အလုပ်လုပ်ဖို့ဘာတွေလိုအပ်သလဲ
အလုပ်လုပ်ဖို့ဘာတွေလိုအပ်သလဲ?
အထူးကျွမ်းကျင်လုပ်သားအဖြစ်အလုပ်လုပ်ရန်အတွက်လိုအပ်ချက်များ
- အသက်၁၈နှစ်နှင့်အထက်ဖြစ်ရပါမည်
- ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ်ပါသည်
- ဂျပန်စာအရည်ချင်းစစ်စာမေးပွဲ
JLPT:N4နှင့်အထက် (သို့)
JFT-Basic:A2နှင့်အထက်အောင်လက်မှတ်ရှိရန်လိုအပ်ပါသည်
※သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းအတွက်သူနာပြုစောင့်ရှောက်ရေးဂျပန်စာအောင်မြင်ရန်လိုအပ်ပါသည်
- အလုပ်သင်အဆင့်၂(နည်းပညာလေ့လာရေးနံပါတ်၂)ကိုကောင်းမွန်စွာပြီးဆုံးထားသူများအတွက်ဂျပန်စာအရည်အချင်းစစ်စာမေးပွဲနှင့်ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်မလိုပါ။
※သို့သော်တခြားနယ်ပယ်တွင်အလုပ်လုပ်လိုပါကမိမိအလုပ်လုပ်လိုသည့်နယ်ပယ်၏ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲအောင်ရန်လိုအပ်ပါသည်။
အလုပ်လုပ်ရမည့်အချိန်အထိလုပ်ဆောင်ရမည့်အဆင့်များ
အခြားနိုင်ငံတွင်ရှိနေသောသူဖြစ်ပါက
စာမေးပွဲဖြေဆိုအောင်မြင်
ဂျပန်စာအရည်ချင်းစစ်စာမေးပွဲနှင့်ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲဖြေဆိုအောင်မြင်ထားရမည်
※အလုပ်သင်အဆင့်၂(နည်းပညာလေ့လာရေးနံပါတ်၂)ကိုကောင်းမွန်စွာပြီးဆုံးထားသူများကင်းလွတ်ခွင့်ရှိ
အလုပ်ရှာခြင်း
①ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှညှိနှိုင်းဆောင်ရွက်ပေးခြင်း
②ဂျပန်နိုင်ငံရှိကုမ္ပဏီများ၏အလုပ်ခေါ်စာများတွင်တိုက်ရိုက်လျှောက်ထားခြင်း
ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုခြင်း
ကုမ္ပဏီဘက်မှနေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်ရယူပါ
မိမိနိုင်ငံတွင်ရှိသောဂျပန်သံရုံးသို့ဗီဇာလျှောက်ထားပါ
(ထိုသို့လျှောက်ရာတွင်နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်ကိုတင်ပြရမည်)
ဂျပန်နိုင်ငံသို့ဝင်ရောက်(အလုပ်လုပ်)
ဂျပန်နိုင်ငံတွင်ရှိနေသောသူဖြစ်ပါက
စာမေးပွဲဖြေဆိုအောင်မြင်
ဂျပန်စာအရည်ချင်းစစ်စာမေးပွဲနှင့်ကျွမ်းကျင်မှုစစ်ဆေးသည့်စာမေးပွဲဖြေဆိုအောင်မြင်ထားရမည်
※အလုပ်သင်အဆင့်၂(နည်းပညာလေ့လာရေးနံပါတ်၂)ကိုကောင်းမွန်စွာပြီးဆုံးထားသူများကင်းလွတ်ခွင့်ရှိ
အလုပ်ရှာခြင်း
①ဟယ်လိုဝေါ့ခ်တွင်အလုပ်ရှာဖွေခြင်း
②ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများတွင်တိုက်ရိုက်လျှောက်ထားခြင်း
③အလုပ်ခေါ်စာများတွင်တိုက်ရိုက်လျှောက်ထားခြင်း
ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆိုခြင်း
လူဝင်မှုကြီးကြပ်ရေးရုံးတွင်နေထိုင်ခွင့်ဗီဇာပြောင်းလဲမှုလျှောက်တင်ပါ
နေထိုင်ခွင့်ဗီဇာပြောင်းလဲမှုပြီးဆုံးပါက
အလုပ်လုပ်
※အလုပ်သင် များအနေဖြင့် တူညီသောကုမ္ပဏီတွင်လုပ်လိုသောအခါ နေထိုင်ခွင့် ဗီဇာပြောင်းလဲရန်လိုအပ်သည်။
အလုပ်သင်မှအထူးကျွမ်းကျင်သို့တိုက်ရိုက်ပြောင်းလဲနိုင်သောအလုပ်အမျိုးအစားများ
အလုပ်အကိုင်စာရင်းစုစုပေါင်း
တိုက်ရိုက်ပြောင်းလဲနိုင်သောအလုပ်အကိုင်စာရင်းများ①〜⑭အထိ)
အလုပ်အမျိုးအစား
①သူနာပြုစောင့်ရှောက်မှုလုပ်ငန်း
②အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း
③စက်အစိတ်အပိုင်းနှင့်စက်ကိရိယာလုပ်ငန်း(သတ္တုလုပ်ငန်း)
⑤လျှပ်စစ်၊အီလက်ထရောနစ်နှင့်သတင်းအချက်အလက်လုပ်ငန်း
⑦သင်္ဘောဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း
⑧ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း