2022/06/28-29တွင်ကျင်းပခဲ့သောအလုပ်သမားရေးရာဆွေးနွေးတိုင်ပင်သည့်ဌာနတွင်ပါဝင်အားဖြည့်ခဲ့ပါတယ်

「労働組合」လို့ခေါ်တဲ့အလုပ်သမားသမဂ္ဂရှိတယ်ဆိုတာကိုသိပြီးပြီလား?

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊အာဏာအသုံးပြုပြီးနှောင့်ယှက်မှု၊တရားမျှတမှုမရှိသောအလုပ်ထုတ်ပယ်မှု၊လုပ်ခလစာမပေးမှုနှင့်အချိန်ကြာမြင့်အလုပ်စေခိုင်းမှုစသည့်အလုပ်နှင့်ပတ်သက်သောစိုးရိမ်ပူပန်မှုများကိုမိမိတယောက်တည်းကုမ္ပဏီနှင့်ညှိနှိုင်းရာမှာအခက်ခဲရှိနိုင်လိမ့်မည်။ထို့ကြောင့်အလုပ်သမား၏ကိုယ်စားလှယ်အဖြစ်အလုပ်သမားသမဂ္ဂမှညှိနိုင်းဆွေးခြင်းကိုပြုလုပ်ပေးနိုင်သည်။
အလုပ်သမားသမဂ္ဂသည်လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုပိုမိုမြှင့်တင်လိုသူများ၊လုပ်ငန်းကိုပိုမိုအကျိုးဖြစ်ထွန်းစေကာ၎င်းတို့၏လူနေမှုတွင်ပိုမိုပြည့်စုံစေလိုသူများအားပံ့ပိုးပေးနိုင်ပါသည်။

Rengo(ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့အစည်း)သည်1989ခုနှစ်တွင်ဖွဲ့စည်းခဲ့သောဂျပန်အလုပ်သမားသမဂ္ဂကိုကိုယ်စားပြုသော『ဂျပန်အမျိုးသားဗဟိုဌာန(全国中央組織)』အဖွဲ့အစည်းဖြစ်ပါသည်။

အဖွဲ့ဝင် ၇သန်းခန့်ရှိပြီး၊အဖွဲ့ဝင်များအားလုံးသည်အလုပ်သမားအားလုံး၏အလုပ်အကိုင်နှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာကာကွယ်စောင့်ရှောက်မှုများကိုလုပ်ဆောင်လျက်ရှိသည်။အလုပ်နှင့်ပတ်သက်၍ပြဿနာတစ်စုံတစ်ရာရှိပါကဂျပန်တနိုင်ငံလုံးရှိမည့်သည့်နေရာတွင်မဆိုတိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ဖုန်းနံပါတ်:0120-154-052
Homepageတွင်လည်းကြည့်နိုင်ပါသည်။※နိုင်ငံခြားဘာသာဖြင့်ဆွေးနွေးနိုင်သောchat boxရှိပါသည်

အလုပ်သမားသမဂ္ဂတွင်ဂျပန်လူမျိုးအလုပ်သမားများသာမက၊လတ်တလောတိုးများလာခဲ့သောနိုင်ငံခြားသားအလုပ်သမားများ၏အခက်ခဲဖြစ်နေသောအရာများကိုလည်းအလေးပေးလာသည့်အတွက်၊နိုင်ငံခြားသားအလုပ်သမားများကိုအဓိကထားပြီးအလုပ်သမားရေးရာဆွေးနွေးတိုင်ပင်နိုင်သည့်အထူးသီးသန့်ဖုန်းလိုင်းကိုအချိန်အကန့်အသတ်ဖြင့်ဖွင့်လှစ်လိုက်ပါတယ်

2022ခုနှစ် 6လပိုင်း 28ရက်~6လပိုင်း29ရက်နေ့အထိဒုတိယအကြိမ်အလုပ်သမားရေးရာဆွေးနွေးတိုင်ပင်နိုင်သည့်အထူးသီးသန့်ဖုန်းလိုင်းကိုကျင်းပခဲ့ပါတယ်။

လွယ်ကူသောဂျပန်ဘာသာ၊အင်္ဂလိပ်ဘာသာ၊ဗီယက်နမ်ဘာသာနှင့်မြန်မာဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးမှုများကိုလက်ခံဖြေကြားပေးခဲ့ပါတယ်။
Facebookနှင့်အီးမေးလ်မှတဆင့်တိုင်ပင်ဆွေးနွေးမှုများကိုလက်ခံရရှိခဲ့ပြီး၊တရားရေးနှင့်ဆိုင်ရာကိစ္စရပ်များကိုရှေ့နေနှင့်တိုင်ပင်ဆွေးနွေးပြီးခက်ခဲသောဥပဒေဝေါဟာရများကိုလွယ်ကူသောဂျပန်ဘာသာစကား(သို့)မိခင်ဘာသာစကားဖြင့်ဖြေကြားပေးခဲ့ပါတယ်။

ကျင်းပသော၂ရက်တာအတွင်းမြန်မာ၊ဗီယက်နမ်၊သီရိလင်္ကာနှင့်ဖိလစ်ပိုင်လူမျိုးများမှတိုင်ပင်ဆွေးနွေးမှု‌ပေါင်း၄၀ခန့်ကိုလက်ခံရရှိခဲ့ပါသည်။

ကျွန်တော်တို့ JLEFအဖွဲ့မှလည်းပါဝင်အားဖြည့်ခဲ့ခြင်း

အားဖြည့်ပေးခဲ့ကြသောမန်ဘာများနှင့်တကွအမှတ်တရဓါတ်ပုံ

Rengoတည်နေရာ၊အဆောက်အဦးအတွင်းအပြင်နှင့်စိတ်ရှည်လက်ရှည်ဖြေကြားပေးနေကြသောအဖွဲ့ဝင်များ၏ဗီဒီယိုဖိုင်ကြည့်ရှုလိုပါက⇒ဗီဒီယိုကြည့်ရန်

ကျွန်တော်တို့ JLEF supportမှလည်းဆက်လက်ပြီးနိုင်ငံခြားသားများအတွက်အထောက်အကူပြုသောအကြာင်းအရာများကိုဆက်လက်တင်ပေးမှာဖြစ်ပါတယ်။အကြံပေးလိုသည်များရှိပါကကျွန်တော်တို့ဝက်ဘက်ဆိုဒ်ရဲ့အကြံပေးစာတွင်စာများပေးပို့နိုင်ပါတယ်။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top