အလုပ်ထွက်/ပြောင်းရာတွင်လဝကသို့အကြောင်းကြားရမည့်လုပ်ထုံးလုပ်နည်း (Part 2)

အလုပ်ထွက်/ပြောင်းရာတွင်လဝကသို့အကြောင်းကြားရမည့်လုပ်ထုံးလုပ်နည်း

အလုပ်မှထွက်သည့်အခါ(သို့)အလုပ်ပြောင်းသည့်အခါမျိုးတွင်ဥပဒေအရ ၁၄ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးဗျုရိုသို့အကြောင်းကြားရန်လိုအပ်ပါသည်။

အကြောင်းကြားရန်နည်းလမ်း ၃နည်းရှိပါတယ်
①ရုံး(လက်ခံဆောင်ရွက်ပေးသည့်ကောင်တာ)သို့သွားပြီးအကြောင်းကြားခြင်း
➁စာတိုက်မှပေးပို့အကြောင်းကြားခြင်း
③အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုပြီးအကြောင်းကြားခြင်းဆိုပြီးရှိပါသည်

အသုံးပြုသူ၏အချက်အလက်ကိုဖြည့်ပြီးရုံဖြင့်အွန်လိုင်းမှတဆင့်ဖောင်တင်လို့ရသည့်အတွက်အရမ်းလွယ်ကူတဲ့အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုဖို့အကြံပေးပါတယ်။

အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုလိုသူများသည်လူဝင်မှုကြီးကြပ်‌ရေးအီလက်ထရွန်းနစ်စစ်စတမ်ပေါ်တယ်ဆိုဒ်တွင်ပြုလုပ်ရမှာဖြစ်ပါတယ်။
サイトのリンク: လင့်ခ်ကိုနှိပ်ရန်

電子届出システムポータルサイト

လုပ်ထုံးလုပ်နည်းကိုအောက်ပါဗီဒီယိုတွင်ကြည့်ပါ။

① အသုံးပြုသူအချက်လက်ဖြည့်ခြင်း         

ဗီဒီယိုကြည့်ရန်

② အကြောင်းကြားခြင်းအတွက်လုပ်ထုံးလုပ်နည်း

  ・စာချုပ်သက်တမ်းကုန်ဆုံး၍အကြောင်းကြားရသည့်လုပ်ထုံးလုပ်နည်း(စာချုပ်သက်တမ်းကုန်ဆုံးပြီး 14ရက်အတွင်း) 

  ဗီဒီယိုကြည့်ရန်

  ・စာချုပ်အသစ်ချုပ်ဆိုခြင်းအတွက်အကြောင်းကြားရသည့်လုပ်ထုံးလုပ်နည်း(စာချုပ်ချုပ်ဆိုသည့်ရက်မှစပြီး14ရက်အတွင်း)  

   ဗီဒီယိုကြည့်ရန်

သတိပြုရန်အချက်များ

※ကုမ္ပဏီနာမည်နှင့်အချက်လက်များဖြည့်ရာတွင်全角နှင့်半角စာလုံးများရှိသဖြင့်မမှားအောင်သတိပြုပါ

※WIFIအသုံးပြုပါကerror တက်နိုင်သည့်အတွက်၊ဖုန်း၏အင်တာနက်ကိုအသုံးပြုပြီးလုပ်ဆောင်ပါရန်။

※လော့အင်ဝင်ရာတွင်အသုံးပြုသည့်အိုင်ဒီနှင့်ပက်စဝက်ကိုနောင်တွင်အသုံးပြုနိုင်သည့်အတွက်မမေ့အောင်မှတ်ထားပါရန်။

ရုံး(လက်ခံဆောင်ရွက်ပေးသည့်ကောင်တာ)သို့သွားပြီးအကြောင်းလိုသူများနှင့်စာတိုက်မှပေးပို့အကြောင်းကြားလိုသူများ Part1တွင်ဖတ်ပေးပါရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top