JLEF Support ချယ်ရီပန်းဓါတ်ပုံပြိုင်ပွဲ2022 ဆုရရှိသူများကိုကြေငြာခြင်း

2022ခုနှစ်3လပိုင်း25ရက်~5လပိုင်း10ရက်အထိကျင်းပခဲ့သောချယ်ရီပန်းဓါတ်ပုံပြိုင်ပွဲတွင်ဓါတ်ပုံများကိုပို့ပေးခဲ့ကြသောသူများအား‌ကျေးဇူးအထူးပင်တင်ရှိပါသည်။ဂျပန်နိုင်ငံတွင်နေထိုင်လျက်ရှိသောနိုင်ငံခြားသားများထံမှဆာကူရာပန်းပုံများအပြင်၊ဆာကူရာအလှကိုနှစ်သက်ခံစားနေကြသည့်ပုံများကိုလည်းအများအပြားလက်ခံရရှိခဲ့ပါသည်။5လပိုင်း12ရက်နေ့တွင်JLEF supportမှ ဆုရရှိသောပုံများ(18ပုံ )ကိုရွေးချယ်သတ်မှတ်ခဲ့ပါသည်။

「ချယ်ရီပန်းဓါတ်ပုံပြိုင်ပွဲ2022」တွင်ဆုရရှိခဲ့သောပုံများကိုအောက်တွင်ကြည့်ရှုနိုင်ပါသည်။

Comment:
Abeno Shrineမှာချယ်ရီပန်းတွေအပြည့်ပွင့်နေသောဆာကူရာပင်‌အောက်မှာတောက်ပတဲ့ကီမိုနိုဝတ်စုံကိုဝတ်ဆင်ပြီးရပ်နေတဲ့ပုံစံလေးကိုမြင်ရတာအရမ်းကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှုကိုနိုင်ငံခြားသားနဲ့အတူယှဥ်တွဲတွေ့ရှိရပြီးလက်ရာမြောက်တဲ့ဓါတ်ပုံလေးဖြစ်ပါတယ်။နောက်မှာရှိသောအလိုအလျောက်ရောင်းတဲ့စက်ကလေးဟာလည်းဂျပန်ဆိုတာကိုကိုယ်စားပြုနေသလိုပါပဲ။မင်္ဂလာဇနီးမောင်နှံနှစ်ဦးကိုလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Comment:
မိုးရေထဲမှာအစွမ်းကုန်ပွင့်နေတဲ့ချယ်ရီပန်း‌‌လေး။Tozaisenဆိုတဲ့ဆိုင်းဘုတ်လေးကိုဂျပန်နိုင်ငံမှာသာအများဆုံးအသုံးပြုတဲ့ပလပ်စတစ်ထီးလေးမှတဆင့်ရိုက်ထားတဲ့ပုံလေးဟာတကယ်ကိုနိုင်ငံခြားသားတယောက်အမြင်နဲ့ရိုက်ထားတဲ့ပုံလေးဖြစ်လို့အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ပုံလေးဖြစ်ပါတယ်။

Comment:
Sakuraရဲ့ရွှန်းလဲ့နေတဲ့ပန်းရောင်နှင့်အပြိုင်တောက်ပနေတဲ့အပြုံးလေးကအရမ်းကိုချစ်စရာကောင်းနေပါတယ်။ဝတ်စုံလေးဟာဆိုရင်လည်းလတ်တလောဂျပန်မှာခေတ်စားနေတဲ့ Retro coordination ဝတ်စားဆင်ယင်ပုံဖြစ်ပြီ၊းဂျပန်ယဥ်ကျေးမှုကိုကိုယ်စားပြုနေတဲ့အတွက်အရမ်းကိုချစ်စရာကောင်းတဲ့လက်ရာတခုပါပဲ။


<စုံစမ်းမေးမြန်းရန်>
主催:一般財団法人Japan Leading Edge Foundation(通称:JLEF財団)
電話番号:03-6206-1180
メール:info@jlef.jp
担当:JLEF事務局

Scroll to top