Author : JLEFSupport

「လုပ်ငန်းခွင်သုံးဂျပန်စကား」များအကြောင်း

ဂျပန်နိုင်ငံမှာအလုပ်လုပ်တော့မယ်ဆိုလျှင်၊ဂျပန်စာအရည်ချင်းကိုမြှင့်တင်ဖို့လိုအပ်ပါတယ်? ဖတ်စာအုပ် သို့မဟုတ် အွန်လိုင်းမှလေ့လာဆည်းပူးထားတဲ့ဂျပန်စကားများသည်နေ့စဥ်နေထိုင်မှုတွင်အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်သော်လည်းပဲ၊လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကားများကိုတော့သေချာနားလည်သဘောမပေါက်တဲ့အခါမျိုးရှိပါသလား? လုပ်ငန်းခွင်သုံးဂျပန်စကားနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့သောဆယ်မီနာသည်လုပ်ငန်းခွင်ရှိလုပ်ဖော်ကိုင်ဖက်နှင့်ဧည့်သည်များနှင့်စကားပြောဆိုရာမှာသဘာဝကျကျအဆင်ပြေချောမွေ့စွာပြောစေနိုင်ဖို့အဓိကအချက်များကိုပြောပြထားပါသည်။နောက်ပြီးဖုန်းဆက်တဲ့အခါ၊တောင်းပန်တဲ့အခါ၊ငြင်းဆိုတဲ့အခါများတွင်အသုံးပြုသောအသုံးနှုန်းများကိုလည်းရှင်းပြထားပါသည်။ဆယ်မီနာလေးကိုနားထောင်ပြီးနောက်လုပ်ငန်းခွင်မှာလည်းလက်တွေ့ကျကျအသုံးချနိုင်ကြပါစေ။ 動画内容  ① ကုမ္ပဏီတွင်း/ပြင်ပ တွင်အသုံးပြုသောနှုတ်ဆက်စကားများ 1:16~  ② အခြေခံကျသောယဥ်ယဥ်ကျေးကျေးအသုံးနှုန်းများ 3:00~  ③ ကူရှင်စကားလုံးများ 4:17~  ④ လုပ်ငန်းခွင်တွင်အခြေနေပေါ်မူတူပြီးမှတ်သားထားသင့်သည့်အသုံးနှုန်းများ 5:23~  ⑤ အလဘသလာဘပြောနည်းအကြံပြုချက်များ 12:35~ ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့အချက်များနှင့်First Impressionအကြောင်း

Business Mannerလို့ပြောလိုက်တာနဲ့ ဘာကိုသွားသတိရကြပါသလဲ? နှုတ်ဆက်ခြင်း၊ဖုန်း‌‌‌ပြောဆိုခြင်း၊ဧည့်သည်များကိုယဥ်ကျေးတဲ့အသုံးနှုန်းအသုံးပြုပြီးပြောဆိုခြင်း၊စသဖြင့်အမျိုးမျိုးရှိပေမဲ့လည်းBusiness Mannerဆိုတာလုပ်ငန်းခွင်မှာမရှိမဖြစ်လိုအပ်တဲ့ Mannerဖြစ်ပါတယ်။အလုပ်ရှာရာမှာဘယ်လောက်ပဲတော်တဲ့သူဖြစ်နေပါစေ၊အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့ကိုမသိတဲ့အတွက် အင်တာဗျူးမအောင်တဲ့သူလည်းရှိပါတယ်။ ထို့ကြောင့် Business Manner ကိုလေ့လာသိရှိထားပြီးအင်တာဗျူးမှာလက်တွေ့အသုံးချနိုင်ဖို့လေ့ကျင့်ထားကြရအောင်! ၁၇မိနစ်စာဗီဒီယို‌လေးထဲမှာ အင်တာဗျူးဖြေရာမှာသိထားသင့်တဲ့အခြေခံအပြုမူနဲ့အင်တာဗျူးအောင်ဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ First Impression ကိုဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုရှင်းပြထားတဲ့အတွက်နားထောင်ကြည့်နိုင်ပါတယ် 動画内容 ① Manner ဆိုသည်မှာ(1:10~) ② အင်တာဗျူးဖြေဆိုရာမှာသိထားသင့်တဲ့ Business Manner နှင့် First Impressionကိုအဆုံးဖြတ်ပေးတဲ့အချက်များ    (3:08~)    တစ်ကိုယ်ရေတစ်ကာယသန့်ရှင်းသပ်ရပ်မှုနှင့်ပတ်သက်ပြီး(3:45~)    အသံနေအသံထားနှင့်ပတ်သက်ပြီး(9:48~)    စကားအသုံးနှုန်း၊အကြောင်းအရာများနှင့်ပတ်သက်ပြီး(11:25~) ③ အလုပ်ခန့်စေနိုင်တဲ့အကြောင်းရင်းများ(14:04~) ④ အလုပ်မခန့်တဲ့အကြောင်းရင်းများ(16:10~) ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

အလုပ်လျှောက်ရသည့်ရည်ရွယ်ချက်ရေးနည်းအကြောင်းသိချင်သူများအတွက်ဆယ်မီနာပြုလုပ်ခဲ့တဲ့ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်

အလုပ်ခန့်ဖို့အတွက်လူရွေးတဲ့အပိုင်းမှာ志望動機လို့‌ခေါ်တဲ့အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်ဟာအရမ်းကိုအရေးပါပါတယ် CVဖောင်နဲ့ဝင်ခွင့်စာရွက်စတဲ့အလုပ်လျှောက်တဲ့စာရွက်စာတမ်းတွေကိုထပ်တဲ့အခါ志望動機ကိုသေချာရေးနိုင်လိုက်တယ်ဆိုပေမဲ့လည်း၊အင်တာဗျူးမှာသေချာမဖြေကြားနိုင်တဲ့သူများပါတယ်။ ဂျပန်ဘာသာစွမ်းရည်မြင့်မားလို့ကောင်းမွန်တဲ့志望動機ကိုရေးနိုင်မယ်လို့မဆိုလိုပါဘူး။ ကုမ္ပဏီအကြောင်း၊မိမိအကြောင်းကိုသေချာနားလည်သ‌ဘောပေါက်မှသာလျှင်၊ဒီကုမ္ပဏီကိုလျှောက်ထားရတဲ့ရည်ရွယ်ချက်ကိုသေချာပြောပြနိုင်မှာဖြစ်ပါတယ်။ 志望動機ရေးရတာခက်လိုက်တာလို့ပြောတဲ့သူများပါတယ်။သို့ပေမဲ့အဓိကအချက်လေးတွေကိုသာသိထားမယ်ဆိုရင်ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့JLEF supportကနေဦးဆောင်ပြီးပြုလုပ်နေတဲ့志望動機の作り方အလုပ်လျှောက်ရသည့်ရည်ရွယ်ချက်ရေးနည်းဆယ်မီနာလေးကို 22မိနစ်ကြာတဲ့ဗီဒီယိုလေးပြုလုပ်ပြီးတင်ပေးလိုက်ပါတယ်။အလုပ်အင်တာဗျူးအောင်ဖို့သိထားသင့်တဲ့အချက်တွေကိုဒီဗီဒီယိုလေးကြည့်ခြင်းအားဖြင့်နားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ 【動画の内容】   ① ကုမ္ပဏီအကြောင်းကိုသိအောင်ပြုလုပ်ခြင်း   (1:22~)   ② မိမိအကြောင်းကိုသိအောင်ပြုလုပ်ခြင်း   (6:10~)   ③ အကျိုးသက်ရောက်မှုရှိစေနိုင်မဲ့志望動機ရေးနည်း (17:30~) ဆယ်မီနာမှာဂျပန်လိုပြောထားပေမဲ့၊တရုတ်၊မြန်မာ၊ဗီယက်နမ်စာတမ်းထိုးထားတဲ့ဗီဒီယိုလည်းရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら

CVဖောင်ရေးနည်း

CVဖောင်သည်အလုပ်ရှာဖွေရာမှာအရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။ထို့ကြောင့်CVဖောင်ရေးသားရာမှာ သိထားသင့်သည့်အချက်များကိုအကျဥ်းချုံ့ပြီးပြောပြပေးပါမယ် 1.CVဖောင်ရဲ့Format ပထမဦးဆုံးအနေနဲ့ 「CVဖောင်ရဲ့Format ရွေးချယ်နည်း」ကိုပြောပြပေးပါမယ်။ဘယ်လို CVဖောင်Formatကိုရွေးချယ်ရမလဲဆိုပြီးတွေဝေတတ်ကြတဲ့သူများပါတယ်။CVဖောင်Formatကအမျိုးမျိုးရှိပါတယ်။‌ကျောင်းကပြုလုပ်ပေးတဲ့CVဖောင်Formatရှိသလို၊ကုမ္ပဏီကသတ်မှတ်ထားတဲ့သီးသန့်CVဖောင်Formatဆိုပြီးလည်းရှိပါတယ်။အကယ်လို့CVဖောင်Formatသတ်မှတ်ထားခြင်းမရှိဘူးဆိုရင် သာမာန်CVဖောင်Formatကိုအသုံးပြုလို့ရပါတယ်။အောက်ကလင့်ခ်မှတဆင့်ဒေါင်းလုတ်ဆွဲပြီးရယူနိုင်ပါတယ်။ 履歴書【標準】履歴書【特定技能】履歴書【サンプル】 2.CVဖောင်ရေးနည်း CVဖောင်Formatကိုဆုံးဖြတ်ပြီးသွားပြီဆိုရင်「 CVဖောင်ရေးနည်း」ကိုပြောပြပေးပါမယ်။ကိုယ်ရေးအချက်လက်များကိုဖြည့်ရာမှာပုံမှန်အားဖြင့် ကွန်ပျူတာဖြင့်ဖြည့်ရတာဖြစ်ပြီး၊လက်ရေးနဲ့ဖြည့်တဲ့အခါမျိုးလည်းရှိပါတယ်။အကယ်လို့လက်ရေးနဲ့ဖြည့်မယ်ဆိုရင်သိထားရမဲ့အချက်တွေက‌တော့❄အချက်လက်များမှားခဲ့တဲ့အခါမှင်ဖျက်ဆေးနဲ့ဖြတ်တာမျိုး၊မျဥ်း၂ကြောင်းခြစ်ပြီးအမှားပြင်တာမျိုးလုံးဝမလုပ်ရပါ။အသစ်ပြန်ရေးပါ။❄မှင်အနက်ကိုအသုံးပြုပါ (ခဲတံ၊ခဲသားဖောင်တိန်၊ဖျက်လို့ရတဲ့မှင်များကိုအသုံးမပြုပါနဲ့) 3.CVဖောင်ဖြည့်ရာတွင်မှားလွယ်သောအချက်များ CVဖောင်ဖြည့်ရာတွင်「မှားလွယ်သောအချက်များ」ကိုစုစည်းလိုက်ပါတယ်                ①ဖောင်တင်သည့်ရက်စွဲကိုဖြည့်ပါ※အင်တာဗျူးဖြေဖို့သွားရာမှာCVဖောင်ကိုယူသွားရမယ်ဆိုရင်အင်တာဗျူးဖြေမဲ့နေ့ကိုရေးပါ※စာတိုက်ကနေပို့ရမယ်ဆိုရင်စာတိုက်ထဲကိုထည့်တဲ့နေ့ကိုဖြည့်ပေးပါ ②နာမည်ကိုအင်္ဂလိပ်စာလုံး(တရုတ်လူမျိုးများကခန်းဂျီး)၊Katakanaဖြင့်ဖြည့်ပေးပါLast Name・First Name ဆိုပြီးအစဥ်လိုက်ဖြည့်ပါ(ကျွန်တော်တို့မြန်မာလူမျိုးနာမည်မှာမျိုးရိုးမရှိလို့နာမည်ကိုအပြည့်စုံဖြည့်ပေးရုံပါ) ③ふりがなလို့ရေးထားတဲ့အကွက်မှာနာမည်ကိုHiraganaဖြင့်ဖြည့်ပေးပါ※フリガナလို့ရေးထားပါက နာမည်ကို Katakanaဖြင့်ဖြည့်ပေးပါ ④မွေးသက္ကရာဇ်ဖြည့်ပါ ⑤ကျား/မ (မဖြည့်လည်းရပေမဲ့၊ဖြည့်တာပိုကောင်းပါတယ်) ⑥လိပ်စာ(စာတိုက်သေတ္တာမှစပြီးဖြည့်ပါ) ⑦လိပ်စာကိုふりがな(ひらがな)ဖြင့်ဖြည့်ပါ※နံပါတ်၊ကိန်းဂဏန်းများဖြည့်ရန်မလိုပါ ⑧ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ် ⑨အီးမေးလ်ဖြည့်ဖို့အကွက်မပါခဲ့ရင် လွတ်နေတဲ့နေရာမှာ 「メールアドレス:        」ဆိုပြီးရေးဖြည့်လို့ရပါတယ် ⑩သက္ကရာဇ်တွေကိုဖြည့်ရာမှာ အင်္ဂလိပ်(သို့)ဂျပန်သက္ကရာဇ် ပုံစံတစ်မျိုးတည်းကိုပဲအသုံးပြုပြီးဖြည့်ပေးပါ(ဖောင်တင်သည့်ရက်စွဲ၊မွေးသက္ကရာဇ်၊ကျောင်းတက်သည့်နှစ်၊အောင်လက်မှတ်ရရှိသည့်နှစ် စတဲ့သက္ကရာဇ်) ⑪အတန်းပညာအရည်ချင်း-မိမိနိုင်ငံတွင်နောက်ဆုံးတက်ရောက်အောင်မြင်ခဲ့သည့်ပညာအရည်ချင်းနှင့်ခုနှစ်ကိုဖြည့်ပါ ⑫ဖြေဆိုအောင်မြင်ထားသောအရည်ချင်း/အောင်လက်မှတ်များ(ဖြေဆိုဖို့ရှိသောစာမေးပွဲများကိုလည်းဖြည့်ရေးနိုင်ပါတယ်) ⑬လျှောက်ရတဲ့ရည်ရွယ်ချက်(ဘာကြောင့်ဒီကုမ္ပဏီကိုလျှောက်ရတာလဲဆိုတဲ့အကြောင်းပြချက်များကိုရေးပါ)×ကုမ္ပဏီကနီးတဲ့အတွက်၊လစာများတဲ့အတွက်ကြောင့်….စတဲ့၊ဒီကုမ္ပဏီမှာမလျှောက်လည်းအဆင်ပြေတဲ့ရည်ရွယ်ချက်မျိုးကိုရေးလို့မရပါ ⑭မိမိကိုယ်ကိုအမွှမ်းတင်ပြောခြင်း၊တတ်နိုင်သမျှအသေးစိတ်ရေးတာပိုကောင်းပါတယ်(မိမိရဲ့အားသာချက်ကိုအသုံးချပြီး၊ကောင်းမွန်တဲ့ရလဒ်ကိုရရှိခဲ့တဲ့အတွေ့ကြုံတွေကိုရေးတာပိုကောင်းပါတယ်) ⑮ဆန္ဒ/မျှော်မှန်းခြင်း စတာတွေမရှိပါက 「特になし」「貴社の規定に従います」「御社規定に準じます」လို့ရေးပါ ⑯ဓါတ်ပုံ※ ဆိုဒ်ကCVဖောင်ထဲမှာသတ်မှတ်ထားတဲ့အတိုင်းကပ်ပါ(သာမာန်ဆိုဒ် အလျား 24~30㎜ အနံ 36~40㎜)※ ၃လအတွင်းရိုက်ထားခြင်း※ Suitဝတ်စုံဖြင့်ရိုက်ပါ※ နောက်ခံ အဖြူ၊ခဲ၊အပြာထားပြီးရိုက်ပါ※ ဓါတ်ပုံနောက်ကျောမှာနာမည်ရေးပါ CVဖောင်သည်အလုပ်ရရှိနိုင်ဖို့အတွက်အထောက်ကူပေးသောအရေးကြီးစာရွက်စာတမ်းဖြစ်ပါတယ်။အချက်အလက်များမှားနေတာမျိုးမဖြစ်အောင်မိမိယုံကြည်ရတဲ့သူကိုစစ်ခိုင်းပါ။    ကိုယ်တိုင်လည်းအချက်လက်များကိုစစ်ကြည့်ပါ။ဘာတွေစစ်ရမလဲမသိရင်အောက်ကဖိုင်ကိုဒေါင်းလုတ်ဆွဲပြီးနမူနာကြည့်ပါ။履歴書【チェックリスト】日本語履歴書【チェックリスト】ミャンマー語 ကျွန်တော်တို့ JLEF support မှာဆိုရင်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတစ်ဦးချင်းဆီဆွေးနွေးမှုများကိုပြုလုပ်ပေးလျက်ရှိပါတယ်။တစ်ယောက်ကိုမိနစ်၃၀ခန့် […]

「CVဖောင်ရေးနည်းဆယ်မီနာလေးကိုဗီဒီယိုပြုလုပ်ပြီးမျှဝေလိုက်ပါတယ်」

ကျွန်တော်တို့ JLEF supportသည် ဂျပန်မှာအလုပ်လုပ်လိုတဲ့နိုင်ငံခြားသားများအတွက်အထောက်ကူပြုနိုင်တဲ့အကြောင်းရာများကိုမျှဝေလျက်ရှိပါတယ်။ ဒီနေ့က‌တော့「履歴書の書き方についてのセミナー」CVဖောင်ရေးနည်းနဲ့ပတ်သက်ပြီးပြောပြထားတဲ့ဆယ်မီနာRecording ကိုအားလုံးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်နော်။ ဂျပန်မှာအလုပ်ရှာဖို့အတွက်လှုပ်ရှားမှုကိုပြုလုပ်ရာမှာCVဖောင်ကိုအလေးထားကြပါတယ်။CVဖောင်က အင်တာဗျူးဖြေခွင့်ရမရကိုအဆုံးဖြတ်ပေးတာများပါတယ်။ ယခုဆယ်မီနာမှာတော့CVဖောင်နဲ့ပတ်သက်ပြီးသိထားသင့်တဲ့အကြောင်းအရာ၊အင်တာဗျူးဖြေဆိုနိုင်ခွင့်ရဖို့CVဖောင်ရေးနည်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 【ဗီဒီယိုအကြောင်းအရာများ】  ① CVဖောင်နှင့်ပတ်သက်သောဉာဏ်စမ်းပဟေဠိ(1:00~)  ② CVဖောင်ရေးရာမှာမှားတတ်သောအချက်များ (15:00~)  ③ CVဖောင်မှာကပ်သောဓါတ်ပုံနှင့်ပတ်သက်ပြီး(24:00~)  ④ အောင်လက်မှတ်၊အရည်ချင်းနှင့်ပတ်သက်ပြီး(30:40~)  ⑤ အလုပ်လျှောက်ရတဲ့ရည်ရွယ်ချက်နှင့်မိမိအားသာချက်များအကြောင်း          (32:45~)  ⑥ CVဖောင်ရေးရာမှာအရေးကြီးဆုံးအချက်(36:23~) ဗီဒီယိုကတော့တရုတ်၊မြန်မာ၊ဗီယက်နမ်စာတန်းထိုးများရှိပါတယ်။ 日本語:こちら 中国語:こちら ミャンマー語:こちら ベトナム語:こちら ※CVဖောင် Format လိုချင်သူများအတွက်အောက်ပါလင့်ခ်မှတဆင့်ဒေါင်းလုတ်ဆွဲပါ   特定技能用 履歴書   一般的な履歴書   特定技能用 履歴書【ミャンマー語説明】

「တိုခုတဲအိဂီနော စားသောက်ကုန်/စားသောက်ဆိုင်ဖြေချင်သူများအတွက်ဆယ်မီနာ」

ကျွန်တော်တို့ JLEF supportမှအလုပ်ရှာဖွေခြင်းလှုပ်ရှားမှုကိုပြုလုပ်နေသူများအတွက်လစဥ်ဆယ်မီနာပြုလုပ်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့ရက်ကပြုလုပ်ခဲ့တဲ့ တိုခုတဲအိဂီနော စားသောက်ကုန်/စားသောက်ဆိုင်ဖြေချင်သူများအတွက်ဆယ်မီနာ နဲ့ပတ်သက်ပြီးဗီဒီယို‌လေးကိုအားလုံးကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်! ဆယ်မီနာအကြောင်းရာကတော့တိုခုတဲအိဂီနောစားသောက်ကုန်/စားသောက်ဆိုင်နဲ့ပတ်သက်တဲ့စာ‌မေးပွဲအကြောင်းရာများ၊ဖတ်စာအုပ်ရယူနိုင်တဲ့လင့်ခ်များကိုလမ်းညွှန်ပေးထားပါတယ်။နောက်ပြီးစာမေးပွဲကိုဖောင်တင်ရာမှာသိထားသင့်တဲ့သတိပြုရမဲ့အချက်များလည်းပါဝင်ပါတယ်။ စာမေးပွဲကိုဖြေချင်သူများသာမက၊တိုခုတဲအိစားသောက်ဆိုင်/စားသောက်ကုန်ကိုစိတ်ဝင်စားသူများအတွက်လည်းအသုံးဝင်ပါတယ်။ ဗီဒီယိုအကြောင်းရာ ① တိုခုတဲအိဂီနောဆိုသည်မှာ   (1:09~) ② တိုခုတဲအိဂီနောစာမေးပွဲနှင့်ပတ်သက်သော    စာမေးပွဲအနှစ်ချုပ်       (6:25~)   စာမေးပွဲအကြောင်းအရာများ   (စားသောက်ကုန်9:00~ စားသောက်ဆိုင်18:05~)   စာမေးပွဲဖြေဆိုရန်အဆင့်ဆင့်နှင့်သတိပြုရမည့်အချက်များ   (28:52~) ③ စားသောက်ကုန်/စားသောက်ဆိုင်အလုပ်ရှာဖွေနေသူများအတွက်(35:57~) ※ယခုဗီဒီယိုသည်2023年9月~10月တွင်စာမေးပွဲဖြေဆိုသူများအတွက်ရည်ရွယ်ပြီးပြုလုပ်ထားခြင်းဖြစ်လို့ဖောင်တင်တဲ့ရက်များအနည်းငယ်လွဲနိုင်ပါတယ်။ ဆယ်မီနာကိုဂျပန်ဘာသာစကားဖြင့်ရှင်းပြထားပေမဲ့လည်းတရုတ်၊မြန်မာ၊ဗီယက်နမ် စာတမ်းထိုးထားသောဗီဒီယိုများလည်းရှိပါတယ်။  日本語:こちら  中国語:こちら  ミャンマー語:こちら  ベトナム語:こちら ※※2023ခုနှစ်7လပိုင်းကုန်နေ့အထိရရှိထားသောသတင်းဖြစ်ပါသည်။သတင်းအချက်အလက်အသစ်များကိုသက်ဆိုင်ရာဟုမ်းပေ့ချ်တွင်ဝင်ရောက်ကြည့်ပါရန်။

အပြုံးပြိုင်ပွဲတွင်ဆုရယူသူများနှင့်အင်တာဗျူးခြင်း

2022နှစ်တွင်ကျင်းပခဲ့သော『အပြုံးပြိုင်ပွဲ』တွင်ထူးချွန်ဆုများရရှိခဲ့သောသူများရဲ့ကျောင်းနှင့်အဖွဲ့အစည်းများကိုတွေ့ဆုံမေးမြန်းဖို့အခွင့်ရေးကိုရရှိခဲ့ပြီးမိတ်ဆက်ဗီဒီယိုလေးကိုပြုလုပ်ခဲ့ပါတယ် ※『အပြုံးပြိုင်ပွဲ』ဆိုသည်မှာဂျပန်မှာအလုပ်လုပ်ရင်း(သို့)ကျောင်းတက်ရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနေတဲ့နိုင်ငံခြားသားများရဲ့ပြုံးပျော်နေသောဓါတ်ပုံများကိုမိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့ပြီး၊ဓါတ်ပုံများကို2022ခုနှစ်6လပိုင်း~8လပိုင်းအထိစုဆောင်းခဲ့ပါတယ်။ဂျပန်နိုင်ငံတဝှမ်းမှဓါတ်ပုံများကိုပေးပို့ခဲ့သောတစ်ဦးတစ်ယောက်ချင်းစီအားကျေးဇူးအထူးပင်တင်ရှိပါသည်။ エピソード賞 ဆုလက်ရာများ エピソード賞 ဆုလက်ရာများ ဆုရရှိသူ:トゥンさんတက်ရောက်နေသော「FPTဂျပန်စာသင်တန်းကျောင်း」သို့သွားရောက်ပြီးအင်တာဗျူးခဲ့ပါတယ်။ トゥンさんသည်FPT Japan Holdingတွင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ရင်းဂျပန်စာကိုသင်ယူလျက်ရှိပါတယ်။ FPT Japan Holding ဆိုသည်မှာ ဂျပန်လက်အောက်ခံကုမ္ပဏီခွဲဖြစ်ပြီးဗီယက်နက်ITကုမ္ပဏီ ဖြစ်ပါတယ်။ 「FPTဂျပန်စာသင်တန်းကြောင်း」၏ထူးခြားချက်များမှာ ・ITအင်ဂျင်နီယာများအားသင်တန်းဆင်းထားသည့်အတွေ့ကြုံများကိုလက်တွေ့အသုံးချနိုင်သည့်ပညာရေးပရိုဂရမ်များဖြင့်သင်ကြားပေးခြင်း ・မိမိနိုင်ငံတွင်လုပ်ငန်းအတွေ့အကြုံရှိသူများနှင့် အထူးပြုဘာသာရပ်များကို လေ့လာထားသောကျောင်းသူ/သားအများအပြားရှိခြင်း ကုမ္ပဏီများအတွက်အလားအလာရှိမည့်လူသားအရင်းအမြစ်တွေကိုမွေးထုတ်ပေးပြီး၊ ဂျပန်နိုင်ငံမှာ တက်ကြွစွာပါဝင်လှုပ်ရှားနိုင်မဲ့လူ့စွမ်းအားအရင်းအမြစ်များဖြစ်စေလိုသောကျောင်းရဲ့ရည်မှန်းချက်များကိုအင်တာ‌ဗျူးမှတဆင့်သိရှိခဲ့ရပါတယ် FPTဂျပန်စာသင်တန်းကျောင်း၏မိတ်ဆက်ဗီဒီယိုကြည့်ရန် FPTဂျပန်စာသင်တန်းကျောင်း၏ဟုမ်းပေ့ချ်  ဆုရရှိသူ:ひろにゃん さん ရဲ့လုပ်ငန်းခွင်ဖြစ်တဲ့「LIFE VISIONအဖွဲ့အစည်း」ကိုအင်တာဗျုးခွင့်ရရှိခဲ့ပါတယ်။ အလုပ်သင်များကိုအင်တာဗျူးနေသောပုံရိပ်များ….. 「LIFE VISIONအဖွဲ့အစည်း」သည်နည်းပညာအလုပ်သင်နှင့်အထူးကျွမ်းကျင်လုပ်သားများကိုလက်ခံလျက်ရှိပြီးနှစ်ပေါင်း၂၀ကျော်တိုင်အောင်မြင်မှုရလဒ်များရှိပါတယ်။ ကုမ္ပဏီများနှင့် လူ့စွမ်းအားအရင်းအမြစ်များအား Well – being သာယာဝပြောစေရန်အတွက်၊အဖွဲ့အစည်းရဲ့ရည်မှန်းချက်မှာဂျပန်နိုင်ငံတွင်ပထမဆုံးသော「အကောင်းဆုံးသောအရည်အသွေး၊အကောင်းဆုံးသောစိတ်ကျေနပ်မှုနှင့် ပိုမိုကျယ်ပြန့်သောအခွင့်လမ်း」အသီးသီးကိုအကောင်ထည်ဖော်ရန်ဖြစ်သည်။ သင်တန်းကာပြီးဆုံး၍အမိနိုင်ငံသို့ပြန်သွားကြသည့်နိုင်ငံခြားသားအလုပ်သင်များနှင့်လည်းမိသားစုဝင်သဖွယ်အဆက်သွယ်မပြတ်ရှိနေပြီး၊အင်တာဗျူးမှတဆင့်လည်းLIFE VISIONအဖွဲ့အစည်းရဲ့နွေးထွေးမှုတွေကိုခံစားနိုင်မှာဖြစ်ပါတယ်။ LIFE VISIONအဖွဲအစည်း၏မိတ်ဆက်ဗီဒီယိုကိုကြည့်ရန် LIFE VISIONအဖွဲ့အစည်း၏ဟုမ်းပေ့ချ် ယခုလိုအင်တာဗျူးအတွက်ပူးပေါင်းပါဝင်ပေးသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။ဆုမရရှိသော်လည်း Smile Contestတွင်ပါဝင်ပေးခဲ့ကြသောသူများကိုလည်းကျေးဇူးတင်ပါတယ်။ <စုံစမ်းမေးမြန်းရန်> 主催:一般財団法人Japan Leading Edge Foundation(通称:JLEF財団)電話番号:03-6206-1180メール:info@jlef.jp 

JLPTစာ‌မေးပွဲဖောင်များ4လပိုင်း14ရက်17နာရီအထိသာလျှင်!

2023ခုနှစ်ပထမအကြိ မ်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို2023ခုနှစ်7လပိုင်း 2ရက် (တနင်္ဂနွေ) မှာကျင်းပမှာဖြစ်ပါတယ်။ ဖောင်တင်လို့ရတဲ့နေ့ကတော့2023ခုနှစ်3လပိုင်း24ရက်နေ့(သောကြာ)~ 2023ခုနှစ်4လပိုင်း14ရက်(သောကြာ)17နာရီနောက်ဆုံးထားပြီးဖောင်တင်ရမှာဖြစ်ပါတယ်။ဖောင်ပိတ်ရက်နီးလာလေလေဖောင်တင်တဲ့သူများလာတဲ့အတွက်နှောင့်နှေးမှုများရှိနိုင်လို့ကြိုတင်‌ဖောင်တင်ထားဖို့တိုက်တွန်းလိုက်ပါတယ်နော်။ စာမေးပွဲကြေး 7,500円(အခွန်ပါပြီး) ဖောင်တင်ရန် JLPTလင့်ခ် ကိုနှိပ်ပါ။ ဖောင်တင်ရာမှာ MyJLPT IDဆိုတာလိုအပ်ပါတယ်၊မရှိတဲ့သူများကြိုတင်လျှောက်ထားနိုင်ပါတယ်။ MyJLPT IDလုပ်ချင်သူများ၊ဖောင်တင်ချင်သူများနှင့်စာမေးပွဲသွင်းချင်သူများအတွက်အောက်ပါဗီဒီယိုကိုကြည့်ပါ။ JLPTအကောင့်ပြုလုပ်နည်း၊ဖောင်တင်နည်း၊စာမေးပွဲကြေးသွင်းနည်း စာမေးပွဲဖြေဖို့စာရွက်တွေကို 2023ခုနှစ် 6လပိုင်း 16ရက်(သောကြာ)နေ့မတိုင်ခင်ပို့ပေးမှာဖြစ်ပါတယ် JLPTအကြောင်းစုံသိရှိလိုပါက「ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်း」ထဲမှာဝင်ကြည့်နိုင်ပါတယ်

ဂျပန်သို့ဝင်ရောက်ရာမှာအသုံးပြုရမည့်「Visit Japan Web」ဆိုသည်မှာ

2021ခုနှစ် 3လပိုင်းကစပြီး၊ဂျပန်သို့ဝင်ရောက်လာမည့်သူများအနေဖြင့်၊ MySOSတွင်စာရင်းသွင်းခြင်း၊ဂျပန်သို့ဝင်ရောက်ပြီးနောက်စောင့်ဆိုင်းကာလတွင်းမှာလည်းနေ့စဥ်MySOSမှတဆင့်မိမိရဲ့ကျန်းမာရေးအခြေအနေကိုသတင်းပို့ရမှာဖြစ်ပါတယ်။သို့ရာတွင် 2022ခုနှစ်10လပိုင်း11ရက်နေ့မှစပြီး၊ဂျပန်ပြည်ဝင်ခွင့်ဆိုင်ရာစီမံချက်များကိုဖြေလျော့ပေးလိုက်သည့်အပြင်လုပ်ထုံးလုပ်နည်းများကိုလည်းအလွယ်တကူအသုံးပြုနိုင်အောင်ပြောင်းလဲခဲ့ပါတယ်။  2022ခုနှစ် 10 လပိုင်း 11 日ရက် ဂျပန်စံတော်ချိန်မနက်00:00နာရီမှစပြီးအောက်ပါအတိုင်းပြည်ဝင်ခွင့်ဖြေလျော့မှုများကိုပြုလုပ်လိုက်ပါတယ်။■ဂျပန်သို့ပြန်ဝင်လာစဥ်(သို့မဟုတ်)ဝင်ရောက်ချိန်တွင်စစ်ဆေးခြင်းများမပြုလုပ်သော်လည်း(အောက်ပါအချက်များထဲမှတစ်ခုခုကိုတင်ပြရန်လိုအပ်ပါသည်)① ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့အရေးပေါ်အသုံးပြုမှုစာရင်းထဲတွင်ဖော်ပြထားသည့်ကာကွယ်ဆေး၃ကြိမ်ထိုးပြီးကြောင်းလက်မှတ် (သို့မဟုတ်)②မိမိနိုင်ငံမှမထွက်ခွာမီ 72နာရီတွင်းစစ်ဆေးထားသောPCRအနုတ်လက္ခဏာရလဒ်လက်မှတ်■ဂျပန်နိုင်ငံသို့ပြန်ရောက်ပြီးနောက်အိမ်(သို့မဟုတ်)ဟိုတယ်အဆောက်အဦးများတွင်စောင့်ဆိုင်းခြင်းမလိုအပ်ပါ■ဂျပန်နိုင်ငံသို့ပြန်ရောက်ပြီးနောက်အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးကိုအသုံးပြုနိုင်ပါသည်  ဂျပန်နိုင်ငံတွင်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဥ်များအတွက် အဆင်ပြေချောမွေ့စွာစာရင်းပေးသွင်းနိုင်ရန်အတွက် Visit Japan Webကိုအသုံးပြုပြီးကြိုတင်စာရင်းသွင်းနိုင်ပါတယ်။ကြိုတင်ပြီးကိုယ်‌ရေးအချက်လက်များကိုကြိုတင်ဖြည့်ထားပါက၊ဂျပန်သို့ဝင်‌ရောက်စဥ်တွင်QRကုတ်ပြရုံဖြင့်ပြည်ဝင်မှုလုပ်ထုံးလုပ်နည်းများပြီးမြောက်မည်ဖြစ်ပါတယ်။Visit Japan Webကို2022ခုနှစ်11လပိုင်း1ရက်နေ့မှစပြီးစတင်အသုံးပြုခဲ့သည်။ ※လေဆိပ်တွင်ပြုလုပ်လျက်ရှိသည့် quarantine လုပ်ထုံးလုပ်နည်းများ၏တစ်စိတ်တစ်ပိုင်းကိုဂျပန်သို့မဝင်‌ရောက်မီMySOSကိုအသုံးပြုပြီးကြိုတင်ပြုလုပ်လို့ရသော်လည်း MySOSအသုံးပြုမှုကို2022ခုနှစ်11လပိုင်း14ရက်နေ့မှစပြီးရပ်ဆိုင်းတော့မည်ဖြစ်သည်။ Visit Japan Webနှင့်ပတ်သက်ပြီး  Visit Japan Web ဆိုသည်မှာလူဝင်မှုကြီးကြပ်‌ရေးလုပ်ထုံးလုပ်နည်းများဖြစ်သော ဆေးစစ်ခြင်း၊ပြည်ဝင်ခွင့်စစ်ဆေးခြင်း၊အကောက်ခွန်အစီရင်ခံခြင်းများကိုအွန်လိုင်းတွင်လုပ်ဆောင်နိုင်သည့်ဝန်ဆောင်မှုဖြစ်သည်။နိုင်ငံရပ်ခြားမှဂျပန်သို့ဝင်‌ရောက်လာသူများအပြင်၊ဂျပန်နိုင်ငံသို့ပြန်လာသည်သူများလည်းအသုံးပြုနိုင်ပါသည်။ ဂျပန်၊တရုတ်၊အင်္ဂလိပ်၊တရုတ်၊ကိုရီးယား 1. ဂျပန်သို့မဝင်‌ရောက်မီပြုလုပ်ရမည့်အရာများ STEP 1  အကောင့်ပြုလုပ်ပြီးလော့ဂ်အင်ဝင်ခြင်း  မိမိ၏ကိုယ်ပိုင်အီးမေးလ်ဖြင့်အကောင့်သစ်ပြုလုပ်ပါ  ထို့နောက်၊စာရင်းသွင်းခဲ့သောအီးမေးလ်နှင့်ပက်စဝက်ကိုထည့်ပြီးလော့ဂ်အင်ဝင်ပါ STEP 2  အသုံးပြုသူ၏ကိုယ်ရေးအချက်လက်ဖြည့်ခြင်း  အသုံးပြုသူ၏ကိုယ်‌ရေးအချက်လက်(ပက်စပို့ထဲမှအချက်အလက်များနှင့်ဂျပန်နိုင်ငံတွင်ဆက်သွယ်နိုင်မည့်သူ၏အချက်လက်ရှိပါကဖြည့်ပါ ※ပန်သို့ဝင်ရောက်ခြင်း၊ပြန်ဝင်ခြင်းများ၏လုပ်ထုံးလုပ်နည်းကိုတစ်ဦးချင်းစီပြုလုပ်သည်ဖြစ်သော်လည်းနို့စို့အရွယ်နှင့်မိမိကိုယ်တိုင်လုပ်ထုံးလုပ်နည်းမလုပ်နိုင်သူများသည်မိမိနှင့်အတူလိုက်ပါလာသောမိသားစုဝင်မှစာရင်းသွင်းနိုင်ပါသည်၊မိသားစုဝင်မှအများဆုံး၁၀ယောက်စာအထိစာရင်းသွင်းပေးနိုင်ပါသည်။「同伴家族の情報」လို့‌ရေးထားတာကိုနှိပ်ပြီး「同伴家族の情報 追加・編集画面」ဆိုတာကိုနှိပ်ပြီး‌ရှေ့ဆက်ပါ STEP 3  အစီစဥ်များကိုစာရင်းသွင်းခြင်း   ဂျပန်သို့ဝင်ရန်၊ပြန်လာရန်အစီစဥ်(ခရီးသွားမည့်နေရာ၊ဂျပန်သို့‌‌ရောက်ရန်စီစဥ်ထားသည့်ရက်၊လေကြောင်းလိုင်းအမည်၊လေယာဥ်နံပါတ်၊စီနင်းမည့်လေယာဥ်အမျိုးစား၊ဂျပန်တွင်ဆက်သွယ်လို့ရမည့်လိပ်စာ)များကိုဖြည့်စွက်ပါ※အတူပါလာသောမိသားစုဝင်၏အချက်လက်များဖြည့်နိုင်ပါသည် STEP 4  လိုအပ်သည့်လုပ်ထုံးလုပ်နည်း၏အချက်အလက်များဖြည့်ရန်  ဖြည့်စွက်ခဲ့သည့်အစီစဥ်များတွင်ပြည်ဝင်ရန်အတွက်လုပ်ထုံးလုပ်နည်းအချက်လက်အသီးသီးကိုဖြည့်စွက်ပါ ① ဆေးစစ်ခြင်း(First Track)  ကိုယ်ရေးအချက်လက်၊စစ်တမ်းလွှာ၊အကျုံးဝင်သောကိုရိုနာကာကွယ်ဆေးလက်မှတ်နှင့်မိမိနိုင်ငံမှမထွက်ခွာမှီ၇၂နာရီတွင်းစစ်ဆေးခဲ့သောဆေးစစ်ချက်လက်မှတ်များကိုဖြည့်ပါ။ဖြည့်စွက်ခြင်းပြီးဆုံးပါက၊စခရင်သည်အပြာ‌ရောင်သို့ပြောင်းလဲသွားမည်ဖြစ်ပြီး၊QRကုတ်ပေါ်လာမည်ဖြစ်သည်။ ② […]

ဂျပန်တွင်ကျောင်းတက်နေသောသူများနှင့်ပတ်သက်သောနေထိုင်ခွင့်အရည်ချင်း

・နေထိုင်ခွင့်အရည်ချင်းဆိုသည်မှာ ထိုင်ခွင့်အရည်ချင်းဆိုသည်မှာနိုင်ငံခြားသားများသည်ဂျပန်နိုင်ငံတွင်နေထိုင်ရန်အတွက်ချမှတ်ပေးသောအရည်ချင်းဖြစ်ပြီး၊ယခုလက်ရှိတွင်အမျိုးအစား၂၉မျိုးရှိပါသည်။နေထိုင်ခွင့်အရည်ချင်းပေါ်မူတည်ပြီးလှုပ်ရှားမှုများကိုဆုံးဖြတ်ထားပါသည်။ ・အလုပ်လုပ်ခွင့်ရှိမရှိနှင့်ပတ်သက်သောနေထိုင်ခွင့်များ နေထိုင်ခွင့်အရည်ချင်းပေါ်မူတည်ပြီး၊အလုပ်လုပ်ခွင့်ရှိမရှိကိုသတ်မှတ်ပါသည် 1.အလုပ်လုပ်ခွင့်မရှိတဲ့နေထိုင်ခွင့်အမျိုးအစားများ အလုပ်လုပ်ခွင့်မရှိသောနေထိုင်ခွင့် 2.အလုပ်လုပ်ခွင့်ရှိသောနေထိုင်ခွင့်(အကန့်သတ်ရှိ) အလုပ်အမျိုးအစားကန့်သတ်ချက်ရှိသောနေထိုင်ခွင့်အမျိုးအစား 3.အလုပ်လုပ်ခွင့်ရှိသောနေထိုင်ခွင့်(အကန့်သတ်မရှိ) အလုပ်အမျိုးအစားကန့်သတ်ချက်မရှိသောနေထိုင်ခွင့်အမျိုးအစား ・ဂျပန်တွင်ကျောင်းတက်နေသောသူများနှင့်ပတ်သက်သောနေထိုင်ခွင့်အရည်ချင်းများ ①「နည်းပညာ/အသိပညာာ/နိုင်ငံတကာဆောင်ရွက်မှု」 ②အဆင့်မြင့်ကျွမ်းကျင်နည်းပညာဗီဇာ ③အထူးလှုပ်ရှားမှုဗီဇာ အမှတ်46 ④အထူးကျွမ်းကျင်လုပ်သားဗီဇာ ⑤အထူးလှုပ်ရှားမှုဗီဇာ(ကျောင်းပြီးအလုပ်ရှာသူများအတွက်) နှင့်ပတ်သက်ပြီးဗီဒီယိုဖြင့်ရှင်းပြထားပါတယ်။စိတ်ဝင်စားပါကဝင်ကြည့်နိုင်ပါတယ်⇒နှိပ်ရန် အဓိကလုပ်ဆောင်နိုင်သောအကြောင်းအရာများကို‌အောက်ပါဇယားကွက်တွင်ကြည့်ပါ ①「နည်းပညာ/အသိပညာ/နိုင်ငံတကာဆောင်ရွက်မှု」 နှင့် ②အဆင့်မြင့်ကျွမ်းကျင်နည်းပညာ ③အထူးလှုပ်ရှားမှုဗီဇာအမှတ် 46 ④အထူးကျွမ်းကျင်လုပ်သား ⑤အထူးလှုပ်ရှားမှုဗီဇာ(ကျောင်းပြီးအလုပ်ရှာသူများအတွက်) ကျောင်းပြီး၍အလုပ်ရှာသူများအထူးလှုပ်ရှားမှုဗီဇာကိုလျှောက်ထားရာတွင်အရည်ချင်းပြင်ပလှုပ်ရှားမှုခွင့်ပြုချက်ကိုရယူထားပါက၊၁ပတ်ကို၂၈နာရီအချိန်ပိုင်းလုပ်ခွင့်ရှိပါတယ်။ ဂျပန်နိုင်ငံမှာတက္ကသိုလ်တက်နေသူ(ဂျူနီယာကောလိပ်နဲ့ဘွဲ့လွန်တက်နေသူအပါအဝင်)၊အသက်မွေးဝမ်းကျောင်းနဲ့ဂျပန်စာသင်တန်းကျောင်း (နိုင်ငံရပ်ခြားတက္ကသိုလ်မှဘွဲ့ရထားသူများသာ)တက်ရောက်ပြီးသူများဂျပန်နိုင်ငံတွက်ဆက်လက်အလုပ်ရှာလိုပါက特定活動(就職)နေထိုင်ခွင့်ကိုပြောင်းနိုင်ပါတယ်။ 期間:အမြင့်ဆုံး၁နှစ်ကြာနေထိုင်ခွင့်ချပေးပါသည်(၁ကြိမ်ကို၆လချပေးသည့်အတွက်နောက်တကြိမ်၆လစာသက်တမ်းတိုးခွင့်ရှိပါတယ်။တနှစ်ပြည့်ပါကဆက်လက်တိုးခွင့်မရှိကြောင်းသတိပြုစေလိုပါတယ်။) လိုအပ်သောစာရွက်စာတမ်များမှာ: 大学生から特定活動へ(တက္ကသိုလ်‌ကျောင်းပြီးသူများအတွက်) 専門学校生から特定活動へ(အသက်မွေးဝမ်းကျောင်းပြီးသူများအတွက်) 日本語教育機関留学生(海外大卒者のみ)から特定活動へဂျပန်ဘာသာစကားသင်တန်းကျောင်း(နိုင်ငံရပ်ခြားတက္ကသိုလ်မှဘွဲ့ရထားသူများသာ)ပြီးသူများအတွက် 22022 ခုနှစ် 10လပိုင်း 6ရက်နေ့အထိရရှိထားသောသတင်းဖြစ်ပါသည်၊သတင်းအချက်အလက်အသစ်များကိုသက်ဆိုင်ရာဟုမ်းပေ့ချ်တွင်ဝင်ရောက်ကြည့်ပါရန်။

Scroll to top