FAQ နေထိုင်မှု

နေထိုင်မှု

Q008. ကုမ္ပဏီမသိအောင်ပဲထွက်ပြေးတာမျိုးပြုလုပ်ခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲ?

A. ကုမ္ပဏီနှင့်အဖွဲ့အစည်းမသိအောင်ထွက်ပြေးခဲ့ပါက၊အလုပ်လုပ်ရန်ခွင့်ပြုချက်မရှိသောနေထိုင်ခွင့်ရရှိမှာဖြစ်ပြီး၊နေထိုင်ခွင့်သက်တမ်းကျော်လွန်ခဲ့ပါကတရားမဝင်နေထိုင်ခြင်းဖြစ်ပြီး၊လူဝင်မှုကြီးကြပ်ရေး၏စည်းမျဥ်းများကိုချိုးဖောက်ရာကျပါသည်။အဆိုးဆုံးအနေဖြင့်၊ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်မရှိတော့ပဲ၊နောက်တဖန်ဂျပန်သို့လာရောက်ခက်ခဲနိုင်ပါသည်။အခက်အခဲတစ်စုံတစ်ရာရှိပါကအရင်ဆုံးကုမ္ပဏီတာဝန်ခံ၊ကျောင်း(သို့)စိတ်ချရသောအနီးဆုံးသူငယ်ချင်းနှင့်တိုင်ပင်ကြည့်ပါ။ထိုသို့တိုင်ပင်သော်လည်းပြသနာမဖြေရှင်းနိုင်ပါကအောက်ပါဝက်ဘ်ဆိုဒ်များမှတဆင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
1.<FRESC(外国人在留支援センター)>ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်အခက်ခဲဖြစ်ပါကတိုင်ပင်ဆွေးနွေးလို့ရသောဌာနများကိုစုစည်းထားသောစင်တာဖြစ်ပါသည်
2.<多文化共生ポータルサイト>ဘာသာစကားပေါင်းစုံဖြင့်တိုင်ပင်ဆွေးနွေးလို့ရသောကောင်တာ
3.<技能実習生>အလုပ်သင်ဖြစ်ပါက
OTIT(外国人技能実習機構)နိုင်ငံခြားသားနည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ
သို့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Q009. အပြင်မှာပိုက်ဆံအိတ်ကျပျောက်ခဲ့ရင်ဘယ်လိုလုပ်ရမလဲ?

A. အရင်ဆုံးပိုက်ဆံအိတ်ကိုရှာဖွေကြည့်ပါ။ရှာဖွေသော်လည်းမတွေ့ရှိခဲ့ပါကရဲစခန်းသို့သွားပြီးပျောက်ဆုံးကြောင်းဖောင်တင်ပါ။ ဖောင်ထဲတွင်ဖြည့်ရမည့်အချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
・ပိုက်ဆံအိတ်ပျောက်ဆုံးသည့်ကာယကံရှင်၏နာမည်
・လိပ်စာ
・ပျောက်ဆုံးသွားသည့်ပိုက်ဆံအိတ်၏ပုံစံ/ထူးခြားချက်
・ပျောက်ဆုံးသည့်ရက်နှင့်အချိန်
・ပိုက်ဆံအိတ်ထဲတွင်ရှိနေသောငွေပမာဏ
・ကတ်အမျိုးအစားစသည်တို့ကိုဖြည့်စွက်ရမည်
ထို့အပြင်
1.နာမည်
2.လိပ်စာ
3.အသက်
4.နိုင်ငံသား
5.မွေးသက္ကရာဇ်တို့ကိုလည်းပြောနိုင်အောင်လေ့ကျင့်ထားပါ။

Q010. နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ရင်ဘယ်လိုလုပ်ရမလဲ?

A. ရဲစခန်းသို့သွားပြီး「遺失届出証明書」ပျောက်ဆုံးကြောင်းဖောင်တင်ပါ။ပျောက်ဆုံးကြောင်းသိရှိသည့်နေ့မှစပြီး၁၄ရက်အတွင်းလိုအပ်သောစာရွက်စာတမ်းများနှင့်တကွလူဝင်မှုကြီးကြပ်ရေးသို့သွားပါ။
အောက်တွင်အသေးစိတ်ဖော်ပြထားပါသဖြင့်ဝင်ရောက်ဖတ်ကြည့်ပါရန်။
နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ပါက

Q011. ကိုရိုနာရောဂါကူးစပ်နေခြင်းရှိမရှိစစ်ဆေးလို့ရတဲ့နည်းလမ်းကိုသိလိုပါတယ်။ဘာတွေကွာခြားမှုရှိပါသလဲ?

A. ကိုရိုနာရောဂါစစ်ဆေးနည်းမှာ
【抗体検査】こうたいけんさ
【抗原検査】こうげんけんさ
【PCR検査】PCRけんさဆိုပြီး၃နည်းရှိပါသည်။

【抗体検査】こうたいけんさ ဆိုသည်မှာယခင်တွင်ကိုရိုနာကူးစက်ထားခံရမှုရှိမရှိကိုစစ်ဆေးခြင်းဖြစ်ပါသည်။

【抗原検査】こうげんけんさဆိုသည်မှာ
ယခုလက်ရှိကိုရိုနာကူးစက်ထားခံရခြင်းရှိမရှိနှင့်ဗိုင်းရစ်ထဲတွင်ရှိနေသောထူးခြားသည့်ပရိုတင်းကိုစစ်ဆေးသည့်နည်းဖြစ်ပြီး၊

【PCR検査】PCRけんさဆိုသည်မှာ
စစ်ဆေးလိုသောဗိုင်းရတ်စ်၏မျိုးရိုးဗီဇကိုအထူးဖော်စပ်ထားသောဆေးရည်ဖြင့်တိုးပွားအောင်ပြုလုပ်ပြီးစစ်ဆေးခြင်းဖြစ်ပါသည်။

Q012. ကိုရိုနာရောဂါကူးစပ်ခြင်းခံနေရပြီလားဆိုပြီးစိုးရိမ်ပူပန်လျက်ရှိပါသည်။ဘယ်သူအားတိုင်ပင်လို့ရနိုင်ပါသလဲ။

A. မိမိနေထိုင်သည့်မြို့နယ်အပေါ်မူတည်ပြီးတိုင်ပင်ဆွေးနွေးလို့ရသောနေရာများကွဲပြားခြားနားမှုရှိပါသည်။
ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အောက်ပါလင့်ခ်မှဝင်ရောက်ပြီးတိုင်ပင်ဆွေးနွေးပါ။
<厚生労働省 相談できるところ>

Q013. သွား‌ဆေးခန်းပြရာမှာကျန်းမာရေးအာမခံကိုအသုံးပြုလို့ရပါသလား?

A. အသုံးပြုလို့ရပါတယ်။အနီးဆုံးသွားဆေးခန်းတွင်ကျန်းမာရေးအာမခံကိုပြပြီးကုသနိုင်ပါသည်။သွား၏ဆေးကုသမှုအပေါ်မူတည်ပြီးကျန်းမာရေးအာမခံအကျုံးမဝင်တာမျိုးလည်းရှိတတ်ပါသည်။(ဥပမာသွားများဖြူဖွေးအောင်ပြုလုပ်ခြင်းစသဖြင့်)

Q014. ဆေးခန်းသွားပြရာမှာ၊ဘာသာစကားနားမလည်ခဲ့ပါကမည်သို့ပြုလုပ်သင့်ပါသလဲ?

A. မိမိ၏ရောဂါလက္ခဏများကိုမိခင်ဘာသာနှင့်ဂျပန်ဘာသာပေါင်းရေးထားသောကျန်းမာရေးစစ်ဆေးချက်မေးခွန်းလွှာစာရွက်ထဲတွင်ဖြည့်ပြီးယူဆောင်သွားလို့ရသည့်နည်းလမ်းရှိပါသည်။(မြန်မာဘာသာစကားမရှိသေးပါသဖြင့်အင်္ဂလိပ်ဘာသာအသုံးပြုလိုသူများဝင်ရောက်ကြည့်နိုင်ပါသည်။)
ကျန်းမာရေးစစ်ဆေးချက်မေးခွန်းလွှာ
*多言語医療問診票 制作者団体:「NPO法人国際交流ハーティ港南台」及び「公益財団法人かながわ国際交流財団」

Q015.ဘေးအခန်းတွင်နေထိုင်သောသူသည်ညအချိန်မတော်ထိဆူညံသံများကိုပြုလုပ်နေသည့်အတွက်စိတ်အနှောက်အယှက်ဖြစ်နေရပါသည်။မည်သို့ပြုလုပ်သင့်ပါသလဲ?

A. ကုမ္ပဏီမှကိုယ်စားစာချုပ်ချုပ်ထားပေးသည်ဖြစ်ပါက၊ကုမ္ပဏီနှင့်တိုင်ပင်ဆွေးနွေးကြည့်ပါ။မိမိကိုယ်တိုင်စာချုပ်ချုပ်ထားသည်ဖြစ်ပါကအိမ်(သို့)အဆောက်အဦးတာဝန်ခံသို့တိုင်ပင်ဆွေးနွေးပါ။ထို့သို့တိုင်ပင်ပြောဆိုရာတွင် မည့်သည့်အချိန်နှင့်ဆူညံသံဘယ်လောက်ကျယ်ကြောင်းစသဖြင့်ပြောပြပါ။

Q016. Debit cardပြုလုပ်လို့ရပါသလား။(အသုံးပြုသောငွေပမာဏကိုချက်ချင်းဘဏ်မှနှုတ်ယူခံရသည့်ကတ်)

A. Debit cardဆိုသည်မှာငွေပေးချေသည်နှင့်တပြိုင်နက် သင့်၏ဘဏ်အကောင့်ထဲမှငွေကိုနှုတ်ယူမှာဖြစ်ပါသည်။သာမန်အားဖြင့်ဘဏ်အကောင့်ရှိရုံနှင့်ပြုလုပ်လို့ရပါသည်။(ဘဏ်အပေါ်မူတည်ပြီးမရနိုင်တာမျိုးလည်းရှိနိုင်)လျှောက်လွှာများကိုWEB(ဟုမ်းပေ့ချ်၊အက်ပလီ)မှလျှောက်ထားခြင်း၊စာတိုက်မှတဆင့်(သို့)ဘဏ်ကောင်တာတို့တွင်လျှောက်ထားနိုင်ပါသည်။

Q017. ယူချောဘဏ်မှငွေလွှဲပုံလွှဲနည်းနှင့်ပတ်သက်ပြီးသိရှိလိုပါသည်။

A. ယူချောဘဏ်မှငွေလွှဲလိုပါကအောက်ပါနည်းလမ်းများရှိပါသည်။ငွေပေးချေမှုပုံစံစာရွက်ဖြင့်ငွေလွှဲခြင်း၊ယူချောဘဏ်အချင်းချင်းသို့ငွေလွှဲခြင်း၊တခြားဘဏ်သို့ငွေလွှဲခြင်းဆိုပြီးရှိပါသည်။ယူချောအေတီအမ်မှငွေလွှဲလိုပါ「ご送金」ဆိုသည့်ခလုတ်ကိုနှိပ်ပါ။ဘဏ်ကောင်တာများသို့သွားပြီးငွေလွှဲခြင်းပြုလုပ်နိုင်သော်လည်း၊လွှဲခမှာအေတီအမ်စက်များထက်ပိုများမည်ဖြစ်သည်။

Q018. အိမ်လိပ်စာပြောင်းပြီးနောက်ပိုင်းစာတိုက်မှပစ္စည်းများမရောက်ခဲ့ပါကမည်သို့ပြုလုပ်သင့်ပါသလဲ?

A. စာတိုက်သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။အိမ်ပြောင်းခဲ့ပါက၊စာတိုက်တွင်လိပ်စာပြောင်းခြင်းလုပ်ထုံးလုပ်နည်းကိုပြုလုပ်ရပါမည်။နီးစပ်ရာစာတိုက်၏ကောင်တာတွင်ပြောင်းရွှေ့ဝင်ရောက်ကြောင်းလျှောက်ထားပါကလိပ်စာ‌ဟောင်းသို့ပေးပို့ထားသောပစ္စည်းနှင့်စာများကိုလိပ်စာအသစ်ဘက်သို့တနှစ်တာအခမဲ့ပို့ပေးပါသည်။လူကိုယ်တိုင်သွားရောက်ရန်အခက်ခဲရှိပါကအင်တာနက်မှတဆင့်လျှောက်ထားနိုင်ပါသည်။<郵便局 e-ネット>အောက်ပါလင့်ခ်မှလျှောက်ထားပါ။
<郵便局 e-ネット>

Q019. တက်တူးရှိပါကဂျပန်နိုင်ငံသို့သွားလို့ရပါသလား?

A. ဂျပန်နိုင်ငံတွင်တက်တူးထိုးခြင်းသည်လူမှုရေးဆန့်ကျင်သည့်အင်အားစုများနှင့်ဆက်စပ်မှုရှိသည်ဟုသံသယရှိနိုင်ပြီး၊အများသုံးရေနွေးစိမ်ကန်များအတွင်းသို့ဝင်ရောက်ခြင်းကိုတားမြစ်ခံရနိုင်ပါသည်။အလုပ်ပေါ်မူတည်၍ဥပမာဧည့်သည်နှင့်ထိတွေ့ဆက်ဆံရသောလုပ်ငန်းများတွင်မြင်သာထင်သာရှိသောနေရာဖြစ်ပါကတားမြစ်ခြင်းခံရတာမျိုးလည်းရှိနိုင်ပါသည်။မမြင်ရသောနေရာဖြစ်ပါကအလုပ်ခန့်သည့်တာမျိုးလည်းရှိပါသည်။

Scroll to top