အသိပေးခြင်း

「လုပ်ငန်းခွင်သုံးဂျပန်စကား」များအကြောင်း

ဂျပန်နိုင်ငံမှာအလုပ်လုပ်တော့မယ်ဆိုလျှင်၊ဂျပန်စာအရည်ချင်းကိုမြှင့်တင်ဖို့လိုအပ်ပါတယ်? ဖတ်စာအုပ် သို့မဟုတ် အွန်လိုင်းမှလေ့လာဆည်းပူးထားတဲ့ဂျပန်စကားများသည်နေ့စဥ်နေထိုင်မှုတွင်အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်သော်လည်းပဲ၊လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကားများကိုတော့သေချာနားလည်သဘောမပေါက်တဲ့အခါမျိုးရှိပါသလား? လုပ်ငန်းခွင်သုံးဂျပန်စကားနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့သောဆယ်မီနာသည်လုပ်ငန်းခွင်ရှိလုပ်ဖော်ကိုင်ဖက်နှင့်ဧည့်သည်များနှင့်စကားပြောဆိုရာမှာသဘာဝကျကျအဆင်ပြေချောမွေ့စွာပြောစေနိုင်ဖို့အဓိကအချက်များကိုပြောပြထားပါသည်။နောက်ပြီးဖုန်းဆက်တဲ့အခါ၊တောင်းပန်တဲ့အခါ၊ငြင်းဆိုတဲ့အခါများတွင်အသုံးပြုသောအသုံးနှုန်းများကိုလည်းရှင်းပြထားပါသည်။ဆယ်မီနာလေးကိုနားထောင်ပြီးနောက်လုပ်ငန်းခွင်မှာလည်းလက်တွေ့ကျကျအသုံးချနိုင်ကြပါစေ။ 動画内容  ① ကုမ္ပဏီတွင်း/ပြင်ပ တွင်အသုံးပြုသောနှုတ်ဆက်စကားများ 1:16~  ② အခြေခံကျသောယဥ်ယဥ်ကျေးကျေးအသုံးနှုန်းများ 3:00~  ③ ကူရှင်စကားလုံးများ 4:17~  ④ လုပ်ငန်းခွင်တွင်အခြေနေပေါ်မူတူပြီးမှတ်သားထားသင့်သည့်အသုံးနှုန်းများ 5:23~  ⑤ အလဘသလာဘပြောနည်းအကြံပြုချက်များ 12:35~ ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့အချက်များနှင့်First Impressionအကြောင်း

Business Mannerလို့ပြောလိုက်တာနဲ့ ဘာကိုသွားသတိရကြပါသလဲ? နှုတ်ဆက်ခြင်း၊ဖုန်း‌‌‌ပြောဆိုခြင်း၊ဧည့်သည်များကိုယဥ်ကျေးတဲ့အသုံးနှုန်းအသုံးပြုပြီးပြောဆိုခြင်း၊စသဖြင့်အမျိုးမျိုးရှိပေမဲ့လည်းBusiness Mannerဆိုတာလုပ်ငန်းခွင်မှာမရှိမဖြစ်လိုအပ်တဲ့ Mannerဖြစ်ပါတယ်။အလုပ်ရှာရာမှာဘယ်လောက်ပဲတော်တဲ့သူဖြစ်နေပါစေ၊အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့ကိုမသိတဲ့အတွက် အင်တာဗျူးမအောင်တဲ့သူလည်းရှိပါတယ်။ ထို့ကြောင့် Business Manner ကိုလေ့လာသိရှိထားပြီးအင်တာဗျူးမှာလက်တွေ့အသုံးချနိုင်ဖို့လေ့ကျင့်ထားကြရအောင်! ၁၇မိနစ်စာဗီဒီယို‌လေးထဲမှာ အင်တာဗျူးဖြေရာမှာသိထားသင့်တဲ့အခြေခံအပြုမူနဲ့အင်တာဗျူးအောင်ဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ First Impression ကိုဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုရှင်းပြထားတဲ့အတွက်နားထောင်ကြည့်နိုင်ပါတယ် 動画内容 ① Manner ဆိုသည်မှာ(1:10~) ② အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့ Business Manner နှင့် First Impressionကိုအဆုံးဖြတ်ပေးတဲ့အချက်များ    (3:08~)    တစ်ကိုယ်ရေတစ်ကာယသန့်ရှင်းသပ်ရပ်မှုနှင့်ပတ်သက်ပြီး(3:45~)    အသံနေအသံထားနှင့်ပတ်သက်ပြီး(9:48~)    စကားအသုံးနှုန်း၊အကြောင်းအရာများနှင့်ပတ်သက်ပြီး(11:25~) ③ အလုပ်ခန့်စေနိုင်တဲ့အကြောင်းရင်းများ(14:04~) ④ အလုပ်မခန့်တဲ့အကြောင်းရင်းများ(16:10~) ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

အလုပ်လျှောက်ရသည့်ရည်ရွယ်ချက်ရေးနည်းအကြောင်းသိချင်သူများအတွက်ဆယ်မီနာပြုလုပ်ခဲ့တဲ့ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်

အလုပ်ခန့်ဖို့အတွက်လူရွေးတဲ့အပိုင်းမှာ志望動機လို့‌ခေါ်တဲ့အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်ဟာအရမ်းကိုအရေးပါပါတယ် CVဖောင်နဲ့ဝင်ခွင့်စာရွက်စတဲ့အလုပ်လျှောက်တဲ့စာရွက်စာတမ်းတွေကိုထပ်တဲ့အခါ志望動機ကိုသေချာရေးနိုင်လိုက်တယ်ဆိုပေမဲ့လည်း၊အင်တာဗျူးမှာသေချာမဖြေကြားနိုင်တဲ့သူများပါတယ်။ ဂျပန်ဘာသာစွမ်းရည်မြင့်မားလို့ကောင်းမွန်တဲ့志望動機ကိုရေးနိုင်မယ်လို့မဆိုလိုပါဘူး။ ကုမ္ပဏီအကြောင်း၊မိမိအကြောင်းကိုသေချာနားလည်သ‌ဘောပေါက်မှသာလျှင်၊ဒီကုမ္ပဏီကိုလျှောက်ထားရတဲ့ရည်ရွယ်ချက်ကိုသေချာပြောပြနိုင်မှာဖြစ်ပါတယ်။ 志望動機ရေးရတာခက်လိုက်တာလို့ပြောတဲ့သူများပါတယ်။သို့ပေမဲ့အဓိကအချက်လေးတွေကိုသာသိထားမယ်ဆိုရင်ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့JLEF supportကနေဦးဆောင်ပြီးပြုလုပ်နေတဲ့志望動機の作り方အလုပ်လျှောက်ရသည့်ရည်ရွယ်ချက်ရေးနည်းဆယ်မီနာလေးကို 22မိနစ်ကြာတဲ့ဗီဒီယိုလေးပြုလုပ်ပြီးတင်ပေးလိုက်ပါတယ်။အလုပ်အင်တာဗျူးအောင်ဖို့သိထားသင့်တဲ့အချက်တွေကိုဒီဗီဒီယိုလေးကြည့်ခြင်းအားဖြင့်နားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ 【動画の内容】   ① ကုမ္ပဏီအကြောင်းကိုသိအောင်ပြုလုပ်ခြင်း   (1:22~)   ② မိမိအကြောင်းကိုသိအောင်ပြုလုပ်ခြင်း   (6:10~)   ③ အကျိုးသက်ရောက်မှုရှိစေနိုင်မဲ့志望動機ရေးနည်း (17:30~) ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

CVဖောင်ရေးနည်း

CVဖောင်သည်အလုပ်ရှာဖွေရာမှာအရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။ထို့ကြောင့်CVဖောင်ရေးသားရာမှာ သိထားသင့်သည့်အချက်များကိုအကျဥ်းချုံ့ပြီးပြောပြပေးပါမယ် 1.CVဖောင်ရဲ့Format ပထမဦးဆုံးအနေနဲ့ 「CVဖောင်ရဲ့Format ရွေးချယ်နည်း」ကိုပြောပြပေးပါမယ်။ဘယ်လို CVဖောင်Formatကိုရွေးချယ်ရမလဲဆိုပြီးတွေဝေတတ်ကြတဲ့သူများပါတယ်။CVဖောင်Formatကအမျိုးမျိုးရှိပါတယ်။‌ကျောင်းကပြုလုပ်ပေးတဲ့CVဖောင်Formatရှိသလို၊ကုမ္ပဏီကသတ်မှတ်ထားတဲ့သီးသန့်CVဖောင်Formatဆိုပြီးလည်းရှိပါတယ်။အကယ်လို့CVဖောင်Formatသတ်မှတ်ထားခြင်းမရှိဘူးဆိုရင် သာမာန်CVဖောင်Formatကိုအသုံးပြုလို့ရပါတယ်။အောက်ကလင့်ခ်မှတဆင့်ဒေါင်းလုတ်ဆွဲပြီးရယူနိုင်ပါတယ်။ 履歴書【標準】履歴書【特定技能】履歴書【サンプル】 2.CVဖောင်ရေးနည်း CVဖောင်Formatကိုဆုံးဖြတ်ပြီးသွားပြီဆိုရင်「 CVဖောင်ရေးနည်း」ကိုပြောပြပေးပါမယ်။ကိုယ်ရေးအချက်လက်များကိုဖြည့်ရာမှာပုံမှန်အားဖြင့် ကွန်ပျူတာဖြင့်ဖြည့်ရတာဖြစ်ပြီး၊လက်ရေးနဲ့ဖြည့်တဲ့အခါမျိုးလည်းရှိပါတယ်။အကယ်လို့လက်ရေးနဲ့ဖြည့်မယ်ဆိုရင်သိထားရမဲ့အချက်တွေက‌တော့❄အချက်လက်များမှားခဲ့တဲ့အခါမှင်ဖျက်ဆေးနဲ့ဖြတ်တာမျိုး၊မျဥ်း၂ကြောင်းခြစ်ပြီးအမှားပြင်တာမျိုးလုံးဝမလုပ်ရပါ။အသစ်ပြန်ရေးပါ။❄မှင်အနက်ကိုအသုံးပြုပါ (ခဲတံ၊ခဲသားဖောင်တိန်၊ဖျက်လို့ရတဲ့မှင်များကိုအသုံးမပြုပါနဲ့) 3.CVဖောင်ဖြည့်ရာတွင်မှားလွယ်သောအချက်များ CVဖောင်ဖြည့်ရာတွင်「မှားလွယ်သောအချက်များ」ကိုစုစည်းလိုက်ပါတယ်                ①ဖောင်တင်သည့်ရက်စွဲကိုဖြည့်ပါ※အင်တာဗျူးဖြေဖို့သွားရာမှာCVဖောင်ကိုယူသွားရမယ်ဆိုရင်အင်တာဗျူးဖြေမဲ့နေ့ကိုရေးပါ※စာတိုက်ကနေပို့ရမယ်ဆိုရင်စာတိုက်ထဲကိုထည့်တဲ့နေ့ကိုဖြည့်ပေးပါ ②နာမည်ကိုအင်္ဂလိပ်စာလုံး(တရုတ်လူမျိုးများကခန်းဂျီး)၊Katakanaဖြင့်ဖြည့်ပေးပါLast Name・First Name ဆိုပြီးအစဥ်လိုက်ဖြည့်ပါ(ကျွန်တော်တို့မြန်မာလူမျိုးနာမည်မှာမျိုးရိုးမရှိလို့နာမည်ကိုအပြည့်စုံဖြည့်ပေးရုံပါ) ③ふりがなလို့ရေးထားတဲ့အကွက်မှာနာမည်ကိုHiraganaဖြင့်ဖြည့်ပေးပါ※フリガナလို့ရေးထားပါက နာမည်ကို Katakanaဖြင့်ဖြည့်ပေးပါ ④မွေးသက္ကရာဇ်ဖြည့်ပါ ⑤ကျား/မ (မဖြည့်လည်းရပေမဲ့၊ဖြည့်တာပိုကောင်းပါတယ်) ⑥လိပ်စာ(စာတိုက်သေတ္တာမှစပြီးဖြည့်ပါ) ⑦လိပ်စာကိုふりがな(ひらがな)ဖြင့်ဖြည့်ပါ※နံပါတ်၊ကိန်းဂဏန်းများဖြည့်ရန်မလိုပါ ⑧ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ် ⑨အီးမေးလ်ဖြည့်ဖို့အကွက်မပါခဲ့ရင် လွတ်နေတဲ့နေရာမှာ 「メールアドレス:        」ဆိုပြီးရေးဖြည့်လို့ရပါတယ် ⑩သက္ကရာဇ်တွေကိုဖြည့်ရာမှာ အင်္ဂလိပ်(သို့)ဂျပန်သက္ကရာဇ် ပုံစံတစ်မျိုးတည်းကိုပဲအသုံးပြုပြီးဖြည့်ပေးပါ(ဖောင်တင်သည့်ရက်စွဲ၊မွေးသက္ကရာဇ်၊ကျောင်းတက်သည့်နှစ်၊အောင်လက်မှတ်ရရှိသည့်နှစ် စတဲ့သက္ကရာဇ်) ⑪အတန်းပညာအရည်ချင်း-မိမိနိုင်ငံတွင်နောက်ဆုံးတက်ရောက်အောင်မြင်ခဲ့သည့်ပညာအရည်ချင်းနှင့်ခုနှစ်ကိုဖြည့်ပါ ⑫ဖြေဆိုအောင်မြင်ထားသောအရည်ချင်း/အောင်လက်မှတ်များ(ဖြေဆိုဖို့ရှိသောစာမေးပွဲများကိုလည်းဖြည့်ရေးနိုင်ပါတယ်) ⑬လျှောက်ရတဲ့ရည်ရွယ်ချက်(ဘာကြောင့်ဒီကုမ္ပဏီကိုလျှောက်ရတာလဲဆိုတဲ့အကြောင်းပြချက်များကိုရေးပါ)×ကုမ္ပဏီကနီးတဲ့အတွက်၊လစာများတဲ့အတွက်ကြောင့်….စတဲ့၊ဒီကုမ္ပဏီမှာမလျှောက်လည်းအဆင်ပြေတဲ့ရည်ရွယ်ချက်မျိုးကိုရေးလို့မရပါ ⑭မိမိကိုယ်ကိုအမွှမ်းတင်ပြောခြင်း၊တတ်နိုင်သမျှအသေးစိတ်ရေးတာပိုကောင်းပါတယ်(မိမိရဲ့အားသာချက်ကိုအသုံးချပြီး၊ကောင်းမွန်တဲ့ရလဒ်ကိုရရှိခဲ့တဲ့အတွေ့ကြုံတွေကိုရေးတာပိုကောင်းပါတယ်) ⑮ဆန္ဒ/မျှော်မှန်းခြင်း စတာတွေမရှိပါက 「特になし」「貴社の規定に従います」「御社規定に準じます」လို့ရေးပါ ⑯ဓါတ်ပုံ※ ဆိုဒ်ကCVဖောင်ထဲမှာသတ်မှတ်ထားတဲ့အတိုင်းကပ်ပါ(သာမာန်ဆိုဒ် အလျား 24~30㎜ အနံ 36~40㎜)※ ၃လအတွင်းရိုက်ထားခြင်း※ Suitဝတ်စုံဖြင့်ရိုက်ပါ※ နောက်ခံ အဖြူ၊ခဲ၊အပြာထားပြီးရိုက်ပါ※ ဓါတ်ပုံနောက်ကျောမှာနာမည်ရေးပါ CVဖောင်သည်အလုပ်ရရှိနိုင်ဖို့အတွက်အထောက်ကူပေးသောအရေးကြီးစာရွက်စာတမ်းဖြစ်ပါတယ်။အချက်အလက်များမှားနေတာမျိုးမဖြစ်အောင်မိမိယုံကြည်ရတဲ့သူကိုစစ်ခိုင်းပါ။    ကိုယ်တိုင်လည်းအချက်လက်များကိုစစ်ကြည့်ပါ။ဘာတွေစစ်ရမလဲမသိရင်အောက်ကဖိုင်ကိုဒေါင်းလုတ်ဆွဲပြီးနမူနာကြည့်ပါ။履歴書【チェックリスト】日本語履歴書【チェックリスト】ミャンマー語 ကျွန်တော်တို့ JLEF support မှာဆိုရင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတစ်ဦးချင်းဆီဆွေးနွေးမှုများကိုပြုလုပ်ပေးလျက်ရှိပါတယ်။တစ်ယောက်ကိုမိနစ်၃၀ခန့် […]

「CVဖောင်ရေးနည်းဆယ်မီနာလေးကိုဗီဒီယိုပြုလုပ်ပြီးမျှဝေလိုက်ပါတယ်」

ကျွန်တော်တို့ JLEF supportသည် ဂျပန်မှာအလုပ်လုပ်လိုတဲ့နိုင်ငံခြားသားများအတွက်အထောက်ကူပြုနိုင်တဲ့အကြောင်းရာများကိုမျှဝေလျက်ရှိပါတယ်။ ဒီနေ့က‌တော့「履歴書の書き方についてのセミナー」CVဖောင်ရေးနည်းနဲ့ပတ်သက်ပြီးပြောပြထားတဲ့ဆယ်မီနာRecording ကိုအားလုံးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်နော်။ ဂျပန်မှာအလုပ်ရှာဖို့အတွက်လှုပ်ရှားမှုကိုပြုလုပ်ရာမှာCVဖောင်ကိုအလေးထားကြပါတယ်။CVဖောင်က အင်တာဗျူးဖြေခွင့်ရမရကိုအဆုံးဖြတ်ပေးတာများပါတယ်။ ယခုဆယ်မီနာမှာတော့CVဖောင်နဲ့ပတ်သက်ပြီးသိထားသင့်တဲ့အကြောင်းအရာ၊အင်တာဗျူးဖြေဆိုနိုင်ခွင့်ရဖို့CVဖောင်ရေးနည်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 【ဗီဒီယိုအကြောင်းအရာများ】  ① CVဖောင်နှင့်ပတ်သက်သောဉာဏ်စမ်းပဟေဠိ(1:00~)  ② CVဖောင်ရေးရာမှာမှားတတ်သောအချက်များ (15:00~)  ③ CVဖောင်မှာကပ်သောဓါတ်ပုံနှင့်ပတ်သက်ပြီး(24:00~)  ④ အောင်လက်မှတ်၊အရည်ချင်းနှင့်ပတ်သက်ပြီး(30:40~)  ⑤ အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်နှင့်မိမိအားသာချက်များအကြောင်း          (32:45~)  ⑥ CVဖောင်ရေးရာမှာအရေးကြီးဆုံးအချက်(36:23~) ဗီဒီယိုကတော့တရုတ်၊မြန်မာ၊ဗီယက်နမ်စာတန်းထိုးများရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら ※CVဖောင် Format လိုချင်သူများအတွက်အောက်ပါလင့်ခ်မှတဆင့်ဒေါင်းလုတ်ဆွဲပါ   特定技能用 履歴書   一般的な履歴書   特定技能用 履歴書【ミャンマー語説明】

「တိုခုတဲအိဂီနော စားသောက်ကုန်/စားသောက်ဆိုင်ဖြေချင်သူများအတွက်ဆယ်မီနာ」

ကျွန်တော်တို့ JLEF supportမှအလုပ်ရှာဖွေခြင်းလှုပ်ရှားမှုကိုပြုလုပ်နေသူများအတွက်လစဥ်ဆယ်မီနာပြုလုပ်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ရက်ကပြုလုပ်ခဲ့တဲ့ တိုခုတဲအိဂီနော စားသောက်ကုန်/စားသောက်ဆိုင်ဖြေချင်သူများအတွက်ဆယ်မီနာ နဲ့ပတ်သက်ပြီးဗီဒီယို‌လေးကိုအားလုံးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်! ဆယ်မီနာအကြောင်းရာကတော့တိုခုတဲအိဂီနောစားသောက်ကုန်/စားသောက်ဆိုင်နဲ့ပတ်သက်တဲ့စာ‌မေးပွဲအကြောင်းရာများ၊ဖတ်စာအုပ်ရယူနိုင်တဲ့လင့်ခ်များကိုလမ်းညွှန်ပေးထားပါတယ်။နောက်ပြီးစာမေးပွဲကိုဖောင်တင်ရာမှာသိထားသင့်တဲ့သတိပြုရမဲ့အချက်များလည်းပါဝင်ပါတယ်။ စာမေးပွဲကိုဖြေချင်သူများသာမက၊တိုခုတဲအိစားသောက်ဆိုင်/စားသောက်ကုန်ကိုစိတ်ဝင်စားသူများအတွက်လည်းအသုံးဝင်ပါတယ်။ ဗီဒီယိုအကြောင်းရာ ① တိုခုတဲအိဂီနောဆိုသည်မှာ   (1:09~) ② တိုခုတဲအိဂီနောစာမေးပွဲနှင့်ပတ်သက်သော    စာမေးပွဲအနှစ်ချုပ်       (6:25~)   စာမေးပွဲအကြောင်းအရာများ   (စားသောက်ကုန်9:00~ စားသောက်ဆိုင်18:05~)   စာမေးပွဲဖြေဆိုရန်အဆင့်ဆင့်နှင့်သတိပြုရမည့်အချက်များ   (28:52~) ③ စားသောက်ကုန်/စားသောက်ဆိုင်အလုပ်ရှာဖွေနေသူများအတွက်(35:57~) ※ယခုဗီဒီယိုသည်2023年9月~10月တွင်စာမေးပွဲဖြေဆိုသူများအတွက်ရည်ရွယ်ပြီးပြုလုပ်ထားခြင်းဖြစ်လို့ဖောင်တင်တဲ့ရက်များအနည်းငယ်လွဲနိုင်ပါတယ်။ ဆယ်မီနာကိုဂျပန်ဘာသာစကားဖြင့်ရှင်းပြထားပေမဲ့လည်းတရုတ်၊မြန်မာ၊ဗီယက်နမ် စာတမ်းထိုးထားသောဗီဒီယိုများလည်းရှိပါတယ်။  日本語:こちら  中国語:こちら  ミャンマー語:こちら  ベトナム語:こちら ※※2023ခုနှစ်7လပိုင်းကုန်နေ့အထိရရှိထားသောသတင်းဖြစ်ပါသည်။သတင်းအချက်အလက်အသစ်များကိုသက်ဆိုင်ရာဟုမ်းပေ့ချ်တွင်ဝင်ရောက်ကြည့်ပါရန်။

အပြုံးပြိုင်ပွဲတွင်ဆုရယူသူများနှင့်အင်တာဗျူးခြင်း

2022နှစ်တွင်ကျင်းပခဲ့သော『အပြုံးပြိုင်ပွဲ』တွင်ထူးချွန်ဆုများရရှိခဲ့သောသူများရဲ့ကျောင်းနှင့်အဖွဲ့အစည်းများကိုတွေ့ဆုံမေးမြန်းဖို့အခွင့်ရေးကိုရရှိခဲ့ပြီးမိတ်ဆက်ဗီဒီယိုလေးကိုပြုလုပ်ခဲ့ပါတယ် ※『အပြုံးပြိုင်ပွဲ』ဆိုသည်မှာဂျပန်မှာအလုပ်လုပ်ရင်း(သို့)ကျောင်းတက်ရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနေတဲ့နိုင်ငံခြားသားများရဲ့ပြုံးပျော်နေသောဓါတ်ပုံများကိုမိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့ပြီး၊ဓါတ်ပုံများကို2022ခုနှစ်6လပိုင်း~8လပိုင်းအထိစုဆောင်းခဲ့ပါတယ်။ဂျပန်နိုင်ငံတဝှမ်းမှဓါတ်ပုံများကိုပေးပို့ခဲ့သောတစ်ဦးတစ်ယောက်ချင်းစီအားကျေးဇူးအထူးပင်တင်ရှိပါသည်။ エピソード賞 ဆုလက်ရာများ エピソード賞 ဆုလက်ရာများ ဆုရရှိသူ:トゥンさんတက်ရောက်နေသော「FPTဂျပန်စာသင်တန်းကျောင်း」သို့သွားရောက်ပြီးအင်တာဗျူးခဲ့ပါတယ်။ トゥンさんသည်FPT Japan Holdingတွင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းဂျပန်စာကိုသင်ယူလျက်ရှိပါတယ်။ FPT Japan Holding ဆိုသည်မှာ ဂျပန်လက်အောက်ခံကုမ္ပဏီခွဲဖြစ်ပြီးဗီယက်နက်ITကုမ္ပဏီ ဖြစ်ပါတယ်။ 「FPTဂျပန်စာသင်တန်းကြောင်း」၏ထူးခြားချက်များမှာ ・ITအင်ဂျင်နီယာများအားသင်တန်းဆင်းထားသည့်အတွေ့ကြုံများကိုလက်တွေ့အသုံးချနိုင်သည့်ပညာရေးပရိုဂရမ်များဖြင့်သင်ကြားပေးခြင်း ・မိမိနိုင်ငံတွင်လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် အထူးပြုဘာသာရပ်များကို လေ့လာထားသောကျောင်းသူ/သားအများအပြားရှိခြင်း ကုမ္ပဏီများအတွက်အလားအလာရှိမည့်လူသားအရင်းအမြစ်တွေကိုမွေးထုတ်ပေးပြီး၊ ဂျပန်နိုင်ငံမှာ တက်ကြွစွာပါဝင်လှုပ်ရှားနိုင်မဲ့လူ့စွမ်းအားအရင်းအမြစ်များဖြစ်စေလိုသောကျောင်းရဲ့ရည်မှန်းချက်များကိုအင်တာ‌ဗျူးမှတဆင့်သိရှိခဲ့ရပါတယ် FPTဂျပန်စာသင်တန်းကျောင်း၏မိတ်ဆက်ဗီဒီယိုကြည့်ရန် FPTဂျပန်စာသင်တန်းကျောင်း၏ဟုမ်းပေ့ချ်  ဆုရရှိသူ:ひろにゃん さん ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့「LIFE VISIONအဖွဲ့အစည်း」ကိုအင်တာဗျုးခွင့်ရရှိခဲ့ပါတယ်။ အလုပ်သင်များကိုအင်တာဗျူးနေသောပုံရိပ်များ….. 「LIFE VISIONအဖွဲ့အစည်း」သည်နည်းပညာအလုပ်သင်နှင့်အထူးကျွမ်းကျင်လုပ်သားများကိုလက်ခံလျက်ရှိပြီးနှစ်ပေါင်း၂၀ကျော်တိုင်အောင်မြင်မှုရလဒ်များရှိပါတယ်။ ကုမ္ပဏီများနှင့် လူ့စွမ်းအားအရင်းအမြစ်များအား Well – being သာယာဝပြောစေရန်အတွက်၊အဖွဲ့အစည်းရဲ့ရည်မှန်းချက်မှာဂျပန်နိုင်ငံတွင်ပထမဆုံးသော「အကောင်းဆုံးသောအရည်အသွေး၊အကောင်းဆုံးသောစိတ်ကျေနပ်မှုနှင့် ပိုမိုကျယ်ပြန့်သောအခွင့်လမ်း」အသီးသီးကိုအကောင်ထည်ဖော်ရန်ဖြစ်သည်။ သင်တန်းကာပြီးဆုံး၍အမိနိုင်ငံသို့ပြန်သွားကြသည့်နိုင်ငံခြားသားအလုပ်သင်များနှင့်လည်းမိသားစုဝင်သဖွယ်အဆက်သွယ်မပြတ်ရှိနေပြီး၊အင်တာဗျူးမှတဆင့်လည်းLIFE VISIONအဖွဲ့အစည်းရဲ့နွေးထွေးမှုတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။ LIFE VISIONအဖွဲအစည်း၏မိတ်ဆက်ဗီဒီယိုကိုကြည့်ရန် LIFE VISIONအဖွဲ့အစည်း၏ဟုမ်းပေ့ချ် ယခုလိုအင်တာဗျူးအတွက်ပူးပေါင်းပါဝင်ပေးသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။ဆုမရရှိသော်လည်း Smile Contestတွင်ပါဝင်ပေးခဲ့ကြသောသူများကိုလည်းကျေးဇူးတင်ပါတယ်။ <စုံစမ်းမေးမြန်းရန်> 主催:一般財団法人Japan Leading Edge Foundation(通称:JLEF財団)電話番号:03-6206-1180メール:info@jlef.jp 

JLPTစာ‌မေးပွဲဖောင်များ4လပိုင်း14ရက်17နာရီအထိသာလျှင်!

2023ခုနှစ်ပထမအကြိ မ်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို2023ခုနှစ်7လပိုင်း 2ရက် (တနင်္ဂနွေ) မှာကျင်းပမှာဖြစ်ပါတယ်။ ဖောင်တင်လို့ရတဲ့နေ့ကတော့2023ခုနှစ်3လပိုင်း24ရက်နေ့(သောကြာ)~ 2023ခုနှစ်4လပိုင်း14ရက်(သောကြာ)17နာရီနောက်ဆုံးထားပြီးဖောင်တင်ရမှာဖြစ်ပါတယ်။ဖောင်ပိတ်ရက်နီးလာလေလေဖောင်တင်တဲ့သူများလာတဲ့အတွက်နှောင့်နှေးမှုများရှိနိုင်လို့ကြိုတင်‌ဖောင်တင်ထားဖို့တိုက်တွန်းလိုက်ပါတယ်နော်။ စာမေးပွဲကြေး 7,500円(အခွန်ပါပြီး) ဖောင်တင်ရန် JLPTလင့်ခ် ကိုနှိပ်ပါ။ ဖောင်တင်ရာမှာ MyJLPT IDဆိုတာလိုအပ်ပါတယ်၊မရှိတဲ့သူများကြိုတင်လျှောက်ထားနိုင်ပါတယ်။ MyJLPT IDလုပ်ချင်သူများ၊ဖောင်တင်ချင်သူများနှင့်စာမေးပွဲသွင်းချင်သူများအတွက်အောက်ပါဗီဒီယိုကိုကြည့်ပါ။ JLPTအကောင့်ပြုလုပ်နည်း၊ဖောင်တင်နည်း၊စာမေးပွဲကြေးသွင်းနည်း စာမေးပွဲဖြေဖို့စာရွက်တွေကို 2023ခုနှစ် 6လပိုင်း 16ရက်(သောကြာ)နေ့မတိုင်ခင်ပို့ပေးမှာဖြစ်ပါတယ် JLPTအကြောင်းစုံသိရှိလိုပါက「ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်း」ထဲမှာဝင်ကြည့်နိုင်ပါတယ်

12ကြိမ်မြောက်နီပေါပွဲတော်【2022】in Nakano Shikinomoriပန်းခြံတွင်ကျင်းပခြင်

အားလုံးပဲမင်္ဂလာပါ။ဒီတခေါက်နီပေါပွဲတော်ကိုဝင်ရောက်ဆင်နွှဲခဲ့တဲ့အကြောင်းလေးကိုပြောပြပါမယ်နော်။ ဒါနဲ့စကားမစပ်၊နီပေါရဲ့နိုင်ငံတော်အလံဟာကမ္ဘော‌ပေါ်မှာတစ်ခုတည်းသောတြိဂံပုံစံအလံဖြစ်တယ်ဆိုတာသိပြီးပြီလား? အလံပေါ်မှာပါတဲ့အနီရောင်သည်နီပေါ်နိုင်ငံရဲ့ကိုကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး၊နိုင်ငံသားရဲ့ရဲရင့်မှုကိုဖော်ပြပြီး၊အပြာရောင်ဘောင်အကွပ်သည်ငြိမ်းချမ်းခြင်းကိုကိုယ်စားပြုပါတယ်။တြိဂံ၂ခုမှာဟိမဝန္တာတောင်ရဲ့တောင်တန်းများကိုကိုယ်စားပြုပြီး၊အဓိကဘာသာကြီး၂ခုဖြစ်တဲ့ဟိန္ဒူဘာသာနှင့်ဗုဒ္ဓဘာသာကိုကိုယ်စားပြုပါတယ်။အလံထဲမှာရေးဆွဲထားတဲ့လနှင့်နေတို့သည်ဤနိုင်ငံကိုလနှင့်နေမင်းကဲ့သို့ဆက်လက်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒကိုကိုယ်စားပြုသည်ဟုဆိုကြပါသည်။ နိုင်ငံတိုင်းရဲ့အလံမှာသူ့ရည်ရွယ်ချက်နဲ့အဓိပ္ပါယ်ကိုယ်ဆီရှိပေမဲ့နီပေါနိုင်ငံရဲ့အလံဟာအဓိပ္ပါယ်နက်ရှိုင်းတယ်လို့ခံစားမိပါတယ်။ ဆက်လက်ပြီးနီ‌ပေါပွဲတော်လေးကိုမိတ်ဆက်ပေးပါမယ်။ ၂၀၂၂ခုနှစ်၇လပိုင်း၃၀ရက်နဲ့၃၁ရက်မှာNakano Shikinomoriပန်းခြံမှာ ၃နှစ်တွင်းပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။ နီပေါနိုင်ငံရဲ့အနုပညာ၊ယဥ်ကျေးမှုနှင့်ရိုးရာဝတ်စုံများကဲ့သို့သောအစဥ်လာဓလေ့ထုံးတမ်းများကိုပိုမိုသိရှိစေရန်၊နီပေါဟင်းလျာများရောင်းချခြင်း၊သီချင်းများနှင့်ရိုးရာအကများအပြင်နီပေါဂီတတူရိယာဖြင့်တိုက်ရိုက်ဖျော်ဖြေမှုများကိုခန်းမတွင်ပြုလုပ်ခဲ့ကြပါသည်။ နေသာသောနွေရာသီဖြစ်သည့်အပြင်၊ပြင်ပအပူချိန်သည်တော်တော်မြင့်မားခဲ့သော်လည်းခန်းမထဲမှာတော့နီပေါနိုင်ငံရဲ့ရိုးရာဓလေ့များကိုပျော်မွေ့ချင်သောသူများ၏စိတ်အားထက်သန်မှုကိုအတိုင်းသားတွေ့မြင်နေရပါတယ်။ န်တော်တို့ JLEFအဖွဲ့မှလည်းပန်းခြံဝင်ပေါက်မှာမြေပုံများဝေခြင်းလမ်းညွှန်ပေးခြင်းများကိုပြုလုပ်ခဲ့ပါတယ်။ လာရောက်ကြသောဧည့်သည်တော်များသည်ကျွန်တော်တို့JLEFအဖွဲ့မှပံ့ပိုးကူညီမှုကိုသိရှိစေခြင်း၊ထို့အပြင်ကျွန်တော်တို့သည်လည်းနီ‌ပေါအကြောင်းနှင့်ပတ်သက်ပြီးပိုမိုသိရှိနိုင်ခြင်းဖြင့်တန်ဖိုးရှိသောအချိန်များကိုဖြတ်သန်းခွင့်ရခဲ့ပါတယ်။ ယခုလိုအခွင့်အရေးပေးခဲ့သောနီ‌ပေါသံရုံးနှင့်တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။ ဗီဒီယိုကြည့်လိုသူများအတွက်

တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်အလက်စင်တာBus Terminal Shinjukuမိတ်ဆက်ခြင်း!!

ဂျပန်နိုင်ငံသည်ကမ္ဘာပေါ်တွင်အလုံခြုံဆုံးလို့လည်းဆိုကြပါတယ်။တိုကျိုသည်မြို့ကြီးတစ်မြို့ဖြစ်သော်လည်းခါးပိုက်နှိုက်နှင့်အလစ်သုတ်ခံရခြင်းမရှိသလောက်ရှားပြီး၊ညသန်းခေါင်မှာအမျိုးသမီးတစ်ဦးတည်းအပြင်သွားလည်းလုံခြုံမှုရှိပါတယ်။နောက်ပြီးပြုတ်ကျပစ္စည်းနဲ့မေ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလည်းပြန်ရနိုင်ဖို့ရာခိုင်နှုန်းများပါတယ်။နိုင်ငံခြားသားခရီးသွားဧည့်သည်များသည်ဂျပန်နိုင်ငံကိုအလည်လာဖို့ရွေးချယ်တဲ့အကြောင်းရင်းထဲကတစ်ခုလည်းဖြစ်ပါတယ်။ လုံခြုံရေးအပြင်တိုကျိုမြို့နဲ့ပတ်သက်ပြီးကောင်းတဲ့အချက်တွေအများကြီးရှိပြီး၊နာမည်ကြီးလည်ပတ်စရာနေရာလည်းအများအပြားရှိပါတယ်။မိုးမျှော်တိုက်များ၊သမိုင်းဝင်ဘုရားကျောင်းများ၊နတ်ကွန်းများ၊ပြတိုက်များအပြင်သဘာဝများနှင့်ပြည့်နှက်နေသောတောင်တန်းများသည်လည်းအရမ်းဆွဲဆောင်မှုရှိပါသည်။အဆင်ပြေစွာချောချောမွေ့မွေ့လည်ပတ်လိုသူများအတွက်တိုကျိုမြို့ရှိခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာကိုအသုံးပြုရန်အကြံပြုပါသည်။ တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာဆိုသည်မှာ ပြည်ပမှလာရောက်လည်ပတ်သူများအတွက်တိုကျိုမြို့နှင့်ပတ်သက်သောခရီးသွားအချက်အလက်များကိုဝေမျှပေးသည့်ဝန်ဆောင်မှုစင်တာတစ်ခုဖြစ်ပြီး၊တိုကျိုမြို့တွင်းမှာဆိုရင်စင်တာ၅ခုရှိပါတယ်။ <အဓိကဝန်ဆောင်မှုများ> ・မဖြစ်မနေသွားလည်သင့်တဲ့နာမည်ကြီးနေရာများ၊စျေးဝယ်လို့ရသောနေရာများ၊လမ်းပန်းဆက်သွယ်ရေးနှင့်ခရီးသွားမြေပုံများပါရှိသောခရီးသွားလမ်းညွှန်စာအုပ်ဖြစ်ပါတယ် ・ဘာသာစကားမျိုး9မျိုးတရုတ်ဘာသာ2မျိုးအပါအဝင်စာအုပ်အမျိုးစား10မျိုးရှိပြီး၊ဘာသာစကားများအနေနဲ့【ဂျပန်၊အင်္ဂလိပ်၊တရုတ်(၂မျိုး)၊ကိုရီးယား၊ဂျာမန်၊ပြင်သစ်၊စပိန်၊အီတလီနှင့်ထိုင်းဘာသာတို့ဖြစ်ပါတယ် ဒီတခေါက်မှာတော့ကမ္ဘာ့ခရီးသွားဧည့်သည်အများဆုံးစုဝေးတတ်တဲ့Shinjukuဘူတာရှိ Tokyo Tourist Information Center Bus Terminal Shinjukuကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ShinjukuဘူတာShinminami ထွက်ပေါက်တွင်ရှိသောစက်လှေကားကိုအသုံးပြုပြီး၊အပေါ်ရောက်ပါကယခုလိုဆိုင်းဘုတ်ကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာBus Terminal Shinjukuမှာပဲရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကတော့ စုံစမ်းမေးမြန်းတဲ့ကောင်တာမှာတော့ဂျပန်၊အင်္ဂလိပ်၊တရုတ်နှင့်ကိုရီးယားဘာသာဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ 「ဂျပန်လူမျိုးများရဲ့ယဥ်ကျေးမှုတွင်ကိုယ်တိုင်ပါဝင်ဆင်နွှဲပြီးပိုပြီးအမှတ်တရဖြစ်စေနိုင်ဖို့ ကျွန်မတို့ဘက်မှကြိုးစားအားထုတ်လျက်ရှိပါတယ်။တိုကျိုမြို့တွင်းအနုပညာပြခန်းနဲ့ပြတိုက်ပေါင်း၆၀လောက်ကိုစာရင်းပြုစုထားပြီးစိတ်ဝင်စားနိုင်မဲ့လည်ပတ်စရာနေရာများနဲ့Eventများကိုမိတ်ဆက်ပေးလျက်ရှိပါတယ်။」လို့တာဝန်ရှိဝန်ထမ်းမှပြောကြားခဲ့ပါတယ်။ အသေးစိတ်သိရှိလိုပါကဗီဒီယိုနှင့်တကွမိတ်ဆက်ထားတာရှိတဲ့အတွက်ကြည့်ရှုနိုင်ပါတယ်!တိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာ ထို့အပြင်စင်တာအထိမလာနိုင်သောသူများအတွက်ကတော့GO-TOKYOဆိုတဲ့တိုကျိုအလည်ပတ်နှင့်ဆိုင်သောဝက်ဘ်ဆိုဒ်တွင်လည်းဝင်ကြည့်နိုင်ပါတယ်။တိုကျိုမြို့တွင်ကျင်းပလျက်ရှိသောEventများကိုပြက္ခဒိန်ဖြင့်ဖော်ပြထားပြီး၊ဂျပန်နိုင်ငံရဲ့ရာသီ၄ခုမှာကျင်းပနေသောပွဲတော်များကိုဓါတ်ပုံသို့မဟုတ်ဗီဒီယိုကိုကြည့်ပြီးပါဝင်ဆင်နွှဲဖို့Planဆွဲနိုင်ပါတယ်။https://www.gotokyo.org/jp/index.html တိုကျိုမြို့ကိုလည်ပတ်လိုသူများတိုကျိုခရီးသွားနှင့်ဆိုင်သောသတင်းအချက်လက်စင်တာနှင့်GO-TOKYOဆိုတဲ့ဝက်ဘ်ဆိုဒ်ကိုအသုံးပြုကြပါနော်~

Scroll to top