အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ရယူရန်အတွက်

2022ခုနှစ်4လပိုင်း13ရက်၊Gifuစီရီနယ်စုkakamigaharaမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင်အလုပ်ဝင်နေသည့်တရုတ်လူမျိုး Weng Fei(35နှစ်)သည်၊ဂျပန်နိုင်ငံ၏ပထမဆုံးသောအထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိသွားသူဖြစ်သည်။

Weng Fei သည်ဆောက်လုပ်ရေးနယ်ပယ်၊ကွန်ကရစ်(ဖိအားပေး)တင်ခြင်းလုပ်ငန်းတွင်ကြီးကြပ်‌ရေးမှုးအဖြစ်သတ်မှတ်ထားသောလုပ်ငန်းအတွေ့ကြုံများကိုရယူခဲ့ပါတယ်၊စာမေးပွဲဖြေဆိုအောင်မြင်ပြီးနောက်တွင်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရည်မှန်းထားတဲ့သူတွေအတွက်ကတော့သတင်းကောင်းပဲဖြစ်ပါတယ်။ဒီနေ့ကတော့အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိသွားခြင်းနဲ့ပတ်သက်တဲ့သတင်းကိုပြောပြပေးမှာဖြစ်ပါတယ်။


1.「အထူးကျွမ်းကျင်လုပ်သား」ဆိုသည်မှာ

ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများပို၍အလုပ်လုပ်လာနိုင်စေရန်အတွက်2019ခုနှစ်4လပိုင်းတွင်ချမှတ်ပေးလိုက်သောနေထိုင်ခွင့်ဖြစ်ပါသည်။အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နှင့်နံပါတ်(၂)ဆိုပြီးနေထိုင်ခွင့်ဗီဇာ၂မျိုးရှိပါသည်။အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)သည် နံပါတ်(၁)ထက်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများလိုအပ်ပါသည်။

ယခုလက်ရှိအထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)ဖြင့်သူနာပြုစောင့်ရှောက်ရေးနှင့်အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်စသောနယ်ပယ်၁၄မျိုးတွင်လုပ်ကိုင်လျက်ရှိသော်လည်း၊အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ဖြင့်လုပ်နိုင်သောနယ်ပယ်မှာဆောက်လုပ်ရေးနှင့်သင်္ဘောဆောက်ခြင်းလုပ်ငန်းနယ်ပယ်၂ခုသာရှိပါသေးသည်။

※「特定技能」နှင့်ပတ်သက်ပြီးအသေးစိတ်ပိုမိုသိရှိလိုသူများJLEF SUPPORTဝက်ဘ်ဆိုဒ်ထဲမှအထူးကျွမ်းကျင်လုပ်သားလက်စွဲစာအုပ်တွင်ဖတ်နိုင်ပါသည်။

2・အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)၏အားသာချက်

  • နေထိုင်ခွင့်သက်တမ်းကန့်သတ်ချက်မရှိ(သက်တမ်းတိုးပြီးနေနိုင်)
  • အလုပ်ပြောင်းခွင့်ရှိ
  • မိသားစုခေါ်ဆောင်ခွင့်ရှိ
  • အမြဲနေထိုင်ခွင့်လျှောက်နိုင်

3.အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရယူရန်လိုအပ်ချက်များ

လုပ်ငန်းနယ်ပယ်နဲ့အမျိုးအစားပေါ်မူတည်ပြီးလိုအပ်ချက်များကွာခြားမှုရှိနိုင်သည့်အတွက်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ရယူလိုသူများသည်မိမိ၏ကုမ္ပဏီကိုသေချာမေးမြန်းကြည့်ပါ။

ယခုတခေါက်ကတော့‌ဆောက်လုပ်ရေးနယ်ပယ်ဖြစ်တဲ့ကွန်ကရစ်(ဖိအားပေး)တင်ခြင်းလုပ်ငန်းအတွက်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ရယူရန်လိုအပ်တဲ့အချက်ကိုပြောပြမှာဖြစ်ပါတယ်။

(1)ဖြေဆိုအောင်မြင်ရန်လိုအပ်သည့်စာမေးပွဲ

အောက်ပါစာမေးပွဲအမျိုးအစား၂မျိုးထဲမှ တခုခုကိုဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။

①「建設分野特定技能2号評価試験」

ဆောက်လုပ်ရေးနယ်ပယ်တွင်သတ်မှတ်ထား‌သောအထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)အကဲဖြတ်စစ်ဆေးခြင်းစာမေးပွဲ

သို့မဟုတ်

②建設分野での「技能検定1級」

ဆောက်လုပ်ရေးနယ်ပယ်၏အရည်ချင်းစစ် အဆင့်၁ စာမေးပွဲ ကိုဖြေဆိုအောင်မြင်ရန်လိုအပ်ပါသည်။

စာမေးပွဲဖြေဆိုရန်လိုအပ်သောအရည်အချင်း:7နှစ်နှင့်အထက်လုပ်ငန်းအတွေ့ကြုံရှိရပါမည်

ဥပမာ:

နည်းပညာအလုပ်သင် ၃နှစ်+အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ၄နှစ်

သို့မဟုတ်

နည်းပညာအလုပ်သင် ၅နှစ်+အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ၂နှစ်ဆိုသည့်

အတွေ့ကြုံများရှိပါကစာမေးပွဲဖြေဆိုနိုင်ပါသည်။

※လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးလုပ်သက်တောင်းဆိုချက်ကွဲပြားနိုင်ပါသည်။

(2)လုပ်ငန်းအတွေ့ကြုံ

7နှစ်နှင့်အထက်(ရက်ပေါင်း 1505 ကြာ)လုပ်ငန်းအတွေ့ကြုံရှိရန်လိုအပ်သည့်အပြင်၊အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်1နှစ်နှင့်အထက်(ရက်ပေါင်း215ကြာ)အတွေ့ကြုံရှိရန်လိုအပ်ပါသည်။

「အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်လုပ်ငန်းအတွေ့အကြုံ」ဆိုသည်မှာဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိဆောက်လုပ်ရေးပညာရှင်များကိုညွှန်ကြားရင်းအလုပ်တွင်ပါဝင်လုပ်ကိုင်ခြင်း၊အလုပ်များကိုစီမံခန့်ခွဲခြင်းကိုဆိုလိုပါသည်။အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်ဖြစ်လာရန်အတွက် 「အဖွဲ့ခေါင်းဆောင်・ဘေးကင်းလုံခြုံမှုနှင့်ဆိုင်သောတာဝန်ရှိသူအဖြစ်အသိပညာများ」ကိုမဖြစ်မနေသင်ယူရမည်ဖြစ်သည်

(3)「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」၏အဆင့်3အရည်အချင်းကိုရယူခြင်း

「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」ဆိုသည်မှာဆောက်လုပ်ရေးပညာရှင်များ၏အရည်အချင်းများနှင့်အတွေ့အကြုံနှစ်များကိုစုဆောင်းထားသောဒေတာဘေ့စ်ကိုဆိုလိုပါသည်။လိုအပ်သောအချက်အလက်များကိုစာရင်းသွင်းရမည်ဖြစ်ပြီး၊ကျွမ်းကျင်မှုအကဲဖြတ်ခြင်းကိုခံယူပြီးနောက်အဆင့် 3(အဖွဲ့ခေါင်းဆောင်အဖြစ်လုပ်ငန်းခွင်တွင်ပါဝင်လုပ်ဆောင်နိုင်သောနည်းပညာရှင်)ကိုရယူရမည်ဖြစ်သည်။

  • အကဲဖြတ်သောအကြောင်းအရာများမှာ:

①အလုပ်လုပ်သည့်ရက်အရေအတွက်

②ပိုင်ဆိုင်ထားသည့်အရည်အချင်း

③အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်အတွေ့ကြုံရက်ပေါင်း တို့ဖြစ်ပါသည်။

လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးအရည်ချင်းစစ်အကဲဖြတ်မှုစံနှုန်းများကိုသတ်မှတ်ထားသည့်အတွက်ကြောင့်မိမိနှင့်သက်ဆိုင်သောစွမ်းရည်အကဲဖြတ်စံနှုန်းများကိုအတည်ပြုစစ်ဆေးပါ။

  • လျှောက်လွှာတင်ရန်လိုအပ်သောစာရွက်စာတမ်းများ:

အရည်ချင်းစစ်အကဲဖြတ်လျှောက်လွှာကိုလျှောက်တင်ရာတွင်စာရွက်စာတမ်းမြောက်များစွာလိုအပ်ပါသည်။လျှောက်လွှာစာရွက်စာတမ်းများနှင့်ပုံစံများမှာလည်းလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ကွဲပြားသောကြောင့်「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」သို့မဟုတ် ကုမ္ပဏီသို့မေးမြန်းပါ။


အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရယူရန်အတွက်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများအပြင်ကြီးကြပ်ရေးမှူးအဖြစ်အလုပ်ကိုကြီးကြပ်နိုင်စွမ်းရှိရန်လိုအပ်ပါသည်။ထိုစွမ်းရည်များသည်ချက်ချင်းပြုလုပ်လို့ရနိုင်သည့်အရာမျိုးမဟုတ်ပဲ၊နေ့စဥ်လုပ်ငန်းများမှတဆင့်ကျွမ်းကျင်တိုးတက်အောင်ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။

2022ခုနှစ်4လပိုင်းယခုလက်ရှိတွင်၊အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရရှိရန်အတွက်နံပါတ်(၁)မှတဆင့်မှကူးပြောင်းရန်ကန့်သတ်ထားပါသည်။

အရင်ဆုံးအထူးကျွမ်းကျင်လုပ်သားနံပတ်(၁)ကိုရယူပြီးမှ၊သက်ဆိုင်ရာစာမေးပွဲများကိုဖြေဆိုပြီး‌နောက်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)သို့ကူးပြောင်းစေလိုသည့်ပုံစံဖြစ်သည်။သို့သော်လုပ်ငန်းနယ်ပယ်နှင့်အလုပ်အမျိုးအစားများပေါ်မူတည်ပြီးအခြေအနေနှင့်အချက်လက်များပြောင်းလဲနိုင်သည်ကိုသတိပြုစေလိုပါသည်။

လက်ရှိတွင်ဆောက်လုပ်ရေးလုပ်ငန်းနှင့်သင်္ဘောဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်၂ခုတွင်သာ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)သို့ပြောင်းလဲခွင့်ရှိပြီး၊2021ခုနှစ်11လပိုင်း17ရက်နေ့သတင်းတွင်သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းမှလွဲ၍နယ်ပယ် ၁၃ခုအထိအထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)သို့ချဲ့ထွင်ရန်သုံးသပ်လျက်ရှိကြောင်းသတင်းကိုထုတ်ပြန်ခဲ့ပါသည်။

ကိုးကားရန်လင့်ခ်များ:

※2022ခုနှစ် 4လပိုင်း 19ရက်နေ့ လက်ရှိသတင်းဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top