အလုပ်အကိုင်

အလုပ်ထွက်/ပြောင်းရာတွင်လဝကသို့အကြောင်းကြားရမည့်လုပ်ထုံးလုပ်နည်း (Part 2)

အလုပ်ထွက်/ပြောင်းရာတွင်လဝကသို့အကြောင်းကြားရမည့်လုပ်ထုံးလုပ်နည်း အလုပ်မှထွက်သည့်အခါ(သို့)အလုပ်ပြောင်းသည့်အခါမျိုးတွင်ဥပဒေအရ ၁၄ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးဗျုရိုသို့အကြောင်းကြားရန်လိုအပ်ပါသည်။ အကြောင်းကြားရန်နည်းလမ်း ၃နည်းရှိပါတယ်①ရုံး(လက်ခံဆောင်ရွက်ပေးသည့်ကောင်တာ)သို့သွားပြီးအကြောင်းကြားခြင်း➁စာတိုက်မှပေးပို့အကြောင်းကြားခြင်း③အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုပြီးအကြောင်းကြားခြင်းဆိုပြီးရှိပါသည် အသုံးပြုသူ၏အချက်အလက်ကိုဖြည့်ပြီးရုံဖြင့်အွန်လိုင်းမှတဆင့်ဖောင်တင်လို့ရသည့်အတွက်အရမ်းလွယ်ကူတဲ့အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုဖို့အကြံပေးပါတယ်။ အီလက်ထရွန်းနစ်စနစ်ကိုအသုံးပြုလိုသူများသည်လူဝင်မှုကြီးကြပ်‌ရေးအီလက်ထရွန်းနစ်စစ်စတမ်ပေါ်တယ်ဆိုဒ်တွင်ပြုလုပ်ရမှာဖြစ်ပါတယ်။サイトのリンク: လင့်ခ်ကိုနှိပ်ရန် လုပ်ထုံးလုပ်နည်းကိုအောက်ပါဗီဒီယိုတွင်ကြည့်ပါ။ ① အသုံးပြုသူအချက်လက်ဖြည့်ခြင်း          ဗီဒီယိုကြည့်ရန် ② အကြောင်းကြားခြင်းအတွက်လုပ်ထုံးလုပ်နည်း   ・စာချုပ်သက်တမ်းကုန်ဆုံး၍အကြောင်းကြားရသည့်လုပ်ထုံးလုပ်နည်း(စာချုပ်သက်တမ်းကုန်ဆုံးပြီး 14ရက်အတွင်း)    ဗီဒီယိုကြည့်ရန်   ・စာချုပ်အသစ်ချုပ်ဆိုခြင်းအတွက်အကြောင်းကြားရသည့်လုပ်ထုံးလုပ်နည်း(စာချုပ်ချုပ်ဆိုသည့်ရက်မှစပြီး14ရက်အတွင်း)      ဗီဒီယိုကြည့်ရန် 【သတိပြုရန်အချက်များ】 ※ကုမ္ပဏီနာမည်နှင့်အချက်လက်များဖြည့်ရာတွင်全角နှင့်半角စာလုံးများရှိသဖြင့်မမှားအောင်သတိပြုပါ ※WIFIအသုံးပြုပါကerror တက်နိုင်သည့်အတွက်၊ဖုန်း၏အင်တာနက်ကိုအသုံးပြုပြီးလုပ်ဆောင်ပါရန်။ ※လော့အင်ဝင်ရာတွင်အသုံးပြုသည့်အိုင်ဒီနှင့်ပက်စဝက်ကိုနောင်တွင်အသုံးပြုနိုင်သည့်အတွက်မမေ့အောင်မှတ်ထားပါရန်။ ရုံး(လက်ခံဆောင်ရွက်ပေးသည့်ကောင်တာ)သို့သွားပြီးအကြောင်းလိုသူများနှင့်စာတိုက်မှပေးပို့အကြောင်းကြားလိုသူများ Part1တွင်ဖတ်ပေးပါရန်။

အလုပ်ထွက်၊အလုပ်ပြောင်းတဲ့အခါလူဝင်မှုကြီးကြပ်ရေးဗျူရိုသို့အကြောင်းကြားရမဲ့လုပ်ငန်းစဥ်များ(Part-1)

အလုပ်ထွက်သည့်အခါ(သို့)အလုပ်ပြောင်းသည့်အခါ၊လဝကသို့14ရက်အတွင်းအကြောင်းကြားရန်လိုအပ်ကြောင်းဥပဒေအရသတ်မှတ်ထားပါတယ်။(2012ခုနှစ်ဇူလိုင်လမှစပြီးမဖြစ်မနေလုပ်ဆောင်ရမည်ဟုသတ်မှတ်လိုက်ပါသည်) အောက်တွင်အသေးစိတ်ရှင်းပြပါမည် 【အောက်ပါနေထိုင်ခွင့်အရည်ချင်းရှိသူများအကျုံးဝင်ပါသည်】 高度専門職1号、高度専門職2号、研究、技術・人文知識・国際業務、介護、興行(所属機関との契約に基づいて活動に従事する者に限る。)、技能又は特定技能 အဆင့်မြင့်အတတ်ပညာရှင်အဆင့်၁၊အဆင့်မြင့်အတတ်ပညာရှင်အဆင့်၂၊သုတေသန၊နည်းပညာလူမှု့အသိနိုင်ငံတကာစီးပွားရေး၊သူနာပြုစောင့်ရှောက်ရေး၊ဖျော်ဖြေတင်ဆက်မှု(သတ်မှတ်ထားသောအဖွဲ့အစည်းနှင့်စာချုပ်ချုပ်ထားသည့်လှုပ်ရှားမှုကိုပြုလုပ်ရန်ကန့်သတ်ထားသည်)၊ကျွမ်းကျင်ပညာရှင်၊အထူးကျွမ်းကျင်လုပ်သား 【လျှောက်တင်ရမည့်သူ】 ကာယကံရှင်ကိုယ်တိုင် 【လျှောက်တင်ရမည့်ကာလ】   ※လျှောက်တင်ရမည့်ကာလကိုသတိပြုပါ! ①အလုပ်ထွက်သူများ:စာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်းအလုပ်ထွက်ကြောင်းဖောင်တင်ပါ ②အလုပ်ပြောင်းပြီးအလုပ်သစ်ဝင်သူများ(လုပ်ထုံးလုပ်နည်းကိုတပြိုင်ထဲပြုလုပ်နိုင်):စာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်း၊တချိန်တည်းမှာပဲကုမ္ပဏီအသစ်နှင့်စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှ14ရက်အတွင်းမှာအလုပ်ထွက်ကြောင်းနှင့်အလုပ်ဝင်ကြောင်းတပြိုင်တည်းဖောင်တင်နိုင်ပါသည် ③အလုပ်ပြောင်းသူများ:စာချုပ်ပါအဖွဲ့အစည်းနှင့်စာချုပ်ဖျက်သိမ်းသည့်နေ့မှစပြီး 14ရက်အတွင်းအလုပ်ထွက်ကြောင်းဖောင်တခါတင်ပါထို့နောက်ကုမ္ပဏီအသစ်နှင့်စာချုပ်ချုပ်ပြီးပါကစာချုပ်ချုပ်ပြီးသည့်ရက်မှ14အတွင်းအလုပ်ရကြောင်းဖောင်တင်ပါ 【လျှောက်လွှာဖောင်နှင့်နမူနာ】          ①အလုပ်ထွက်သူများ  လျှောက်လွှာဖောင် 参考書式1の4(契約の終了)  နမူနာကြည့်ရန် ②အလုပ်ပြောင်းပြီးအလုပ်သစ်ဝင်သူများ(လုပ်ထုံးလုပ်နည်းကိုတပြိုင်ထဲပြုလုပ်နိုင်)  လျှောက်လွှာဖောင် 参考書式1の7(「契約終了」と「新たな契約締結」)  နမူနာကြည့်ရန် ③အလုပ်ပြောင်းသူများ  လျှောက်လွှာဖောင် 参考書式1の5(新たな契約の締結)  နမူနာကြည့်ရန် 【လျှောက်တင်လို့ရသည့်နည်းလမ်း】  အောက်ပါနည်းလမ်း၃မျိုးဖြင့်လျှောက်တင်နိုင်ပါသည် ①ဒေသဆိုင်ရာလဝကရုံး၏ကောင်တာတွင်သွားရောက်လျှောက်ထားလိုပါက  ・လိုအပ်သောစာရွက်စာတမ်း:နေထိုင်ခွင့်ကတ်ပြား၊လျှောက်လွှာဖြည့်ထားသောဖောင်  ・လျှောက်တင်ရမည့်နေရာ:အနီးဆုံးရှိဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံး ※ဖောင်လက်ခံသည့်အချိန်နှင့်နေ့ကိုကြိုတင်မေးမြန်းထားပါ ※ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးရုံးတည်ရှိသောနေရာများကြည့်ရန် ၊ မသိပါက外国人在留総合インフォメーションセンター(0570-013904)သို့ဖုန်းဆက်မေးမြန်းနိုင်ပါသည်။ ②စာတိုက်မှတဆင့်ပို့လိုသူများအတွက်  ・စာအိတ်ထဲတွင်ထည့်ရမည့်စာရွက်စာတမ်း:ဇိုင်းလျူးကတ်မိတ္တူနှင့်လျှောက်လွှာဖြည့်ထားသောဖောင်  ・ပေးပို့ရမည့်လိပ်စာ:〒160-0004 東京都新宿区四谷1丁目6番1号四谷タワー14階 東京出入国在留管理局在留管理情報部門届出受付担当 ※စာအိတ်ပေါ်တွင်မှင်အနီဖြင့်「届出書在中」သို့မဟုတ်「NOTIFICATION ENCLOSED」လို့ရေးသားပေးပါရန် ③အင်တာနက်မှလျှောက်တင်လိုပါက   အင်တာနက်မှလျှောက်ထားသည့်လုပ်ထုံးလုပ်နည်းကိုဒုတိယအပိုင်းတွင်ပုံနှင့်တတကွတဆင့်ချင်းရှင်းပြပေးမှာဖြစ်လို့ဒုတိယအပိုင်းကိုစောင့်မျှော်ပေးပါနော်။ 【သတိပြုရမည့်အချက်များ】 ※ လျှောက်လွှာတင်သည့်အချက်လက်များနှင့်ပတ်သက်ပြီးသက်သေပြရန်စာရွက်စာတမ်းမလိုအပ်ပါ ※ လျှောက်ထားသည့်အကြောင်းရာများအပြည့်စုံရေးသွင်းထားပါကဖောင်ပုံစံမသတ်မှတ်ထားသော်လည်းလျှောက်လွှာအကြောင်းအရာနှင့်ကိုက်ညီသောဖောင်ပုံစံကိုအသုံးပြုပါကပိုမိုလွယ်ကူမည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရို၏ကိုးကားလင့်ခ်

ပင်စင်ကြေးပြန်လည်ထုတ်ယူခြင်း

ဂျပန်နိုင်ငံတွင်နေထိုင်စဥ်အတွင်းပင်စင်ကြေးများကိုထည့်သွင်းထားပါက၊နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေတောင်းခံနိုင်ပါသည်။「脱退一時金」ခေါ်  「နှုတ်ထွက်ပင်စင်ပုတ်ပြတ်」ငွေကို၊အမျိုးသားပင်စင်၊လူမှုဖူလုံရေးပင်စင်အာမခံများတွင်ထည့်ဝင်ခဲ့သောကာလနှင့်ပတ်သက်၍အာမခံအသင်းဝင်အဖြစ်ရပ်ဆိုင်းသည့်အခါတွင်ရရှိမှာဖြစ်ပါတယ်။ထိုသို့ပင်စင်ကြေးပြန်လည်ထုတ်ယူရာတွင်လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်ပြီးသတိပြုရမည့်အချက်များကိုပြောပြပေးမှာဖြစ်ပါတယ်။ 1.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီသိထားသင့်သည့်အရာများ ◎ အနာဂါတ်တွင်သက်ကြီးပင်စင်ခံစားခွင့်ရယူလိုသူများနှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေကိုရယူပြီးပါက၊နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီကာလအားလုံးကိုပင်စင်ကြေးပေးချေခဲ့သောကာလမှပယ်ဖျက်မည်။ထို့ကြောင့်အနာဂါတ်တွင်ဂျပန်သက်ကြီးပင်စင်ရယူမှုရှိမရှိကိုသေချာထည့်သွင်းစဥ်းစားပြီးမှလျှောက်ထား‌တောင်းခံစေလိုပါတယ်။ ◎ ဂျပန်နိုင်ငံနှင့်သဘောတူညီမှုချုပ်ဆိုထားသောမိတ်ဖက်နိုင်ငံ၏ပင်စင်စနစ်တွင်အာမခံကြေးပေးသွင်းထားသူများသတ်မှတ်ထားသောအခြေအနေတစ်ရပ်အောက်တွင်ပင်စင်အာမခံထည့်ဝင်ခဲ့သောကာလများကိုစုပေါင်းတွက်ချက်ပြီးဂျပန်နိုင်ငံနှင့်မိတ်ဖက်နိုင်ငံ၏ပင်စင်ကိုလက်ခံရယူနိုင်ပါသည်။သို့သော်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေကိုရယူပြီးပါကနှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေမတောင်းခံမှီကာလအားလုံးကိုပင်စင်ကြေးပေးချေခဲ့သောကာလမှပယ်ဖျက်မည်။ 【ဂျပန်နှင့်ပင်စင်သဘောတူညီမှုချုပ်ဆိုထားသောမိတ်ဖက်နိုင်ငံ(2022ခုနှစ်2လပိုင်းသတင်းအရ)】 ドイツ、アメリカ、ベルギー、フランス、カナダ、オーストラリア、オランダ、チェコ、スペイン、アイルランド、ブラジル、スイス、ハンガリー、インド、ルクセンブルク、フィリピン、スロバキア、フィンランド ဂျာမဏီ၊အမေရိကန်၊ဘယ်လ်ဂျီယံ၊ပြင်သစ်၊ကနေဒါ၊သြစတြေးလျ၊နယ်သာလန်၊ချက်သမ္မတနိုင်ငံ၊စပိန်၊အိုင်ယာလန်၊ဘရာဇီး၊ဆွစ်ဇာလန်၊ဟန်ဂေရီ၊အိန္ဒိယ၊လူဇင်ဘတ်၊ဖိလစ်ပိုင်၊စလိုဗက်ကီးယား၊ဖင်လန် 2.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ထုတ်ရန်လိုအပ်သောအချက်များ ◎ ဂျပန်နိုင်ငံသားမခံယူထားသူ ◎ အမျိုးသားပင်စင် (သို့) လူမှုဖူလုံ‌ရေးအာမခံ(ပူးပေါင်းကူညီမှုအဖွဲ့အစည်းအပါအဝင်)တွင် ၆လနှင့်အထက်အာမခံဝင်ထားသူ ◎ နှုတ်ထွက်ပင်စင်ရယူရန်အရည်ချင်းသတ်မှတ်ကာလ(အမျိုးသားပင်စင်သို့လူမှုဖူလုံရေးအာမခံအသင်းဝင်ကာလ၁၀နှစ်မပြည့်ရပါ)※ပင်စင်ရယူရန်ခံစားခွင့်အရည်ချင်းသတ်မှတ်ကာလ၁၀နှစ်နှင့်အထက်ရှိပါက၊အနာဂါတ်တွင်ဂျပန်သက်ကြီးပင်စင်ကိုလက်ခံရယူနိုင်သည့်အရည်ချင်းရှိသည့်အတွက်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ထုတ်ယူလို့မရပါ။ ◎ မသန်စွမ်းပင်စင်ရယူခဲ့ဖူးခြင်းမရှိသူ ◎ ဂျပန်နိုင်ငံတွင်နေရပ်လိပ်စာမရှိရပါ※မြို့နယ်၊ရပ်ကွက်၊ရွာများတွင်‌‌ ပြောင်းရွှေ့ထွက်ခွာခြင်းလျှောက်လွှာတင်ပြီးပါက၊အထူးပြည်ပြန်ဝင်ခွင့်ရရှိထားသူများဂျပန်မှထွက်ခွာပါကလျှောက်ထားနိုင်သော်လည်း၊ပြောင်းရွှေ့ထွက်ခွာခြင်းလျှောက်လွှာမတင်ထားပါကပြည်ပြန်ဝင်ခွင့်၊အထူးပြည်ပြန်ဝင်ခွင့်၏သက်တမ်းရှိနေသ၍အမျိုးသားပင်စင်ထမ်းဆောင်နေသူအဖြစ်သတ်မှတ်ထားသည့်အတွက်နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံခွင့်မရှိပါ။ ◎ အမျိုးသားပင်စင်အာမခံစာရင်းဝင်ရန်အရည်ချင်းပယ်ဖျက်ခံရချိန်မှစ၍ ၂နှစ်မကျော်လွန်ရပါ 3.လျှောက်လွှာတင်သည့်အခါသတိပြုရမည့်အချက်များ ◎  ပြည်ပသို့မထွက်ခွာခင်ဂျပန်ပြည်တွင်းမှလျှောက်လွှာတင်ပါက၊နေထိုင်ခွင့်ပြောင်းရွှေ့မည့်နေ့/ရက်နောက်ပိုင်းတွင်လျှောက်လွှာကိုဂျပန်ပင်စင်ဝန်ဆောင်မှုသို့တင်လျှောက်ပါ။(နှုတ်ထွက်ပင်စင်ပုတ်ပြတ်ငွေတောင်းခံရန်လျှောက်လွှာကိုဂျပန်ပင်စင်ဝန်ဆောင်မှုမှလက်ခံရရှိသည့်နေ့တွင်လျှောက်ထားသူသည်ဂျပန်တွင်လိပ်စာမရှိရန်လိုအပ်သည်။) ◎ စာတိုက်မှပို့ဆောင်ရာတွင်၊လျှောက်လွှာကိုပြောင်း‌ရွှေ့မည့်နေ့/ရက်နောက်ပိုင်း ၌ဂျပန်ပင်စင်ဝန်ဆောင်မှုသို့ရောက်ရှိရန်ချိန်ကိုက်၍ပို့ပါရန်။ 4.လိုအပ်သည့်စာရွက်စာတမ်းများ ① နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံလွှာ(အမျိုးသားပင်စင်/လူမှုဖူလုံရေးအာမခံ)နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းဆိုလွှာမှာဂျပန်နှင့်နိုင်ငံခြားဘာသာနှစ်မျိုးကိုရေးသားထားသည့်အတွက်အောက်ပါဘာသာစကားများဖြင့်လည်းဖော််ပြထားပါတယ်။ 英語/中国語/韓国語/ポルトガル語/スペイン語/インドネシア語/フィリピノ(タガログ)語/タイ語/ベトナム語/ミャンマー語/カンボジア語/ロシア語/ネパール語/モンゴル語 အင်္ဂလိပ်/တရုတ်/ကိုးရီးယား/ပေါ်တူဂီ/စပိန်/အင်ဒိုနီးရှား/ဖိလစ်ပိုင်/ထိုင်း/ဗီယက်နမ်/မြန်မာ/ကမ္ဘောဒီးယား/ရုရှား/နီပေါ/မွန်ဂိုရီးယား ဒေါင်းလုတ်ဆွဲရန်:နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေတောင်းခံလွှာနိုင်ငံခြားဘာသာ ② နိုင်ငံကူးလက်မှတ်မိတ္တူ(အမည်၊မွေးသက္ကရာဇ်၊နိုင်ငံသား၊လက်မှတ်၊နေထိုင်ခွင့်အရည်ချင်းကိုစစ်ဆေးနိုင်သည့်စာမျက်နှာ) ③ ဂျပန်ပြည်တွင်းနေရပ်လိပ်စာမရှိကြောင်းစစ်ဆေးနိုင်သောစာရွက်စာတမ်း(နေထိုင်ခွင့်ပယ်ဖျက်ထားကြောင်းစာရွက်မိတ္တူ)(ပြည်ပသို့မထွက်ခွာခင်မိမိနေထိုင်သောမြို့နယ်၊ရပ်ကွက်၊ရွာတွင်နေထိုင်ခွင့်ပြောင်းရွှေ့ကြောင်းလျှောက်ခဲ့ပါကနေထိုင်ခွင့်ဇယားဖျက်သိမ်းခြင်းသတင်းအချက်အလက်မှဂျပန်ပြည်တွင်းနေရပ်လိပ်စာပိုင်ဆိုင်မှုမရှိကြောင်းစစ်ဆေးနိုင်မည်ဖြစ်သောကြောင့်နေထိုင်ခွင့်ပယ်ဖျက်ထားကြောင်းစာရွက်မိတ္တူမလိုအပ်ပါ) ④ ကာယကံရှင်ဘဏ်အကောင့်「ဘဏ်အမည်」「ဘဏ်ခွဲအမည်」「ဘဏ်ခွဲတည်နေရာ」「ဘဏ်အကောင့်နံပါတ်」နှင့်「တောင်းခံသူကာယကံရှင်၏ဘဏ်အကောင့်အမည်」ဖြစ်ကြောင်းကိုတည်ပြုနိုင်သောစာရွက်စာတမ်း(ဘဏ်မှထုတ်ပေးသောသက်သေစာရွက်စာတမ်းများသို့မဟုတ်「ဘဏ်အထောက်အထား」ကော်လံမှတဆင့်ဘဏ်အထောက်အထားကိုရယူပါ။) ⑤ အမျိုးသားပင်စင်စာအုပ်၊ထို့အပြင်အခြေခံပင်စင်နံပါတ်ကိုအတည်ပြုနိုင်သောစာရွက်စာတမ်း※ကိုယ်စားလှယ်မှလျှောက်ထားပါက「委任状」ခေါ်  「ကိုယ်စားလှယ်လွှဲစာ」လိုအပ်ပါသည်။年金Q&A「代理人を通じて、脱退一時金の請求を行うことはできますか。」 Q&Aတွင်လည်းကြည့်နိုင်ပါသည်။ 5.ပေးချေငွေတွက်ချက်မှုအများဆုံးပမာဏ 2021ခုနှစ်4လပိုင်းမှစပြီး လပေါင်း36လ(3နှစ်)မှ လပေါင်း60(5နှစ်)သို့မြှင့်တင်ခဲ့ပါသည် သတိပြုရန်အချက်1:အမျိုးသားပင်စင်အာမခံကြေးပေးသွင်းမှုကာလများ(သို့)လူမှုဖူလုံရေးအာမခံနှင့်ပူပေါင်းကူညီမှုအဖွဲ့အစည်းများတွင်ထည့်ဝင်ခဲ့သောကာလစုစုပေါင်းသည် 2021ခုနှစ် မတ်လမတိုင်မှီကာလဖြစ်ပါက36လကိုအများဆုံးပမာဏအဖြစ်တွက်ချက်ပါမည်။ သတိပြုရန်အချက်2:2021ခုနှစ်ဧပြီလနောက်ပိုင်းတွင်လည်းပင်စင်ကြေးထည့်ဝင်ခဲ့သောကာလရှိပါက၊လပေါင်း 60ကိုအများဆုံးပမာဏအဖြစ်တွက်ချက်ပါမည်။ 6.နှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေအကြိမ်ကြိမ်တောင်းခံခြင်း အကြိမ်ကြိမ်ဂျပန်သို့လာရောက်၍ဂျပန်နိုင်ငံပင်စင်စနစ်တွင်စာရင်းဝင်ပေးသွင်းထားသောကာလပေါင်းသည် 61 လအထက်ရှိရန်အစီအစဥ်ရှိသောသူသည်စာရင်းပေးသွင်းထားသောလအရေအတွက်အတိုင်းနှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေကိုရယူလိုပါကနေထိုင်ခွင့်ကာလကုန်ဆုံး၍အမိနိုင်ငံပြန်သောအကြိမ်တိုင်းနှုတ်ထွက်ပင်စင်ပုတ်ပြတ်ပေးချေငွေလျှောက်ထားရန်လိုအပ်ပါသည်။  ဥပမာ1: ပင်စင်ကြေးထည့်ဝင်ခဲ့သောကာလ‌သည်2021ခုနှစ်4လပိုင်းနောက်တွင်လည်း၁လနှင့်အထက်ဆက်လက်ထည့်ဝင်ခဲ့ပါကနှုတ်ထွက်ပင်စင်ကြေး ပေးချေငွေတွက်ချက်မှုကို လပေါင်း 60အထိသတ်မှတ်ပါသည်။ […]

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ရယူရန်အတွက်

2022ခုနှစ်4လပိုင်း13ရက်၊Gifuစီရီနယ်စုkakamigaharaမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင်အလုပ်ဝင်နေသည့်တရုတ်လူမျိုး Weng Fei(35နှစ်)သည်၊ဂျပန်နိုင်ငံ၏ပထမဆုံးသောအထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိသွားသူဖြစ်သည်။ Weng Fei သည်ဆောက်လုပ်ရေးနယ်ပယ်၊ကွန်ကရစ်(ဖိအားပေး)တင်ခြင်းလုပ်ငန်းတွင်ကြီးကြပ်‌ရေးမှုးအဖြစ်သတ်မှတ်ထားသောလုပ်ငန်းအတွေ့ကြုံများကိုရယူခဲ့ပါတယ်၊စာမေးပွဲဖြေဆိုအောင်မြင်ပြီးနောက်တွင်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရည်မှန်းထားတဲ့သူတွေအတွက်ကတော့သတင်းကောင်းပဲဖြစ်ပါတယ်။ဒီနေ့ကတော့အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)နေထိုင်ခွင့်ကိုရရှိသွားခြင်းနဲ့ပတ်သက်တဲ့သတင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ 1.「အထူးကျွမ်းကျင်လုပ်သား」ဆိုသည်မှာ ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားများပို၍အလုပ်လုပ်လာနိုင်စေရန်အတွက်2019ခုနှစ်4လပိုင်းတွင်ချမှတ်ပေးလိုက်သောနေထိုင်ခွင့်ဖြစ်ပါသည်။အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)နှင့်နံပါတ်(၂)ဆိုပြီးနေထိုင်ခွင့်ဗီဇာ၂မျိုးရှိပါသည်။အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)သည် နံပါတ်(၁)ထက်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများလိုအပ်ပါသည်။ ယခုလက်ရှိအထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)ဖြင့်သူနာပြုစောင့်ရှောက်ရေးနှင့်အဆောက်အဦးသန့်ရှင်းရေးနယ်ပယ်စသောနယ်ပယ်၁၄မျိုးတွင်လုပ်ကိုင်လျက်ရှိသော်လည်း၊အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ဖြင့်လုပ်နိုင်သောနယ်ပယ်မှာဆောက်လုပ်ရေးနှင့်သင်္ဘောဆောက်ခြင်းလုပ်ငန်းနယ်ပယ်၂ခုသာရှိပါသေးသည်။ ※「特定技能」နှင့်ပတ်သက်ပြီးအသေးစိတ်ပိုမိုသိရှိလိုသူများJLEF SUPPORTဝက်ဘ်ဆိုဒ်ထဲမှ「အထူးကျွမ်းကျင်လုပ်သားလက်စွဲစာအုပ်」တွင်ဖတ်နိုင်ပါသည်။ 2・အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)၏အားသာချက် 3.အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ကိုရယူရန်လိုအပ်ချက်များ လုပ်ငန်းနယ်ပယ်နဲ့အမျိုးအစားပေါ်မူတည်ပြီးလိုအပ်ချက်များကွာခြားမှုရှိနိုင်သည့်အတွက်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ရယူလိုသူများသည်မိမိ၏ကုမ္ပဏီကိုသေချာမေးမြန်းကြည့်ပါ။ ယခုတခေါက်ကတော့‌ဆောက်လုပ်ရေးနယ်ပယ်ဖြစ်တဲ့ကွန်ကရစ်(ဖိအားပေး)တင်ခြင်းလုပ်ငန်းအတွက်အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)ရယူရန်လိုအပ်တဲ့အချက်ကိုပြောပြမှာဖြစ်ပါတယ်။ (1)ဖြေဆိုအောင်မြင်ရန်လိုအပ်သည့်စာမေးပွဲ အောက်ပါစာမေးပွဲအမျိုးအစား၂မျိုးထဲမှ တခုခုကိုဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။ ①「建設分野特定技能2号評価試験」 ဆောက်လုပ်ရေးနယ်ပယ်တွင်သတ်မှတ်ထား‌သောအထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)အကဲဖြတ်စစ်ဆေးခြင်းစာမေးပွဲ သို့မဟုတ် ②建設分野での「技能検定1級」 ဆောက်လုပ်ရေးနယ်ပယ်၏အရည်ချင်းစစ် အဆင့်၁ စာမေးပွဲ ကိုဖြေဆိုအောင်မြင်ရန်လိုအပ်ပါသည်။ စာမေးပွဲဖြေဆိုရန်လိုအပ်သောအရည်အချင်း:7နှစ်နှင့်အထက်လုပ်ငန်းအတွေ့ကြုံရှိရပါမည် ဥပမာ: နည်းပညာအလုပ်သင် ၃နှစ်+အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ၄နှစ် သို့မဟုတ် နည်းပညာအလုပ်သင် ၅နှစ်+အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ၂နှစ်ဆိုသည့် အတွေ့ကြုံများရှိပါကစာမေးပွဲဖြေဆိုနိုင်ပါသည်။ ※လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးလုပ်သက်တောင်းဆိုချက်ကွဲပြားနိုင်ပါသည်။ (2)လုပ်ငန်းအတွေ့ကြုံ 7နှစ်နှင့်အထက်(ရက်ပေါင်း 1505 ကြာ)လုပ်ငန်းအတွေ့ကြုံရှိရန်လိုအပ်သည့်အပြင်၊အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်1နှစ်နှင့်အထက်(ရက်ပေါင်း215ကြာ)အတွေ့ကြုံရှိရန်လိုအပ်ပါသည်။ 「အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်လုပ်ငန်းအတွေ့အကြုံ」ဆိုသည်မှာဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိဆောက်လုပ်ရေးပညာရှင်များကိုညွှန်ကြားရင်းအလုပ်တွင်ပါဝင်လုပ်ကိုင်ခြင်း၊အလုပ်များကိုစီမံခန့်ခွဲခြင်းကိုဆိုလိုပါသည်။အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်ဖြစ်လာရန်အတွက် 「အဖွဲ့ခေါင်းဆောင်・ဘေးကင်းလုံခြုံမှုနှင့်ဆိုင်သောတာဝန်ရှိသူအဖြစ်အသိပညာများ」ကိုမဖြစ်မနေသင်ယူရမည်ဖြစ်သည် (3)「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」၏အဆင့်3အရည်အချင်းကိုရယူခြင်း 「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」ဆိုသည်မှာဆောက်လုပ်ရေးပညာရှင်များ၏အရည်အချင်းများနှင့်အတွေ့အကြုံနှစ်များကိုစုဆောင်းထားသောဒေတာဘေ့စ်ကိုဆိုလိုပါသည်။လိုအပ်သောအချက်အလက်များကိုစာရင်းသွင်းရမည်ဖြစ်ပြီး၊ကျွမ်းကျင်မှုအကဲဖြတ်ခြင်းကိုခံယူပြီးနောက်အဆင့် 3(အဖွဲ့ခေါင်းဆောင်အဖြစ်လုပ်ငန်းခွင်တွင်ပါဝင်လုပ်ဆောင်နိုင်သောနည်းပညာရှင်)ကိုရယူရမည်ဖြစ်သည်။ ①အလုပ်လုပ်သည့်ရက်အရေအတွက် ②ပိုင်ဆိုင်ထားသည့်အရည်အချင်း ③အလုပ်သမားခေါင်း(သို့)အဖွဲ့ခေါင်းဆောင်အဖြစ်အတွေ့ကြုံရက်ပေါင်း တို့ဖြစ်ပါသည်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးအရည်ချင်းစစ်အကဲဖြတ်မှုစံနှုန်းများကိုသတ်မှတ်ထားသည့်အတွက်ကြောင့်မိမိနှင့်သက်ဆိုင်သောစွမ်းရည်အကဲဖြတ်စံနှုန်းများကိုအတည်ပြုစစ်ဆေးပါ။ အရည်ချင်းစစ်အကဲဖြတ်လျှောက်လွှာကိုလျှောက်တင်ရာတွင်စာရွက်စာတမ်းမြောက်များစွာလိုအပ်ပါသည်။လျှောက်လွှာစာရွက်စာတမ်းများနှင့်ပုံစံများမှာလည်းလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ကွဲပြားသောကြောင့်「建設キャリアアップシステムဆောက်လုပ်ရေးလုပ်ငန်းခွင်တိုးတက်ရေးစနစ်」သို့မဟုတ် […]

လစာထဲမှာပါတဲ့အကြောင်းအရာများ

အားလုံးပဲမင်္ဂလာပါ။ဂျပန်ရောက်ပြီးအလုပ်လုပ်နေတဲ့မောင်လေးညီမလေးတွေအတွက်လစာထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုသေချာသိပြီးကြပြီလား။ဒီနေ့လစာထဲမှာပါတဲ့「給料明細」အကြောင်းအရာအချက်အလက်လေးတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်။ ⒈ 給料明細လစာရှင်းတမ်းစာရွက်ဆိုတာ? လစာရှင်းတမ်းစာရွက်ဆိုတာကမိမိရဲ့လစာရရှိထားသည့်ငွေပမာဏ၊နှုတ်ထားတဲ့ပမာဏများကိုတွက်ချက်ထားပြီး၊ထိုစာရွက်ထဲတွင်ရေးသားဖော်ပြကာအသိပေးတဲ့စာရွက်ကိုဆိုလိုပါတယ်။ယ်။စာရွက်ထဲမှာကုမ္ပဏီမှပေးချေရမည့်လစာနှင့်ထောက်ပံ့ကြေးပမာဏများသာတင်မက၊ကျန်းမာရေးအာမခံနှင့်ဝင်ငွေခွန်စသည်တို့ကိုပါနှုတ်ထားပြီး၊အလုပ်ဆင်းသည့်အခြေအနေများကိုပါဖော်ပြထားပါသည်။ ⒉ လစာရှင်းတမ်းစာရွက်ထဲမှာဘာတွေရေးသားဖော်ပြထားလဲ? လစာရှင်းတမ်းစာရွက်ကိုဥပဒေမှပုံစံတသမှတ်တည်းသတ်မှတ်ထားခြင်းမရှိသည့်အတွက်၊ကုမ္ပဏီအပေါ်မူတည်ပြီးဒီဇိုင်းပုံစံနှင့်ရေးပုံရေးနည်းအနည်းငယ်ကွာခြားပါတယ်။ပါဝင်သည့် အကြောင်းအရာအများစုကအတူတူပါပဲ။  ⒊ 勤怠အလုပ်ချိန်ဆိုသည့်အထဲမှာဘယ်လိုအကြောင်းအရာပါလဲ? အလုပ်ချိန်ဆိုတဲ့အကြောင်းအရာထဲမှာ၊တလတာလုံးတွင်အလုပ်ဆင်းခဲ့သည့်ရက်၊အလုပ်ပျက်ရက်၊အချိန်ပိုတို့ကိုထည့်သွင်းရေးသားထားပါသည်။ထို့အပြင်「残業時間(時間外労働)」ခေါ်「အချိန်ပို(သတ်မှတ်ထားသောအလုပ်လုပ်ချိန်ထက်ပိုပြီးအလုပ်ဆင်းခြင်း)」နှင့်「休日勤務時間」「နားရက်တွင်အလုပ်ဆင်းခြင်း」စသည့်အကြောင်းအရာများကို‌ဖော်ပြထားပါသည်။ 所定就労日:စုစုပေါင်းမဖြစ်မနေအလုပ်ဆင်းရမည့်ရက် 出勤日数:အလုပ်ဆင်းခဲ့သည့်ရက်ပေါင်း 残業時間:အချိန်ပို 深夜時間:「ည၁၀နာရီမှမနက် ၅နာရီအတွင်းအလုပ်ဆင်းသည့်အချိန်」ညဆိုင်း 休日出勤時間:ပိတ်ရက်တွင်အလုပ်ဆင်းခြင်း ⒋ 支給額ပေးချေခြင်းဆိုသည့်အထဲမှာဘာ‌တွေပါလဲ? လစာရှင်းတမ်းစာရွက်ထဲတွင်အခြေခံလစာနှင့်အချိန်ပို၊ရထားခဆိုပြီးအမျိုးမျိုးသောအကြောင်းအရာများကိုရေးသားဖော်ပြထားပါသည်။ ⒌ 控除額နှုတ်ယူသောပမာဏဆိုတာဘာလဲ? လူမှုဖူလုံရေးအာမခံ၊ဝင်ငွေခွန်စသည့်မဖြစ်မနေနှုတ်ရမည့်အကြောင်းအရာများကိုဆိုလိုပါသည်။စုစုပေါင်းတွက်ချက်ထားသောလစာထဲမှထိုအကြောင်းအရာပါပမာဏများကိုနှုတ်ယူပါမည်။အသေးစိတ်အားဖြင့် ⒍ 差引支給額အသားတင်ကျန်သောပမာဏ? ဘဏ်အကောင့်ထဲသို့လွှဲလာသောငွေပမာဏ၊သို့မဟုတ်လက်ငင်းရရှိခဲ့သောပမာဏသည်တနည်းအားဖြင့် 「差引支給額」အသားတင်ကျန်ငွေဖြစ်သည်။ အသားတင်ကျန်ငွေ=စုစုပေါင်းရရှိသည့်ပမာဏ-နှုတ်ယူသောပမာဏ အကျဥ်းချုပ် ဂျပန်နိုင်ငံတွင်လစာမထုတ်ခင်လစာရှင်းတမ်းစာရွက်ကိုအရင်ပေးတဲ့ကုမ္ပဏီလည်းရှိပါတယ်။ထိုလစာစာရွက်ထဲမှအကြောင်းအရာများကိုသေချာနားလည်သဘောပေါက်ပြီး၊လစာတိုးပါကကြိုးစားချင်စိတ်များပိုရှိလာမယ်လို့ထင်ပါတယ်။ထို့အတွက်ကြောင့်ပိုပြီးကြိုးစားကြပါနော်။JLEFsupportကိုအမြဲကြည့်ရှုအားပေးကြတဲ့အတွက်အမြဲကျေးဇူးတင်လျက်ပါ။လစာရှင်းတမ်းစာရွက် ဗီဒီယိုကြည့်ရန်

အလုပ်လက်မဲ့ထောက်ပံ့ကြေးPart-2

Part -1မှာတော့အလုပ်လက်မဲ့ထောက်ပံ့ကြေးရယူဖို့အခြေခံအကြောင်းအရာနဲ့လိုအပ်ချက်တွေကိုရှင်းပြထားပေးပါတယ်နော်။ ဒီနေ့Part -2မှာတော့၊「အလုပ်လက်မဲ့ထောက်ပံ့မှုလက်ခံရရှိရန်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်」ကိုရှင်းပြမှာဖြစ်ပါတယ်။ ⒈ ထောက်ပံ့မှုရရှိရန်လိုအပ်သည့်အရာများ နေအိမ်နှင့်အနီးဆုံးHello Workသို့သွားပြီး「求職の申込み」၊「အလုပ်ရှာဖွေမှုလျှောက်လွှာတင်ခြင်း」လုပ်ထုံးလုပ်နည်းကိုလုပ်ဆောင်ပါ။အောက်ပါအချက်အလက်များမှာလိုအပ်သောစာရွက်စာတမ်းများဖြစ်လို့ကိုယ်နှင့်တပါးတည်းယူဆောင်သွားပါ။ ★ 離職票1အလုပ်ထွက်ထားကြောင်းကဒ်ပြား-1★ 離職票2အလုပ်ထွက်ထားကြောင်းကဒ်ပြား-2★ マイナンバーカードmy number card 【my number cardမရှိသေးတဲ့သူများသည်အောက်ပါစာရွက်စာတမ်းများယူဆောင်သွားပါ။ ・通知カード(ခေါ်)ကိုယ်ပိုင်နံပါတ်အကြောင်းကြားကဒ် (မူရင်း) သို့မဟုတ် ကိုယ်ပိုင်နံပါတ်‌ရေးသွင်းထားသောအိမ်ထောင်စုစာရွက်ကော်ပီ  ・ID(အမှန်တကယ်တည်ရှိမှု)အတည်ပြုနိုင်သောစာရွက်စာတမ်းများအဖြစ်အစိုးရရုံးမှထုတ်ပေးသောမှတ်ပုံတင်ကတ်:ဥပမာ ဇိုင်းလျူးကဒ်(နေထိုင်ခွင့်ကဒ်)၊ ပက်စပို့စသဖြင့်】 ★ ကာယကံရှင်၏တံဆိပ်တုံး★ ကာယကံရှင်နာမည်ပါငွေစုစာအုပ် သို့မဟုတ် ATMကဒ်★ ဓါတ်ပုံ ၂ပုံ:ဒေါင်လိုက် 3cm、အလျားလိုက် 2.5cm(လတ်တလောပုံ၊အရှေ့ခန္ဓာကိုယ်အပေါ်ပိုင်းပုံ) ⒉ ထောက်ပံ့မှုကိုလက်ခံရရှိရန်လုပ်ထုံးလုပ်နည်းအဆင့်ဆင့် https://jsite.mhlw.go.jp/tokyo-roudoukyoku/content/contents/000758895.pd *参考:東京ハローワークhttps://jsite.mhlw.go.jp/tokyo-hellowork/kakushu_jouhou/koyouhoken/koyouhoken/QA/kyuusyokusyakyuufu_QA.html ★ Hello Workသို့သွားပြီး「求職の申込み」အလုပ်ရှာဖွေမှုလျှောက်လွှာတင်ပြီး離職票/求職票の提出ကိုပါတင်ပြပါ။ ★ စောင့်ဆိုင်းကာလနှင့်အကျိုးခံစားခွင့်ကန့်သတ်ချက်  ・ကုမ္ပဏီမှအလုပ်ထုတ်ခြင်း၊စာချုပ်ကာလပြီးဆုံးခြင်းကြောင့်အလုပ်ထွက်သောသူများမှာအလုပ်ထွက်ထားကြောင်းကဒ်ပြားကိုတင်ပြပြီးအလုပ်ရှာဖွေမှုလျှောက်လွှာတင်ပါ။7ရက်ကြာအလုပ်လက်မဲ့ဖြစ်နေသည့်ရက်(စောင့်ဆိုင်းကာလ)ကျော်လွန်ပြီးနောက်တွင်ထောက်ပံ့မှုကိုစတင်မှာဖြစ်ပါတယ်။ ・မိမိအခြေအနေအရအလုပ်ထွက်ခြင်း၊အပြစ်ဒဏ်အရအလုပ်မှပယ်ထုတ်ခြင်းတို့ကြောင့်အလုပ်ထွက်ခဲ့ရသောသူများမှာအလုပ်ထွက်ထားကြောင်းကဒ်ပြားကိုတင်ပြပြီး၊အလုပ်ရှာဖွေမှုလျှောက်လွှာတင်ပြီးနောက်7ရက်ကြာအလုပ်လက်မဲ့ဖြစ်နေသည့်ရက်(စောင့်ဆိုင်းကာလ)+ 3လတာ(အကျိုးခံစားခွင့်ကန့်သတ်ချက်)‌ ကျော်လွန်ပြီးနောက်ထောက်ပံ့မှုကိုစတင်မှာဖြစ်ပါတယ်။ ・သို့ရာတွင်မိမိအခြေအနေအရအလုပ်ထွက်ရာတွင်လည်းအခြေအနေအကြောင်းအမျိုးမျိုးကြောင့်ထောက်ပံ့ကြေးခံစားခွင့်မရရှိနိုင်တာမျိုးလည်းရှိတတ်သည့်အတွက်ကြောင့်ဟဲလိုဝေ့ါခ်တွင်တိုင်ပင်ဆွေးနွေးဖို့အကြုံပြုပါရစေ။ ★ အလုပ်အာမခံရှင်းလင်းပွဲနှင့်အလုပ်လက်မဲ့ထောက်ခံချက်ပေးသည့်ရက်များကိုတက်ရောက်ရမည်ဖြစ်သည်။အကယ်လို့အကြောင်းအမျိုးမျိုးကြောင့်တက်ရောက်နိုင်ခြင်းမရှိပါက၊မပျက်မကွက်ဖုန်းဆက်အကြောင်းကြားပါ။အကြောင်းကြားမှုမရှိပဲတက်ရောက်ခြင်းပျက်ကွက်ခဲ့ပါက၊သတ်မှတ်ချက်အရအခြေခံထောက်ပံ့ကြေးကိုခံစားခွင့်မရှိပါ။ ★ ထောက်ခံချက်ပေးသည့်ရက်တိုင်း(‌ယေဘုယျစည်းမျဥ်းအနေဖြင့် 4ပတ်လျှင်1ကြိမ်)တွင်အလုပ်လက်မဲ့ထောက်ခံချက်တောင်းခံလွှာကိုတင်ပြပါ။ ★ထို့နောက်တပတ်အကြာလောက်တွင်ငွေလွှဲမှုများကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ ⒊ အလုပ်သစ်ပြန်ဝင်ရောက်ရာတွင်လုပ်ဆောင်ရမည့်လုပ်ထုံးလုပ်နည်းများ အသေးစိတ်ကိုတော့အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်(ဂျပန်ဘာသာဖြင့်) ▼「広域求職活動費」 と 「移転費」 のご案内https://www.mhlw.go.jp/file/06-Seisakujouhou-11600000-Shokugyouanteikyoku/0000190023.pdf  ▼再就職手当のご案内 […]

Scroll to top