12ကြိမ်မြောက်နီပေါပွဲတော်【2022】in Nakano Shikinomoriပန်းခြံတွင်ကျင်းပခြင်
အားလုံးပဲမင်္ဂလာပါ။ဒီတခေါက်နီပေါပွဲတော်ကိုဝင်ရောက်ဆင်နွှဲခဲ့တဲ့အကြောင်းလေးကိုပြောပြပါမယ်နော်။
ဒါနဲ့စကားမစပ်၊နီပေါရဲ့နိုင်ငံတော်အလံဟာကမ္ဘောပေါ်မှာတစ်ခုတည်းသောတြိဂံပုံစံအလံဖြစ်တယ်ဆိုတာသိပြီးပြီလား?
အလံပေါ်မှာပါတဲ့အနီရောင်သည်နီပေါ်နိုင်ငံရဲ့ကိုကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး၊နိုင်ငံသားရဲ့ရဲရင့်မှုကိုဖော်ပြပြီး၊အပြာရောင်ဘောင်အကွပ်သည်ငြိမ်းချမ်းခြင်းကိုကိုယ်စားပြုပါတယ်။တြိဂံ၂ခုမှာဟိမဝန္တာတောင်ရဲ့တောင်တန်းများကိုကိုယ်စားပြုပြီး၊အဓိကဘာသာကြီး၂ခုဖြစ်တဲ့ဟိန္ဒူဘာသာနှင့်ဗုဒ္ဓဘာသာကိုကိုယ်စားပြုပါတယ်။အလံထဲမှာရေးဆွဲထားတဲ့လနှင့်နေတို့သည်ဤနိုင်ငံကိုလနှင့်နေမင်းကဲ့သို့ဆက်လက်ဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒကိုကိုယ်စားပြုသည်ဟုဆိုကြပါသည်။
နိုင်ငံတိုင်းရဲ့အလံမှာသူ့ရည်ရွယ်ချက်နဲ့အဓိပ္ပါယ်ကိုယ်ဆီရှိပေမဲ့နီပေါနိုင်ငံရဲ့အလံဟာအဓိပ္ပါယ်နက်ရှိုင်းတယ်လို့ခံစားမိပါတယ်။
ဆက်လက်ပြီးနီပေါပွဲတော်လေးကိုမိတ်ဆက်ပေးပါမယ်။
၂၀၂၂ခုနှစ်၇လပိုင်း၃၀ရက်နဲ့၃၁ရက်မှာNakano Shikinomoriပန်းခြံမှာ ၃နှစ်တွင်းပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။
နီပေါနိုင်ငံရဲ့အနုပညာ၊ယဥ်ကျေးမှုနှင့်ရိုးရာဝတ်စုံများကဲ့သို့သောအစဥ်လာဓလေ့ထုံးတမ်းများကိုပိုမိုသိရှိစေရန်၊နီပေါဟင်းလျာများရောင်းချခြင်း၊သီချင်းများနှင့်ရိုးရာအကများအပြင်နီပေါဂီတတူရိယာဖြင့်တိုက်ရိုက်ဖျော်ဖြေမှုများကိုခန်းမတွင်ပြုလုပ်ခဲ့ကြပါသည်။
နေသာသောနွေရာသီဖြစ်သည့်အပြင်၊ပြင်ပအပူချိန်သည်တော်တော်မြင့်မားခဲ့သော်လည်းခန်းမထဲမှာတော့နီပေါနိုင်ငံရဲ့ရိုးရာဓလေ့များကိုပျော်မွေ့ချင်သောသူများ၏စိတ်အားထက်သန်မှုကိုအတိုင်းသားတွေ့မြင်နေရပါတယ်။
န်တော်တို့ JLEFအဖွဲ့မှလည်းပန်းခြံဝင်ပေါက်မှာမြေပုံများဝေခြင်းလမ်းညွှန်ပေးခြင်းများကိုပြုလုပ်ခဲ့ပါတယ်။
လာရောက်ကြသောဧည့်သည်တော်များသည်ကျွန်တော်တို့JLEFအဖွဲ့မှပံ့ပိုးကူညီမှုကိုသိရှိစေခြင်း၊ထို့အပြင်ကျွန်တော်တို့သည်လည်းနီပေါအကြောင်းနှင့်ပတ်သက်ပြီးပိုမိုသိရှိနိုင်ခြင်းဖြင့်တန်ဖိုးရှိသောအချိန်များကိုဖြတ်သန်းခွင့်ရခဲ့ပါတယ်။
ယခုလိုအခွင့်အရေးပေးခဲ့သောနီပေါသံရုံးနှင့်တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါသည်။