【SMILE PHOTO CONTEST】 ဆုရရှိသူများ

ဂျပန်မှာအလုပ်လုပ်ရင်း(သို့)ကျောင်းတက်ရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းနေတဲ့နိုင်ငံခြားသားများရဲ့ပြုံးပျော်နေသောဓါတ်ပုံများကိုမိတ်ဆက်ပေးချင်တဲ့အတွက်2022 ခုနှစ် 6လပိုင်း 27ရက်နေ့မှ 8လပိုင်း 10ရက်နေ့အထိ ဓါတ်ပုံများကိုစု‌ဆောင်းခဲ့ပါတယ်။

နိုင်ငံခြားသားနှင့်ဆက်စပ်မှုရှိသောလုပ်ငန်းရှင်အဖွဲ့အစည်းများနှင့်နိုင်ငံခြားသားများမှဓါတ်ပုံနှင့်အကြောင်းအရာများကိုအများအပြားပို့ပေးခဲ့ကြပါသည်။ပို့ပေးခဲ့သောအကြောင်းအရာများကိုဖတ်ရင်းအပျော်များကူးစပ်ပြီးကျွန်တော်တို့တွေလည်းအမှတ်မထင်ပြုံးမိခဲ့၍ရင်ထဲမှာနွေးနွေးထွေးထွေးခံစားခဲ့ရပါတယ်။

ဓါတ်ပုံပို့ပေးခဲ့သောသူများအားလုံးကိုဆုများပေးချင်သော်လည်း၊တခုချင်းစီသေသေချာချာစစ်ဆေးခဲ့သည်ရလဒ်အနေဖြင့်

အောက်ပါလက်ရာ၃ခုကို အကောင်းဆုံး【Episodeဆု】အဖြစ်သတ်မှတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတဝှမ်းမှလျှောက်လွှာများကိုပေးပို့ခဲ့သောတစ်ဦးတစ်ယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်ပါတယ်။


လက်ရှိဂျပန်တွင်နေထိုင်နေသောနိုင်ငံခြားသားများ၏အလှဆုံးပြုံးနေသောပုံများဖြစ်ပါတယ်


ဆုရရှိသူ:ひろにゃん さん
ကုမ္ပဏီနာမည်:全国人材支援事業協同組合 (長野県)
ခေါင်းစဥ်:ဂျပန်သို့ပြန်လည်ရောက်ရှိခြင်း၊
မျှော်လင့်ချက်ပျော်ရွှင်ခြင်းများနှင့်အတူကျွန်တော့်ရဲ့အမဲသားထမင်း

Episode

2022ခုနှစ်မေလ၊ 5နှစ်ခန့်ကြာပြီးအင်ဒိုးနီးရှားမှဂျပန်သို့တဖန်ပြန်လည်ရောက်ရှိခဲ့ခြင်း။2017ခုနှစ် 3လပိုင်းအထိ စိုက်ပျိုးရေးလုပ်ငန်းတွင်နည်းပညာဆိုင်ရာအလုပ်သင်သင်တန်းသားအဖြစ်3နှစ်တာအလုပ်ကြိုးစားခဲ့သော်ひろにゃんသည်ကိုရိုနာဗိုင်းရတ်စ်များကြောင့်ပြည်ဝင်ခွင့်ကိုစောင့်ဆိုင်းနေခဲ့ရပြီး၊နောက်ဆုံးမှာတော့အထူးကျွမ်းကျင်လုပ်သားဗီဇာဖြင့်ဂျပန်သို့ဝင်ရောက်နိုင်ခဲ့ပြီးနောက်တာဝန်ခံဖြစ်ခဲ့ဖူးသောကျွန်တော့်ဆီသို့ဆက်သွယ်လာခဲ့ပါတယ်။အင်ဒိုးနီးရှားတွင်ရှိနေစဥ်၅နှစ်တာအတွင်းLINEမှတဆင့်အဆက်သွယ်များပြုလုပ်ခဲ့သော်လည်း၊အပြင်မှာလူချင်းတွေ့ပြီးစကားပြောရဖို့၅နှစ်တာကြာခဲ့ပါတယ်။စကားတွေလည်းအများကြီးပြောခဲ့ပြီးသူ့အကြိုက်ဖြစ်ခဲ့တဲ့အင်ဒိုနီးရှားစတိုင်ငရုတ်သီးအများကြီးထည့်ပြီးအမဲသားထမင်းကိုစားရင်းနဲ့စကားတွေအများကြီးပြောခဲ့ပါတယ်။


အကဲဖြတ်ခြင်း

အလုပ်သင်ကို၃နှစ်သာကြိုးကြိုးစားစားလုပ်ခဲ့သောひろにゃんနှင့် သူ့ကိုပံ့ပိုးပေးခဲ့သောဝန်ထမ်း(ဆုရရှိသူ)ရဲ့ဆက်ဆံမှုဟာအရမ်းကိုကြည်နူးစရာပါပဲ။အလုပ်သင်သင်တန်းသားအဖြစ်ကြိုးကြိုးစားစားလုပ်ခဲ့တဲ့အတွက်ကြောင့်ပဲဝန်ထမ်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့တာပါ။နောက်တကြိမ်ဂျပန်နိုင်ငံမှာအလုပ်ဆက်လုပ်ဖို့အိမ်ကထွက်လာတဲ့သူ့ရဲ့စိတ်ဓါတ်ကိုအားပေးနေတဲ့ဝန်ထမ်းရဲ့နွေးထွေးတဲ့ခံစားချက်ကိုခံစားခဲ့ရပါတယ်။အမဲသားထမင်းကိုစိတ်ကြိုက်အဆာပလာထည့်ပြီးစားသောက်နေတဲ့သူရဲ့ပုံလေးကဂျပန်ကိုလွမ်းဆွတ်နေကြောင်းကိုပြသနေသလိုပါပဲ။အိမ်ထောင်ရေးမှာကောအလုပ်မှာပါအဆင်ပြေချောမွေ့ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။


ဆုရရှိသူ:Hà Thanh Tùng さん
ကုမ္ပဏီနာမည်FPT日本語学校(東京都)
ခေါင်းစဥ်:Miyagiစီရင်စုတွင်သစ်ပင်စိုက်ခြင်း၊
ကမ်းရိုးတန်းထိန်းသိမ်းရေးအတွက်ပံ့ပိုးကူညီခြင်း

Episode

ဂျပန်နိုင်ငံရဲ့ミレニアム ホープ ヒルズလို့ခေါ်တဲ့ပန်းခြံမှာကမ်းရိုးတန်းစိမ်းလန်းစိုပြေရေးအတွက်သစ်ပင်စိုက်ပျိုးခြင်း။ဂျပန်ရောက်တာ၄နှစ်တောင်ရှိတော့မယ်။သွေးလှူခြင်း၊အမှိုက်ကောက်ခြင်းနဲ့အိုးမဲ့အိမ်မဲ့များအားလှူဒါန်းခြင်းစတဲ့ဂျပန်ရဲ့စေတနာ့ဝန်ထမ်းလှုပ်ရှားမှုများမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီအထဲမှာမှ2022ခုနှစ်ဇွန်လမှာミレニアム ホープ ヒルズပန်းခြံတွင်စေတနာ့ဝန်ထမ်းအဖြစ်သစ်ပင်စိုက်ပျိုးခြင်းတွင်ပါဝင်ခဲ့ခြင်းကစိတ်ထဲမှာစွဲနေအောင်ကျန်ခဲ့ပြီးအံ့သြဖွယ်ကောင်းတဲ့အတွေ့ကြုံလည်းဖြစ်ခဲ့ပါတယ်။ ミレニアム ホープ ヒルズပန်းခြံသည်လွန်ခဲ့တဲ့၁၁နှစ်ခန့်ကဖြစ်သော2011ခုနှစ်11လပိုင်း3ရက်နေ့တွင်ဖြစ်ပွားခဲ့တဲ့Tohokuဆူနာမီကြောင့်ပျက်စီးသွားခဲ့တဲ့Miyagi စီရင်စုIwanumaမြို့ရဲ့ကမ်းရိုးတန်းမှ700 မီတာ အကွာတွင်ရှိပြီး 10 ကီလိုမီတာနီးပါး ကျယ်ဝန်းသော ပန်းခြံတစ်ခုဖြစ်သည်။ဒီပန်းခြံထဲမှာအပင်ပေါင်း ၃၃၃ပင်စိုက်ပျိုးခဲ့ပါတယ်။ဂျပန်နိုင်ငံမှာဗီယက်နမ်လူမျိုးတွေကသစ်ပင်သေးသေးလေးတွေစိုက်ပျိုးနေတာကိုတွေ့ပြီးဂုဏ်ယူဝမ်းမြောက်မိသလိုထူးထူးခြားခြားခံစားမိပါတယ်။သစ်ပင်လေးတွေမြန်မြန်ကြီးထွားလာပြီး၊ဂျပန်နိုင်ငံရှိသဘာဝဘေးအန္တရာယ်များမှပျက်စီးဆုံးရှုံးမှုများကိုကာကွယ်ပေးရန်ဆိုတဲ့တာဝန်ကိုထမ်းဆောင်နိုင်ဖို့မျှော်လင့်မိပါတယ်။


အကဲဖြတ်ခြင်း

စေတနာ့ဝန်ထမ်းတွေမှုတက်ကြွလှုပ်ရှားစွာပါဝင်ရုံတင်မကလှုပ်ရှားမှုတိုင်းမှာလည်းပျော်မွေ့နေကြောင်းကိုမြင်တွေ့ရပါတယ်။ဂျပန်ဘာသာစကားသင်တန်းကျောင်းမှာဝန်ထမ်းတယောက်အနေနဲ့အလုပ်လုပ်ရင်းစေတနာ့ဝန်ထမ်းအလုပ်တွေအများကြီးလုပ်နိုင်တာကိုအံ့သြခဲ့ရပါတယ်။အရှေ့ဘက်ဂျပန်ငလျင်ဒဏ်ကြောင့်ပြင်းထန်စွာပျက်စီးခဲ့ရသောနေရာဖြစ်သည့်ပန်းခြံတွင်သစ်ပင်စိုက်ပျိုးမည်ဟုစဥ်းစားပြီးပြုလုပ်ခဲ့သည့်အတွက်အရမ်းကိုအထင်ကြီးလေးစားခဲ့ရပါတယ်။ဂျပန်နိုင်ငံအပေါ်ထားတဲ့ကြင်နာတဲ့စိတ်ထားလေးဟာကျွန်တော်တို့နှလုံးသားတွေကိုပါနွေးထွေးစေခဲ့ပါတယ်။သစ်ပင်တွေအများကြီးစိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။မြန်မြန်ကြီးထွားပြီးစိမ်းလန်းစိုပြေတဲ့ပန်းခြံလေးဖြစ်လာမယ်လို့မျှော်လင့်မိပါတယ်။


ဆုရရှိသူ:Phyo Thandar Aung さん
ကုမ္ပဏီနာမည်:株式会社プロローグ
ခေါင်းစဥ်:Merry Christmas

Episode

အေးမြတဲ့ဆောင်းတွင်းရဲ့ ခရစ်စမတ်ပွဲတော်လေးကိုချိဘခရိုင်ကသက်ကြီးစောင့်ရှောက်ရေးဘိုးဘွားရိပ်သာလေးမှာကျင်းပခဲ့စဥ်ကပေါ့။ အမှတ်တရတွေထဲကမှ အမှတ်တရလေးတခု။ မှတ်မှတ်ရရ ဂျပန်၊မြန်မာနှင့်ဗီယက်နမ် လူမျိုး၃စုပါဝင်ထားတဲ့ အပြုံးပန်းပွင့်ခဲ့တဲ့နေ့လေးဆိုလဲမမှားပါဘူး။ အများကိုပျော်စေချင်လို့ မြန်မာသီချင်းဖြေသိမ့်လိုက်ကို ဂျပန်သီချင်းဖြစ်တဲ့ Kanpaiရဲ့တီးလုံးလေးနဲ့သီဆိုခဲ့သေးတဲ့နေ့လေးလဲဖြစ်ပါတယ်။ ဒီပုံလေးကိုကြည့်တိုင်းအဲ့နေ့ရဲ့ပျော်စရာအပြုံးပန်းလေးတွေကို အမြဲသတိရနေရမှာဧကန်မလွဲပေ။


အကဲဖြတ်ခြင်း

အားလုံးရဲ့အပြုံးတွေကနေတဆင့်နိုင်ငံသား၊အသက်ရွယ်အပိုင်းခြားမရှိပဲကောင်းမွန်တဲ့အချိန်လေးကိုတူတူပိုင်ဆိုင်နိုင်တယ်ဆိုတာကိုနားလည်လိုက်ရပါတယ်။ခရစ်စမတ်ပါတီဆိုတဲ့ထူးခြားတဲ့အချိန်လေးမှာပါဝင်ဆင်နွှဲခဲ့ကြသူတိုင်းပျော်ရွှင်နေကြတယ်ဆိုတာကိုလည်းခံစားမိပါတယ်။「乾杯」ဆိုတဲ့သီချင်းလေးနဲ့အတူတိုးတိုးလေးလိုက်ဆိုနေတဲ့ပုံရိပ်လေးကိုစိတ်ကူးကြည့်ပြီးအမှတ်မထင်ပြုံးလိုက်မိပါတယ်။သူနာပြုစောင့်ရှောက်မှုနယ်ပယ်မှာလူသားအရင်းမြစ်မလုံလောက်မှုအတွက်ဖြည့်ဆည်းပေးနေတဲ့နိုင်ငံခြားသားဝန်ထမ်းအားလုံးအဆင်ပြေချောမွေ့စေဖို့မျှော်လင့်မိပါတယ်။


ဆုရရှိသူ သုံးဦးအား ယန်း 10,000နှင့်တန်ဖိုးညီမျှသောအမှတ်တရလက်ဆောင်ကိုပေးအပ်သွားမှာဖြစ်ပါတယ်။ထို့အပြင်ဆုရရှိသူများ၏ဆန္ဒအပေါ်မူတည်ပြီးအင်တာဗျူးပြုလုပ်ခြင်းသို့မဟုတ်လုပ်ငန်းရှင်အဖွဲ့အစည်းများကိုမိတ်ဆက်ပေးသည့်သတင်းများကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဆုရရှိသူများကိုတော့သီးသန့်ဆက်သွယ်မှာဖြစ်ကြောင်းအသိပေးအပ်လိုက်ပါတယ်။

ဆုရရှိသုံးဦးနှင့်အတူယခုအခေါက်တွင်ဆုမရရှိခဲ့သောသူများအားဓါတ်ပုံများကိုပို့ပေးခဲ့သည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်။
‌နောက်လည်းEventလေးတွေဆက်လက်ကျင်းပနိုင်ရန်ကြိုးစားသွားမှာဖြစ်လို့ဆက်လက်အား‌ပေးကြပါအုံးရှင့်။

Scroll to top