ဂျပန်သို့ဝင်ရောက်ရာမှာအသုံးပြုရမည့်「Visit Japan Web」ဆိုသည်မှာ

2021ခုနှစ် 3လပိုင်းကစပြီး၊ဂျပန်သို့ဝင်ရောက်လာမည့်သူများအနေဖြင့်၊ MySOSတွင်စာရင်းသွင်းခြင်း၊ဂျပန်သို့ဝင်ရောက်ပြီးနောက်စောင့်ဆိုင်းကာလတွင်းမှာလည်းနေ့စဥ်MySOSမှတဆင့်မိမိရဲ့ကျန်းမာရေးအခြေအနေကိုသတင်းပို့ရမှာဖြစ်ပါတယ်။သို့ရာတွင် 2022ခုနှစ်10လပိုင်း11ရက်နေ့မှစပြီး၊ဂျပန်ပြည်ဝင်ခွင့်ဆိုင်ရာစီမံချက်များကိုဖြေလျော့ပေးလိုက်သည့်အပြင်လုပ်ထုံးလုပ်နည်းများကိုလည်းအလွယ်တကူအသုံးပြုနိုင်အောင်ပြောင်းလဲခဲ့ပါတယ်။

 2022ခုနှစ် 10 လပိုင်း 11 日ရက် ဂျပန်စံတော်ချိန်မနက်00:00နာရီမှစပြီးအောက်ပါအတိုင်းပြည်ဝင်ခွင့်ဖြေလျော့မှုများကိုပြုလုပ်လိုက်ပါတယ်။
■ဂျပန်သို့ပြန်ဝင်လာစဥ်(သို့မဟုတ်)ဝင်ရောက်ချိန်တွင်စစ်ဆေးခြင်းများမပြုလုပ်သော်လည်း
(အောက်ပါအချက်များထဲမှတစ်ခုခုကိုတင်ပြရန်လိုအပ်ပါသည်)
① ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့အရေးပေါ်အသုံးပြုမှုစာရင်းထဲတွင်ဖော်ပြထားသည့်ကာကွယ်ဆေး၃ကြိမ်ထိုးပြီးကြောင်းလက်မှတ် (သို့မဟုတ်)
②မိမိနိုင်ငံမှမထွက်ခွာမီ 72နာရီတွင်းစစ်ဆေးထားသောPCRအနုတ်လက္ခဏာရလဒ်လက်မှတ်
■ဂျပန်နိုင်ငံသို့ပြန်ရောက်ပြီးနောက်အိမ်(သို့မဟုတ်)ဟိုတယ်အဆောက်အဦးများတွင်စောင့်ဆိုင်းခြင်းမလိုအပ်ပါ
■ဂျပန်နိုင်ငံသို့ပြန်ရောက်ပြီးနောက်အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးကိုအသုံးပြုနိုင်ပါသည်

 ဂျပန်နိုင်ငံတွင်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် အဆင်ပြေချောမွေ့စွာစာရင်းပေးသွင်းနိုင်ရန်အတွက် Visit Japan Webကိုအသုံးပြုပြီးကြိုတင်စာရင်းသွင်းနိုင်ပါတယ်။ကြိုတင်ပြီးကိုယ်‌ရေးအချက်လက်များကိုကြိုတင်ဖြည့်ထားပါက၊ဂျပန်သို့ဝင်‌ရောက်စဥ်တွင်QRကုတ်ပြရုံဖြင့်ပြည်ဝင်မှုလုပ်ထုံးလုပ်နည်းများပြီးမြောက်မည်ဖြစ်ပါတယ်။Visit Japan Webကို2022ခုနှစ်11လပိုင်း1ရက်နေ့မှစပြီးစတင်အသုံးပြုခဲ့သည်။


※လေဆိပ်တွင်ပြုလုပ်လျက်ရှိသည့် quarantine လုပ်ထုံးလုပ်နည်းများ၏တစ်စိတ်တစ်ပိုင်းကိုဂျပန်သို့မဝင်‌ရောက်မီMySOSကိုအသုံးပြုပြီးကြိုတင်ပြုလုပ်လို့ရသော်လည်း MySOSအသုံးပြုမှုကို2022ခုနှစ်11လပိုင်း14ရက်နေ့မှစပြီးရပ်ဆိုင်းတော့မည်ဖြစ်သည်။

Visit Japan Webနှင့်ပတ်သက်ပြီး

  • Visit Japan Webဆိုသည်မှာ

 Visit Japan Web ဆိုသည်မှာလူဝင်မှုကြီးကြပ်‌ရေးလုပ်ထုံးလုပ်နည်းများဖြစ်သော ဆေးစစ်ခြင်း၊ပြည်ဝင်ခွင့်စစ်ဆေးခြင်း၊အကောက်ခွန်အစီရင်ခံခြင်းများကိုအွန်လိုင်းတွင်လုပ်ဆောင်နိုင်သည့်ဝန်ဆောင်မှုဖြစ်သည်။နိုင်ငံရပ်ခြားမှဂျပန်သို့ဝင်‌ရောက်လာသူများအပြင်၊ဂျပန်နိုင်ငံသို့ပြန်လာသည်သူများလည်းအသုံးပြုနိုင်ပါသည်။

  • အသုံးပြုနိုင်သောဘာသာစကားများ

ဂျပန်၊တရုတ်၊အင်္ဂလိပ်၊တရုတ်၊ကိုရီးယား

  • အသုံးပြုနည်း

1. ဂျပန်သို့မဝင်‌ရောက်မီပြုလုပ်ရမည့်အရာများ

STEP 1  အကောင့်ပြုလုပ်ပြီးလော့ဂ်အင်ဝင်ခြင်း

 မိမိ၏ကိုယ်ပိုင်အီးမေးလ်ဖြင့်အကောင့်သစ်ပြုလုပ်ပါ

 ထို့နောက်၊စာရင်းသွင်းခဲ့သောအီးမေးလ်နှင့်ပက်စဝက်ကိုထည့်ပြီးလော့ဂ်အင်ဝင်ပါ

STEP 2  အသုံးပြုသူ၏ကိုယ်ရေးအချက်လက်ဖြည့်ခြင်း

 အသုံးပြုသူ၏ကိုယ်‌ရေးအချက်လက်(ပက်စပို့ထဲမှအချက်အလက်များနှင့်ဂျပန်နိုင်ငံတွင်ဆက်သွယ်နိုင်မည့်သူ၏အချက်လက်ရှိပါကဖြည့်ပါ

※ပန်သို့ဝင်ရောက်ခြင်း၊ပြန်ဝင်ခြင်းများ၏လုပ်ထုံးလုပ်နည်းကိုတစ်ဦးချင်းစီပြုလုပ်သည်ဖြစ်သော်လည်းနို့စို့အရွယ်နှင့်မိမိကိုယ်တိုင်လုပ်ထုံးလုပ်နည်းမလုပ်နိုင်သူများသည်မိမိနှင့်အတူလိုက်ပါလာသောမိသားစုဝင်မှစာရင်းသွင်းနိုင်ပါသည်၊မိသားစုဝင်မှအများဆုံး၁၀ယောက်စာအထိစာရင်းသွင်းပေးနိုင်ပါသည်။「同伴家族の情報」လို့‌ရေးထားတာကိုနှိပ်ပြီး「同伴家族の情報 追加・編集画面」ဆိုတာကိုနှိပ်ပြီး‌ရှေ့ဆက်ပါ

STEP 3  အစီစဥ်များကိုစာရင်းသွင်းခြင်း

  ဂျပန်သို့ဝင်ရန်၊ပြန်လာရန်အစီစဥ်(ခရီးသွားမည့်နေရာ၊ဂျပန်သို့‌‌ရောက်ရန်စီစဥ်ထားသည့်ရက်၊လေကြောင်းလိုင်းအမည်၊လေယာဥ်နံပါတ်၊စီနင်းမည့်လေယာဥ်အမျိုးစား၊ဂျပန်တွင်ဆက်သွယ်လို့ရမည့်လိပ်စာ)များကိုဖြည့်စွက်ပါ
※အတူပါလာသောမိသားစုဝင်၏အချက်လက်များဖြည့်နိုင်ပါသည်

STEP 4  လိုအပ်သည့်လုပ်ထုံးလုပ်နည်း၏အချက်အလက်များဖြည့်ရန်

 ဖြည့်စွက်ခဲ့သည့်အစီစဥ်များတွင်ပြည်ဝင်ရန်အတွက်လုပ်ထုံးလုပ်နည်းအချက်လက်အသီးသီးကိုဖြည့်စွက်ပါ

① ဆေးစစ်ခြင်း(First Track)

 ကိုယ်ရေးအချက်လက်၊စစ်တမ်းလွှာ၊အကျုံးဝင်သောကိုရိုနာကာကွယ်ဆေးလက်မှတ်နှင့်မိမိနိုင်ငံမှမထွက်ခွာမှီ၇၂နာရီတွင်းစစ်ဆေးခဲ့သောဆေးစစ်ချက်လက်မှတ်များကိုဖြည့်ပါ။ဖြည့်စွက်ခြင်းပြီးဆုံးပါက၊စခရင်သည်အပြာ‌ရောင်သို့ပြောင်းလဲသွားမည်ဖြစ်ပြီး၊QRကုတ်ပေါ်လာမည်ဖြစ်သည်။

② ပြည်ဝင်ခွင့်စစ်ဆေးခြင်း(နိုင်ငံခြားသားများပြည်ဝင်ခြင်းမှတ်တမ်း)※ဂျပန်လူမျိုးများနှင့်ဂျပန်သို့ပြန်လည်ဝင်ရောက်လာသောနိုင်ငံခြားသားများမလိုအပ်ပါ

 မိမိ၏ကိုယ်ရေးအချက်လက်၊လိပ်စာ၊ပြည်ဝင်သည့်အချက်အလက်၊ဂျပန်တွင်နေထိုင်ရန်စီစဥ်ထားသည့်ကာလ၊ဂျပန်တွင်ဆက်သွယ်ရမည့်လိပ်စာ၊မေးခွန်းများကိုဖြည့်ခြင်းဖြင့်မှတ်ပုံတင်ပါ။မှတ်ပုံတင်ပြီးပါကQRကုတ်ပေါ်လာပါမည်။

③ အကောက်ခွန်အစီရင်ခံခြင်း(携帯品・別送品申告)

 

မိမိ၏ကိုယ်ရေးအချက်လက်၊အတူလိုက်ပါလာသည့်မိသားစုဝင်၊ဂျပန်တွင်နေထိုင်မည့်လိပ်စာ၊အကောက်ခွန်အစီရင်ခံခြင်း၏အချက်လက်များကိုစစ်ဆေးခြင်း၊ကိုယ်‌ရေးကိုယ်တာပစ္စည်းများဖြည့်စွက်ခြင်း၊(အသုံးပြုသော)ငွေကြေး‌ရွေးချယ်ခြင်းစသည်များကိုမှတ်ပုံတင်ပါ။မှတ်ပုံတင်ပြီးပါကQRကုတ်ပေါ်လာပါမည်။

2.ဂျပန်သို့‌ဆိုက်ရောက်ရာတွင်ပြုလုပ်ရမည့်အရာများ

STEP 5  QRကုတ်များကိုပြသရန်

入国の手続လို့‌ရေးသားထားသောနေရာရှိQRကုတ်များကိုပြသပါ

① ဆေးစစ်ချက် QRကုတ်
② 入ပြည်ဝင်ခွင့် QRကုတ် ※ဂျပန်လူမျိုးများနှင့်ပြန်လည်ဝင်‌ရောက်လာသောနိုင်ငံခြားသားများပြသရန်မလိုအပ်ပါ
③ အကောက်ခွန်အစီရင်ခံထားသော QRကုတ်

  • အသုံးပြုနိုင်သောလေဆိပ်များ

Naritaအပြည်ပြည်ဆိုင်ရာလေဆိပ်၊Hanedaအပြည်ပြည်ဆိုင်ရာလေဆိပ်၊Kansaiအပြည်ပြည်ဆိုင်ရာလေဆိပ်၊Chubuအပြည်ပြည်ဆိုင်ရာလေဆိပ်၊Fukuokaလေဆိပ်၊Shinchitoseလေဆိပ်၊Nahaလေဆိပ်တို့ဖြစ်ပါတယ်

※2022ခုနှစ်11လပိုင်း1ရက်နေ့လက်ရှိသတင်းဖြစ်ပါသည်၊နောက်ဆုံးရသတင်းအချက်လက်များအတွက်デジタル庁၏စာမျက်နှာတွင်ဖတ်ရှုပါရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top