JLPTစာ‌မေးပွဲဖောင်များ4လပိုင်း14ရက်17နာရီအထိသာလျှင်!

2023ခုနှစ်ပထမအကြိ မ်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို2023ခုနှစ်7လပိုင်း 2ရက် (တနင်္ဂနွေ) မှာကျင်းပမှာဖြစ်ပါတယ်။

ဖောင်တင်လို့ရတဲ့နေ့ကတော့2023ခုနှစ်3လပိုင်း24ရက်နေ့(သောကြာ)~ 2023ခုနှစ်4လပိုင်း14ရက်(သောကြာ)17နာရီနောက်ဆုံးထားပြီးဖောင်တင်ရမှာဖြစ်ပါတယ်။
ဖောင်ပိတ်ရက်နီးလာလေလေဖောင်တင်တဲ့သူများလာတဲ့အတွက်နှောင့်နှေးမှုများရှိနိုင်လို့ကြိုတင်‌ဖောင်တင်ထားဖို့တိုက်တွန်းလိုက်ပါတယ်နော်။

စာမေးပွဲကြေး 7,500円(အခွန်ပါပြီး)

ဖောင်တင်ရန် JLPTလင့်ခ် ကိုနှိပ်ပါ။

ဖောင်တင်ရာမှာ MyJLPT IDဆိုတာလိုအပ်ပါတယ်၊မရှိတဲ့သူများကြိုတင်လျှောက်ထားနိုင်ပါတယ်။

MyJLPT IDလုပ်ချင်သူများ၊ဖောင်တင်ချင်သူများနှင့်စာမေးပွဲသွင်းချင်သူများအတွက်အောက်ပါဗီဒီယိုကိုကြည့်ပါ။

JLPTအကောင့်ပြုလုပ်နည်း၊ဖောင်တင်နည်း၊စာမေးပွဲကြေးသွင်းနည်း

စာမေးပွဲဖြေဖို့စာရွက်တွေကို 2023ခုနှစ် 6လပိုင်း 16ရက်(သောကြာ)နေ့မတိုင်ခင်ပို့ပေးမှာဖြစ်ပါတယ်

JLPTအကြောင်းစုံသိရှိလိုပါက「ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်း」ထဲမှာဝင်ကြည့်နိုင်ပါတယ်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top