အလုပ်ထွက်၊အလုပ်ပြောင်းတဲ့အခါလူဝင်မှုကြီးကြပ်ရေးဗျူရိုသို့အကြောင်းကြားရမဲ့လုပ်ငန်းစဥ်များ(Part-1)

အလုပ်ထွက်သည့်အခါ(သို့)အလုပ်ပြောင်းသည့်အခါ၊လဝကသို့14ရက်အတွင်းအကြောင်းကြားရန်လိုအပ်ကြောင်းဥပဒေအရသတ်မှတ်ထားပါတယ်။(2012ခုနှစ်ဇူလိုင်လမှစပြီးမဖြစ်မနေလုပ်ဆောင်ရမည်ဟုသတ်မှတ်လိုက်ပါသည်)

အောက်တွင်အသေးစိတ်ရှင်းပြပါမည်

အောက်ပါနေထိုင်ခွင့်အရည်ချင်းရှိသူများအကျုံးဝင်ပါသည်

高度専門職1号、高度専門職2号、研究、技術・人文知識・国際業務介護、興行(所属機関との契約に基づいて活動に従事する者に限る。)、技能又は特定技能

အဆင့်မြင့်အတတ်ပညာရှင်အဆင့်၁၊အဆင့်မြင့်အတတ်ပညာရှင်အဆင့်၂၊သုတေသန၊နည်းပညာလူမှု့အသိနိုင်ငံတကာစီးပွားရေး၊သူနာပြုစောင့်ရှောက်ရေး၊ဖျော်ဖြေတင်ဆက်မှု(သတ်မှတ်ထားသောအဖွဲ့အစည်းနှင့်စာချုပ်ချုပ်ထားသည့်လှုပ်ရှားမှုကိုပြုလုပ်ရန်ကန့်သတ်ထားသည်)၊ကျွမ်းကျင်ပညာရှင်၊အထူးကျွမ်းကျင်လုပ်သား

လျှောက်တင်ရမည့်သူ

ကာယကံရှင်ကိုယ်တိုင်

လျှောက်တင်ရမည့်ကာလ】  

※လျှောက်တင်ရမည့်ကာလကိုသတိပြုပါ!

①အလုပ်ထွက်သူများစာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်းအလုပ်ထွက်ကြောင်းဖောင်တင်ပါ

②အလုပ်ပြောင်းပြီးအလုပ်သစ်ဝင်သူများ(လုပ်ထုံးလုပ်နည်းကိုတပြိုင်ထဲပြုလုပ်နိုင်):စာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်း၊တချိန်တည်းမှာပဲကုမ္ပဏီအသစ်နှင့်စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှ14ရက်အတွင်းမှာအလုပ်ထွက်ကြောင်းနှင့်အလုပ်ဝင်ကြောင်းတပြိုင်တည်းဖောင်တင်နိုင်ပါသည်

③အလုပ်ပြောင်းသူများစာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်းအလုပ်ထွက်ကြောင်းဖောင်တခါတင်ပါ
ထို့နောက်ကုမ္ပဏီအသစ်နှင့်စာချုပ်ချုပ်ပြီးပါကစာချုပ်ချုပ်ပြီးသည့်ရက်မှ14အတွင်းအလုပ်ရကြောင်းဖောင်တင်ပါ

【လျှောက်လွှာဖောင်နှင့်နမူနာ         

အလုပ်ထွက်သူများ

 လျှောက်လွှာဖောင် 参考書式1の4(契約の終了)

 နမူနာကြည့်ရန်

အလုပ်ပြောင်းပြီးအလုပ်သစ်ဝင်သူများလုပ်ထုံးလုပ်နည်းကိုတပြိုင်ထဲပြုလုပ်နိုင်

 လျှောက်လွှာဖောင် 参考書式1の7(「契約終了」と「新たな契約締結」)

 နမူနာကြည့်ရန်

အလုပ်ပြောင်းသူများ

 လျှောက်လွှာဖောင် 参考書式1の5(新たな契約の締結)

 နမူနာကြည့်ရန်

လျှောက်တင်လို့ရသည့်နည်းလမ်း】 

အောက်ပါနည်းလမ်း၃မျိုးဖြင့်လျှောက်တင်နိုင်ပါသည်

①ဒေသဆိုင်ရာလဝကရုံး၏ကောင်တာတွင်သွားရောက်လျှောက်ထားလိုပါက

 ・လိုအပ်သောစာရွက်စာတမ်း:နေထိုင်ခွင့်ကတ်ပြား၊လျှောက်လွှာဖြည့်ထားသောဖောင်

 ・လျှောက်တင်ရမည့်နေရာ:အနီးဆုံးရှိဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံး

※ဖောင်လက်ခံသည့်အချိန်နှင့်နေ့ကိုကြိုတင်မေးမြန်းထားပါ

ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံးတည်ရှိသောနေရာများကြည့်ရန် ၊ မသိပါက外国人在留総合インフォメーションセンター(0570-013904)သို့ဖုန်းဆက်မေးမြန်းနိုင်ပါသည်။

②စာတိုက်မှတဆင့်ပို့လိုသူများအတွက်

 ・စာအိတ်ထဲတွင်ထည့်ရမည့်စာရွက်စာတမ်း:ဇိုင်းလျူးကတ်မိတ္တူနှင့်လျှောက်လွှာဖြည့်ထားသောဖောင်

 ・ပေးပို့ရမည့်လိပ်စာ:〒160-0004 東京都新宿区四谷1丁目6番1号四谷タワー14階 東京出入国在留管理局在留管理情報部門届出受付担当

စာအိတ်ပေါ်တွင်မှင်အနီဖြင့်「届出書在中」သို့မဟုတ်「NOTIFICATION ENCLOSED」လို့ရေးသားပေးပါရန်

③အင်တာနက်မှလျှောက်တင်လိုပါက  

အင်တာနက်မှလျှောက်ထားသည့်လုပ်ထုံးလုပ်နည်းကိုဒုတိယအပိုင်းတွင်ပုံနှင့်တတကွတဆင့်ချင်းရှင်းပြပေးမှာဖြစ်လို့ဒုတိယအပိုင်းကိုစောင့်မျှော်ပေးပါနော်။

【သတိပြုရမည့်အချက်များ】

※ လျှောက်လွှာတင်သည့်အချက်လက်များနှင့်ပတ်သက်ပြီးသက်သေပြရန်စာရွက်စာတမ်းမလိုအပ်ပါ

※ လျှောက်ထားသည့်အကြောင်းရာများအပြည့်စုံရေးသွင်းထားပါကဖောင်ပုံစံမသတ်မှတ်ထားသော်လည်းလျှောက်လွှာအကြောင်းအရာနှင့်ကိုက်ညီသောဖောင်ပုံစံကိုအသုံးပြုပါကပိုမိုလွယ်ကူမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရို၏ကိုးကားလင့်ခ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top