FAQ အလုပ်

အလုပ်

Q001.လုပ်ငန်းခွင်မှာစိုးရိမ်ပူပန်မှုနှင့်ပြသနာ(ရန်ဖြစ်ခြင်း၊စကားမပေါက်ခြင်းကြောင့်ပူပန်ခြင်းများ)ဖြစ်ခဲ့ပါကဘယ်သူ့အားတိုင်ပင်သင့်ပါသလဲ?

A. အရင်ဆုံးကုမ္ပဏီတာဝန်ခံ၊လုပ်ဖော်ကိုင်ဖက်(သို့)စိတ်ချရသောအနီးဆုံးသူငယ်ချင်းနှင့်တိုင်ပင်ကြည့်ပါ။အကယ်၍သင်သည်နည်းပညာအလုပ်သင်သင်တန်းသား(သို့)အထူးကျွမ်းကျင်လုပ်သားဖြစ်ခဲ့ပါကစီမံကွပ်ကဲရေးအဖွဲ့(သို့)လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်း၏စကားပြန်နှင့်တိုင်ပင်ဆွေးနွေးပါ။ထိုသို့တိုင်ပင်သော်လည်းပြသနာမဖြေရှင်းနိုင်ပါကအောက်ပါဝက်ဘ်ဆိုဒ်များမှတဆင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
1.<FRESC(外国人在留支援センター)>ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်အခက်ခဲဖြစ်ပါကတိုင်ပင်ဆွေးနွေးလို့ရသောဌာနများကိုစုစည်းထားသောစင်တာဖြစ်ပါသည်
2.<多文化共生ポータルサイト>ဘာသာစကားပေါင်းစုံဖြင့်တိုင်ပင်ဆွေးနွေးလို့ရသောကောင်တာ
3.<技能実習生>အလုပ်သင်ဖြစ်ပါက
OTIT(外国人技能実習機構)နိုင်ငံခြားသားနည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ
သို့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Q002.စိတ်အနှောင့်ယှက်ဖြစ်အောင်ပြုလုပ်ခံရပါကမည်သို့ပြုလုပ်သင့်ပါသလဲ?

A. အရင်ဆုံးကုမ္ပဏီတာဝန်ခံ၊လုပ်ဖော်ကိုင်ဖက်(သို့)စိတ်ချရသောအနီးဆုံးသူငယ်ချင်းနှင့်တိုင်ပင်ကြည့်ပါ။ထိုသို့တိုင်ပင်သော်လည်းပြသနာမဖြေရှင်းနိုင်ပါက၊တိုင်ပင်ဆွေးနွေးလို့ရမည့်သူမရှိခဲ့ပါကအောက်ပါဝက်ဘ်ဆိုဒ်များမှတဆင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
1.<FRESC(外国人在留支援センター)>ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်အခက်ခဲဖြစ်ပါကတိုင်ပင်ဆွေးနွေးလို့ရသောဌာနများကိုစုစည်းထားသောစင်တာဖြစ်ပါသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်ပြီးတိုင်ပင်ဆွေးနွေးလိုပါက
2.<みんなの人権110番>
0570-003-110(ဂျပန်ဘာသာ)
0570-090-911(နိုင်ငံခြားဘာသာစကား)

3.<技能実習生>အလုပ်သင်ဖြစ်ပါက
OTIT(外国人技能実習機構)နိုင်ငံခြားသားနည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ
သို့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Q003. အလုပ်ထုတ်ခံရသဖြင့်၊စားဝတ်နေရေးအတွက်ဒုက္ခရောက်နေပါကမည်သည့်နေရာများတွင်တိုင်ပင်ဆွေးနွေးလို့ရပါသလဲ?

A. အလုပ်လက်မဲ့(သို့)ဝင်ငွေနည်းခြင်းကြောင့်စားဝတ်နေရေးအတွက်ဒုက္ခရောက်နေသောသူများအတွက် နေထိုင်စရိတ်နှင့်ယာယီရန်ပုံငွေများကိုချေးပေးသည့်総合支援資金ဘက်စုံထောက်ပံ့ရေးရန်ပုံငွေအဖွဲ့ကိုဖွဲ့စည်းထားပါသည်။မိမိနေထိုင်သည့်လူမှုဖူလုံရေးကောင်စီမှာတိုင်ပင်ဆွေးနွေးနိုင်ပါသည်။ထို့အပြင်အလုပ်ထုတ်ခံရပါက၊အလုပ်လက်မဲ့အာမခံရနိုင်ခွင့်ရှိမရှိကိုစုံစမ်းမေးမြန်းကြည့်ပါ။
လူမှုဖူလုံရေးကောင်စီ

Q004. လစာထဲတွင်ပါဝင်သောအကြောင်းအရာများသိရှိလိုပါသည်။

A. လစာထဲတွင်ပါဝင်သောအကြောင်းအရာများကိုအောက်တွင်အသေးစိတ်ဖော်ပြထားပါသဖြင့်ဝင်ရောက်ဖတ်ကြည့်ပါရန်။
လစာထဲမှာပါဝင်သောအကြောင်းအရာများ

Q005. လုပ်သက်ခွင့်အတွက်ရရှိသောလစာသည်ဝင်ငွေခွန်ဆောင်ရပါသလား?

A. ဝင်ငွေခွန်ဆိုသည်မှာတစ်ဦးတယောက်ချင်းစီ၏ဝင်ငွေအတွက်ဆောင်ရသောအခွန်ဖြစ်ပြီး၊လုပ်သက်ခွင့်သည်လည်းလုပ်ခအနေဖြင့်ပေါင်းထည့်ပေးသည်ဖြစ်သည့်အတွက်ဝင်ငွေခွန်‌ဆောင်ရပါသည်။

Q006. ကိုယ်ရေးအကျဥ်းထဲမှာအချက်အလက်များအပြောင်းအလဲရှိပါကပြသနာရှိနိုင်ပါသလား?

A. ပညာအရည်အချင်းနှင့်အတွေ့ကြုံများကိုလွဲမှားစွာဖော်ပြခြင်း၊မဟုတ်မမှန်ရေးသားခြင်းများပြုလုပ်၍မရပါ။ကိုယ်ရေးအကျဥ်းသည်သင့်၏လက်ရှိအခြေအနေကိုဖော်ပြထားခြင်းဖြစ်ပြီး၊လုပ်ငန်းအတွက်အတွေ့ကြုံအသစ်များနှင့်ဖြေဆိုအောင်မြင်ထားသောအရည်အချင်းအသစ်များကိုထည့်သွင်းရန်လိုအပ်ပါသည်။

Q007. အိမ်မှအလုပ်သို့အသွားအပြန်အတွက်ကြာချိန်ကိုလစာတွင်ထည့်တွက်ပေးပါသလား။?

A. ကုမ္ပဏီနှင့်လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးအနည်းငယ်ကွဲပြားမှုရှိနိုင်သော်လည်းအခြေခံအားဖြင့်အိမ်မှအလုပ်သို့အသွားအပြန်ကြာချိန်ကိုလစာအဖြစ်တွက်ပေးခြင်းမရှိပါ။(အလုပ်သွားရာတွင်အသုံးပြုသောရထားခ၊ကားခများကိုတော့ပေးချေမှုရှိပါသည်)

Scroll to top