တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်အလက်စင်တာBus Terminal Shinjukuမိတ်ဆက်ခြင်း!!

ဂျပန်နိုင်ငံသည်ကမ္ဘာပေါ်တွင်အလုံခြုံဆုံးလို့လည်းဆိုကြပါတယ်။တိုကျိုသည်မြို့ကြီးတစ်မြို့ဖြစ်သော်လည်းခါးပိုက်နှိုက်နှင့်အလစ်သုတ်ခံရခြင်းမရှိသလောက်ရှားပြီး၊ညသန်းခေါင်မှာအမျိုးသမီးတစ်ဦးတည်းအပြင်သွားလည်းလုံခြုံမှုရှိပါတယ်။နောက်ပြီးပြုတ်ကျပစ္စည်းနဲ့မေ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်းပြန်ရနိုင်ဖို့ရာခိုင်နှုန်းများပါတယ်။နိုင်ငံခြားသားခရီးသွားဧည့်သည်များသည်ဂျပန်နိုင်ငံကိုအလည်လာဖို့ရွေးချယ်တဲ့အကြောင်းရင်းထဲကတစ်ခုလည်းဖြစ်ပါတယ်။

လုံခြုံရေးအပြင်တိုကျိုမြို့နဲ့ပတ်သက်ပြီးကောင်းတဲ့အချက်တွေအများကြီးရှိပြီး၊နာမည်ကြီးလည်ပတ်စရာနေရာလည်းအများအပြားရှိပါတယ်။မိုးမျှော်တိုက်များ၊သမိုင်းဝင်ဘုရားကျောင်းများ၊နတ်ကွန်းများ၊ပြတိုက်များအပြင်သဘာဝများနှင့်ပြည့်နှက်နေသောတောင်တန်းများသည်လည်းအရမ်းဆွဲဆောင်မှုရှိပါသည်။အဆင်ပြေစွာချောချောမွေ့မွေ့လည်ပတ်လိုသူများအတွက်တိုကျိုမြို့ရှိခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာကိုအသုံးပြုရန်အကြံပြုပါသည်။

「東京トラベルガイド」より

တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာဆိုသည်မှာ

ပြည်ပမှလာရောက်လည်ပတ်သူများအတွက်တိုကျိုမြို့နှင့်ပတ်သက်သောခရီးသွားအချက်အလက်များကိုဝေမျှပေးသည့်ဝန်ဆောင်မှုစင်တာတစ်ခုဖြစ်ပြီး၊တိုကျိုမြို့တွင်းမှာဆိုရင်စင်တာ၅ခုရှိပါတယ်။

<အဓိကဝန်ဆောင်မှုများ>

  • 「လည်ပတ်စရာနေရာနှင့်ခရီးစဥ်များကိုမိတ်ဆက်ပေးခြင်း」
  • 「လမ်းပန်းဆက်သွယ်ရေးဆိုင်ရာအချက်လက်များကိုညွှန်ပေးခြင်း」
  • 「တိုကျိုမြို့တွင်းတည်းခိုလို့ရမည့်နေရာများကိုမိတ်ဆက်ပေးခြင်း」
  • 「အဆောက်အဦးတွင်းအခမဲ့wi-fiအသုံးပြုနိုင်ခြင်း」
    ထို့အပြင်လက်ကမ်းစာစောင်နဲ့လမ်းညွှန်စာအုပ်လေးတွေကိုလည်းအခမဲ့ရယူနိုင်ပါတယ်။

・မဖြစ်မနေသွားလည်သင့်တဲ့နာမည်ကြီးနေရာများ၊စျေးဝယ်လို့ရသောနေရာများ၊လမ်းပန်းဆက်သွယ်ရေးနှင့်ခရီးသွားမြေပုံများပါရှိသောခရီးသွားလမ်းညွှန်စာအုပ်ဖြစ်ပါတယ်

・ဘာသာစကားမျိုး9မျိုးတရုတ်ဘာသာ2မျိုးအပါအဝင်စာအုပ်အမျိုးစား10မျိုးရှိပြီး၊ဘာသာစကားများအနေနဲ့【ဂျပန်၊အင်္ဂလိပ်၊တရုတ်(၂မျိုး)၊ကိုရီးယား၊ဂျာမန်၊ပြင်သစ်၊စပိန်၊အီတလီနှင့်ထိုင်းဘာသာတို့ဖြစ်ပါတယ်

ဒီတခေါက်မှာတော့ကမ္ဘာ့ခရီးသွားဧည့်သည်အများဆုံးစုဝေးတတ်တဲ့Shinjukuဘူတာရှိ Tokyo Tourist Information Center Bus Terminal Shinjukuကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ShinjukuဘူတာShinminami ထွက်ပေါက်တွင်ရှိသောစက်လှေကားကိုအသုံးပြုပြီး၊အပေါ်ရောက်ပါကယခုလိုဆိုင်းဘုတ်ကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

「東京観光情報センターバスタ新宿」前

တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာBus Terminal Shinjukuမှာပဲရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့

  • Sagawa Expressဝန်ဆောင်မှုကောင်တာရှိတဲ့အတွက်လက်ဆွဲအိတ်လိုလေးလံတဲ့အရာများကိုအပ်နှံထားခြင်း၊အိမ်သို့ပို့ဆောင်ခြင်းများပြုလုပ်လို့ရပါတယ်
  • နိုင်ငံခြားငွေလဲလှယ်နိုင်ခြင်း
  • ကလေးတွန်းလှည်းနဲ့ဘီးတပ်ကုလားထိုင်ဌားရမ်းအသုံးပြုနိုင်ခြင်း
  • နောက်ပြီး「東京水道水」Water Serverတပ်ဆင်ထားသည့်အတွက်အရသာရှိတဲ့တိုကျိုမှရေကိုအခမဲ့သောက်သုံးနိုင်ပါတယ်(ကိုယ်ပိုင်‌ရေသန့်ဘူးသို့မဟုတ်ထည့်စရာပစ္စည်းယူဆောင်လာဖို့လိုအပ်ပါတယ်)
東京水道水

စုံစမ်းမေးမြန်းတဲ့ကောင်တာမှာတော့ဂျပန်၊အင်္ဂလိပ်၊တရုတ်နှင့်ကိုရီးယားဘာသာဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

「ဂျပန်လူမျိုးများရဲ့ယဥ်ကျေးမှုတွင်ကိုယ်တိုင်ပါဝင်ဆင်နွှဲပြီးပိုပြီးအမှတ်တရဖြစ်စေနိုင်ဖို့ ကျွန်မတို့ဘက်မှကြိုးစားအားထုတ်လျက်ရှိပါတယ်။တိုကျိုမြို့တွင်းအနုပညာပြခန်းနဲ့ပြတိုက်ပေါင်း၆၀လောက်ကိုစာရင်းပြုစုထားပြီးစိတ်ဝင်စားနိုင်မဲ့လည်ပတ်စရာနေရာများနဲ့Eventများကိုမိတ်ဆက်ပေးလျက်ရှိပါတယ်။」လို့တာဝန်ရှိဝန်ထမ်းမှပြောကြားခဲ့ပါတယ်။

အသေးစိတ်သိရှိလိုပါကဗီဒီယိုနှင့်တကွမိတ်ဆက်ထားတာရှိတဲ့အတွက်ကြည့်ရှုနိုင်ပါတယ်!
တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာ

ထို့အပြင်စင်တာအထိမလာနိုင်သောသူများအတွက်ကတော့GO-TOKYOဆိုတဲ့တိုကျိုအလည်ပတ်နှင့်ဆိုင်သောဝက်ဘ်ဆိုဒ်တွင်လည်းဝင်ကြည့်နိုင်ပါတယ်။တိုကျိုမြို့တွင်ကျင်းပလျက်ရှိသောEventများကိုပြက္ခဒိန်ဖြင့်ဖော်ပြထားပြီး၊ဂျပန်နိုင်ငံရဲ့ရာသီ၄ခုမှာကျင်းပနေသောပွဲတော်များကိုဓါတ်ပုံသို့မဟုတ်ဗီဒီယိုကိုကြည့်ပြီးပါဝင်ဆင်နွှဲဖို့Planဆွဲနိုင်ပါတယ်။
https://www.gotokyo.org/jp/index.html

တိုကျိုမြို့ကိုလည်ပတ်လိုသူများတိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာနှင့်GO-TOKYOဆိုတဲ့ဝက်ဘ်ဆိုဒ်ကိုအသုံးပြုကြပါနော်~

記念写真

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top