1st International Job Fair 2021 တွင် ပါဝင်ဆင်နွှဲခဲ့သောပုံရိပ်များ

2020 ခုနှစ် စက်တင်ဘာလတွင် Hamamatsucho/Takeshiba ဧရိယာရှိ၊” Tokyo Port City Takeshiba” အဆောက်အဦး၏၂ထပ်မှ၅ထပ်အထိဖြစ်သောHamamatsucho ပြတိုက်တွင်အဆိုပါပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပြီး၊ထိုပြတိုက်တွင်ကုန်သွယ်မှုနှီးနှောဖလှယ်ပွဲများ၊အခမ်းအနားများ၊ စာမေးပွဲများနှင့် ကွန်ဖရင့်များကိုကျင်းပပြုလုပ်လို့ရသောနေရာလည်းဖြစ်ပါသည်။

1st International Job Fair 2021ပထမဆုံးအကြိမ် နိုင်ငံတကာအလုပ်ကိုင်အခွင့်လမ်းနှီးနှောဖလှယ်ပွဲကိုTokyo Metropolitan Industry and Trade Center မှာ ကျင်းပခဲ့ပါသည်။

ကျွန်တော်တို့ရဲ့ပြပွဲရုံးခန်း‌လေးကတော့ ဝင်ပေါက်နှင့်ကပ်လျက်ဘယ်ဘက်ခြမ်းမှာပြုလုပ်ခွင့်ရခဲ့တဲ့အတွက် ပွဲထဲကိုစတင်ဝင်ရောက်လာတဲ့သူများအပြင်ပွဲမှထွက်ခွာမည့်သူများနှင့်စည်းကားလျက်ရှိခဲ့ပါတယ်။

ကျွန်တော်တို့ပြပွဲရုံးခန်းလေးမှာဆိုရင် JLEFဖောင်ဒေးရှင်း၏လှုပ်ရှားမှုများကိုမိတ်ဆက်ပေးသည့်အပြင်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသောနိုင်ငံခြားသားများနှင့်ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသောသူများအတွက်SNSမှတဆင့် မိခင်ဘာသာစကားဖြင့်သတင်းအချက်အလက်များကိုမျှဝေပေးနေသောပေ့ချ်များကိုမိတ်ဆက်ပေးခြင်းနှင့်လက်ကမ်းစာစောင်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။ထို့အပြင်မိခင်ဘာသာစကားဖြင့်တိုင်ပင်ဆွေးနွေးခြင်း၊အင်တာဗျူးဖြေခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။

ထို့အပြင် နိုင်ငံခြားသားများ၏နေထိုင်မှုကိုပံ့ပိုးပေးလျက်ရှိသောတိုင်ပင်ဆွေးနွေးကောင်တာ (FRESC)နှင့်လူဝင်မှုကြီးကြပ်ရေးဌာနမှဘာသာစကားမျိုးစုံဖြင့်ထုတ်ထားသော” နေထိုင်မှုနှင့် အလုပ်အကိုင် လမ်းညွှန်စာအုပ်များ” ကိုလည်းမိတ်ဆက်ပေးခဲ့ပါသည်။

နိုင်ငံခြားသားများနှင့်ဆက်နွယ်လျက်ရှိသောကုမ္ပဏီနှင့်အဖွဲ့အစည်းများအတွက်အပြန်အလှန်နားလည်မှုနှင့်အတူတကွယှဥ်တွဲရပ်တည်နိုင်မည့်လူ့အဖွဲ့အစည်းတစ်ရပ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက်ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ထိုJLEFဖောင်ဒေးရှင်းတွင်အသင်းဝင်အဖြစ်ပါဝင်ရန်ကမ်းလှမ်းခြင်း၊ထိုသို့ကမ်းလှမ်းရာတွင်ရည်ရွယ်ချက်တူညီသောကုမ္ပဏီ၊အဖွဲ့အစည်းများ၏သဘောတူထောက်ခံမှုများကိုအများအပြားလက်ခံရရှိခဲ့ပါသည်။

EXPAT EXPO TOKYO 2021 (ဂျပန်နိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားများအတွက် အထူးပြပွဲများ၊ ဆွေးနွေးပွဲများနှင့် ပွဲတော်များ) ကို ဒုတိယထပ်နှင့် တတိယထပ်တွင် တချိန်တည်းကျင်းပခဲ့သည့်အတွက်၊ကျွန်တော်တို့ဝန်ထမ်းများသည်လည်းဂျပန်နိုင်ငံအနှံ့အပြားရှိလည်ပတ်စရာနေရာနှင့်အချက်အလက်များကိုရယူခဲ့ခြင်း၊ဂျပန်ယဥ်ကျေးမှုပွဲတော်များတွင်လည်း ၂ရက်တာပါဝင်ဆင်နွှဲခဲ့ခြင်းအခွင့်အရေးများရရှိခဲ့ပါသည်။

ယခုတကြိမ်ရရှိခဲ့သောအချက်အလက်များကိုအခြေခံ၍ဂျပန်နိုင်ငံသို့လာရောက်မည့်နိုင်ငံခြားသားများအားအထောက်အကူပြုနိုင်မည့်အခန်းကဏ္ဍမှပါဝင်နိုင်ရန်မျှော်လင့်မိပြီး၊ပံ့ပိုးမှုများကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ပြပွဲရုံးခန်းလေးသို့ကြွရောက်ပေးခဲ့ကြသောသူငယ်ချင်းများ၊စစ်တမ်းလွှာများကိုဖြေကြားပေးခဲ့သောသူငယ်ချင်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

1st International Job Fair 2021ဗီဒီယိုကြည့်လိုသူများအတွက်

JLEF財団

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Scroll to top