လွှာတင်ခြင်းမှကတ်ရရှိသည်အထိ)

ဖောင်တင်နည်း

မိုင်နမ်းဘားကတ်လျှောက်ရန်အတွက်ဖောင်ဖြည့်နည်းကိုဗီဒီယိုတွင်ကြည့်ပေးပါ။
မိုင်နမ်းဘားကတ်လျှောက်နည်း

ကတ်ရယူရန်

မိုင်နမ်းဘားကတ်ကိုလျှောက်ပြီးနောက်1လမှ2လအကြာတွင်မိုင်နမ်းဘားကတ်ကိုလာရောက်ထုတ်ယူနိုင်ကြောင်းအကြောင်းကြားသည့်စာရွက်『交付通知書(はがき)』အိမ်သို့ရောက်ရှိမည်ဖြစ်ပြီး၊စာရွက်ထဲတွင်ဖော်ပြထားသောနေရာသို့သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

ထုတ်ယူနိုင်သည့်ရက်နှင့်နေရာများမှာရပ်ကွက်အလိုက်အပြောင်းအလဲရှိတတ်သည့်အတွက်ထုတ်ပေးကြောင်းအကြောင်းကြားစာရွက်တွင်သေချာဖတ်ကြည့်ပါရန်။

မိုင်နမ်းဘားကတ်ထုတ်ယူရာတွင်သတိပြုရမည့်အချက်နှင့်လိုအပ်သောအရာများ

・အကြောင်းကြားစာရွက်(はがき)

・「通知カード」အစိမ်းရောင်အကြောင်းကြားကတ်(2020ခုနှစ်5လပိုင်း25ရက်နေ့မတိုင်ခင်ရရှိထားသောသူများသာလျှင်)

・ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုနိုင်သည့်စာရွက်စာတမ်း(ဇိုင်းလျူးကတ်၊ပတ်စပို့စသဖြင့်…)

・ပက်စဝက်(ကတ်ထုတ်ယူချိန်တွင်ပက်စဝက်၂မျိုးကိုပြုလုပ်ရမည်ဖြစ်သည်)

  • လက်မှတ်အတွက်ပက်စဝက်:「署名用電子証明書」ခေါ် 「အီလက်ထရွန်နစ်စနစ်သက်သေခံလက်မှတ်」အတွက်ပက်စဝက်ကိုဂဏန်း၊အင်္ဂလိပ်အက္ခရာ(စာလုံးအကြီး) 6~16လုံးအထိသတ်မှတ်ရပါမယ်။
  • မိုင်နမ်းဘားအတွက်ပက်စဝက်:「利用者証明用電子証明書」「အသုံးပြုသူအထောက်အထားစိစစ်ခြင်းအီလက်နရွန်နစ်စနစ်သက်သေခံလက်မှတ်」အတွက်ပက်စဝက်ဂဏန်း4လုံးသတ်မှတ်ရပါမည်။

※ပက်စဝက်မေ့ခြင်းသို့မဟုတ်ပက်စဝက်၃ကြိမ်မှားယွင်း၍လော့ခ်ခတ်ခံရပါက၊မိမိနေထိုင်သောရပ်ကွက်ရုံးတွင်ပက်စဝက်အသစ်ပြုလုပ်ရန်လိုအပ်သည့်အတွက်ပက်စဝက်မမေ့ရန်သတိပြုပါ။

မိုင်နမ်းဘားကတ်နှင့်ပတ်သက်ပြီးသတိပြုရမည့်အရာများ

<<သက်တမ်းမကုန်ခင်သက်တမ်းတိုးပါ>>

မိုင်နမ်းဘားကတ်တွင်သက်တမ်းကုန်ဆုံးမည့်ရက်ကိုအတည်ပြုနိုင်ပါသည်။(ကတ်ပြားပေါ်တွင်ရေးထားပါသည်)
※အမြဲနေထိုင်သူ၊အထူးအမြဲနေထိုင်သူ၊ကျွမ်းကျင်ပညာရှင်အဆင့်၂နေထိုင်ခွင့်ဗီဇာမှလွဲပြီး၊အခြားနိုင်ငံခြားသားများ၏မိုင်နမ်းဘားကတ်ကုန်ဆုံးသည့်သက်တမ်းမှာဇိုင်းလျူးကတ်ခေါ်နေထိုင်ခွင့်ကတ်တွင်ရေးထားသောသက်တမ်းကုန်ဆုံးရက်နှင့်အတူတူဖြစ်သည်။သက်တမ်းမကုန်ခင်သက်တမ်းတိုးခြင်းကိုလုပ်ဆောင်ရန်လိုအပ်ပါသည်။

<<ခိုးခံရခြင်း၊ပျောက်ဆုံးခြင်းအတွက်သတိပြုရန်!>>

မိုင်နမ်းဘားကတ်တွင်ကိုယ်ပိုင်နံပါတ်၊နာမည်၊လိပ်စာ၊မွေးသက္ကရာဇ်စသဖြင့်ကိုယ်ရေးအချက်လက်များစွာပါဝင်နေပါသည်။ထိုကိုယ်ရေးအချက်လက်များကိုမသမာသူများမှအလွဲသုံးစားလုပ်နိုင်သည့်အခြေအနေရှိနိုင်သည့်အတွက်မိုင်နမ်းဘားကတ်နှင့်ပတ်သက်ပြီးမပျောက်အောင်သေချာသတိပြုစေလိုပါသည်။

※အကယ်၍များပျောက်ဆုံးခဲ့သည်ရှိသော်ရဲစခန်းသို့ချက်ချင်းသတင်းပို့ပါ၊ထို့အပြင်ကိုယ်ပိုင်နံပါတ်အသုံးပြုခြင်းလုပ်ဆောင်ချက်ကိုရပ်တန့်ရန်အတွက်マイナンバー総合フリーダイヤルမိုင်နမ်းဘားအတိုင်ပင်ခံဌာနသို့ဖုန်း(အခမဲ့)ဖြင့်ဆက်သွယ်အကြောင်းကြားပါ။

သက်တမ်းတိုးရန်လုပ်ထုံးလုပ်နည်း

လျှောက်လွှာတင်ရမည့်နေရာ:မိမိနေထိုင်သောရပ်ကွက်ရုံးရှိကောင်တာ

လိုအပ်သောစာရွက်စာတမ်း

  • မိုင်နမ်းဘားကတ်
  • ကာယကံရှင်ဖြစ်ကြောင်းသက်သေခံစာရွက်စာတမ်း(နေထိုင်ခွင့်သက်တမ်းတိုးထားပြီးသောကာယကံရှင်၏ဇိုင်းလျူးကတ်သို့မဟုတ်နေထိုင်ခွင့်သက်တမ်းတိုးထားကြောင်းကိုအတည်ပြုနိုင်သောတံဆိပ်တုံးပါကာယကံရှင်၏ဇိုင်းလျူးကတ်)
  • ဝန်ဆောင်ခအခမဲ့ဖြစ်သည်

※သက်တမ်းကုန်ဆုံးပါကမိုင်နမ်းဘားကတ်သည်အကျုံးမဝင်တော့ပါ

※နောက်တကြိမ်မိုင်နမ်းဘားကတ်ကိုပြုလုပ်လိုသူများအနေဖြင့်၊ကတ်ပြုလုပ်ခ(ယန်း1000)ကောက်ခံမည်ဖြစ်သည်

※ဇိုင်းလျူးကတ်သက်တမ်းတိုးရုံဖြင့်မိုင်နမ်းဘားကတ်၏သက်တမ်းအလိုလျောက်မတိုးပါ

2022ခုနှစ် 9လပိုင်း 8ရက်နေ့အထိရရှိထားသောသတင်းဖြစ်ပါသည်၊သတင်းအချက်အလက်အသစ်များကိုသက်ဆိုင်ရာဟုမ်းပေ့ချ်တွင်ဝင်ရောက်ကြည့်ပါရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top